• Follow Us on
Latest News

Home မႏၲေလးၿမိဳ႕တြင္ အႏွိပ္သမ ၁၂ ဦး၊ လာေရာက္အႏွိပ္ခံသူ ၆ ဦး၊ ဆိုင္ရွိအမ်ဳိးသား ၃ ဦး စုစုေပါင္း ၂၁ ဦး သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒျဖင့္ ဖမ္းဆီးခံရ

မႏၲေလးၿမိဳ႕တြင္ အႏွိပ္သမ ၁၂ ဦး၊ လာေရာက္အႏွိပ္ခံသူ ၆ ဦး၊ ဆိုင္ရွိအမ်ဳိးသား ၃ ဦး စုစုေပါင္း ၂၁ ဦး သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒျဖင့္ ဖမ္းဆီးခံရ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၂
မႏၲေလးၿမိဳ႕တြင္ အႏွိပ္သမ ၁၂ ဦး၊ လာေရာက္အႏွိပ္ခံသူ ၆ ဦး၊ ဆိုင္ရွိအမ်ဳိးသား ၃ ဦး စုစုေပါင္း ၂၁ ဦး သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒျဖင့္ ဖမ္းဆီးအေရးယူခဲ့ေၾကာင္း မႏၲေလးရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
မႏၲေလးတိုင္းေဒသႀကီး၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ည)ရပ္ကြက္၊ ၆၃ လမ္းႏွင့္ ကေနာင္မင္းသားႀကီးလမ္း ေထာင့္ရွိ ေမာင္စိုး ၄၆ ႏွစ္၏ေနအိမ္တြင္ တရားမ၀င္အႏွိပ္ခန္းျပဳလုပ္ေနေၾကာင္း သတင္းအရ ေအာက္တို ဘာ ၂၇ ရက္ေန႔ ည ၁၀ နာရီအခ်ိန္တြင္ တိုင္းမႈကူဌာနစုမွ တပ္ဖြဲ႕၀င္မ်ား၊ စက္မႈနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ ၀င္မ်ားပါ၀င္သည့္ ပူးေပါင္းအဖြဲ႕တို႔မွ ၀င္ေရာက္ရွာေဖြရာ မန္ေနဂ်ာ ေမာင္စိုးအပါအ၀င္ ဆိုင္ရွိ၀န္ထမ္း မ်ားႏွင့္ လာေရာက္အႏွိပ္ခံသူ စုစုေပါင္း ၂၁ ဦး၊ အႏွိပ္ခန္းျပဳလုပ္ရာတြင္ အသံုးျပဳသည့္ပစၥည္းမ်ား၊ HUAWEI ဖုန္းတစ္လံုး၊ ျမန္မာေငြစကၠဴ ေရာရာ ၆၇၅၀၀ က်ပ္တို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ျခင္း ျဖစ္သည္။
၎တို႔အား စက္မႈနယ္ေျမရဲစခန္းမွ (ပ)၄၂၂/၂၀၂၀၊ သဘာ၀ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ ၂၅ အရ အမႈဖြင့္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း ေဖာ္ျပပါရွိသည္။
Photo – Mandalay police
#PeopleMedia
(unicode)
မန္တလေးမြို့တွင် အနှိပ်သမ ၁၂ ဦး၊ လာရောက်အနှိပ်ခံသူ ၆ ဦး၊ ဆိုင်ရှိအမျိုးသား ၃ ဦး စုစုပေါင်း ၂၁ ဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ဖမ်းဆီးခံရ
…………………………………………………………..
ရန်ကုန်၊ ဒီဇင်ဘာ ၂
မန္တလေးမြို့တွင် အနှိပ်သမ ၁၂ ဦး၊ လာရောက်အနှိပ်ခံသူ ၆ ဦး၊ ဆိုင်ရှိအမျိုးသား ၃ ဦး စုစုပေါင်း ၂၁ ဦး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း မန္တလေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ၆၃ လမ်းနှင့် ကနောင်မင်းသားကြီးလမ်း ထောင့်ရှိ မောင်စိုး ၄၆ နှစ်၏နေအိမ်တွင် တရားမဝင်အနှိပ်ခန်းပြုလုပ်နေကြောင်း သတင်းအရ အောက်တို ဘာ ၂၇ ရက်နေ့ ည ၁၀ နာရီအချိန်တွင် တိုင်းမှုကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ဝင်ရောက်ရှာဖွေရာ မန်နေဂျာ မောင်စိုးအပါအဝင် ဆိုင်ရှိဝန်ထမ်း များနှင့် လာရောက်အနှိပ်ခံသူ စုစုပေါင်း ၂၁ ဦး၊ အနှိပ်ခန်းပြုလုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ HUAWEI ဖုန်းတစ်လုံး၊ မြန်မာငွေစက္ကူ ရောရာ ၆၇၅၀၀ ကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အား စက်မှုနယ်မြေရဲစခန်းမှ (ပ)၄၂၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။
Photo – Mandalay police

Share this post