• Follow Us on

Home နစကကောင်စီနှင့် ပူးပေါင်းလျှင် အကျိုးမရှိကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာ ပြောဆို

နစကကောင်စီနှင့် ပူးပေါင်းလျှင် အကျိုးမရှိကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာ ပြောဆို

Share this post

နေပြည်တော်၊ သြဂုတ် ၂၃ (People Media)

 

နစကကောင်စီနှင့် ပူးပေါင်းပါက အကျိုးမရှိနိုင်ကြောင်း မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာက ၇၄ ကြိမ်မြောက် မွန်တော်လှန်ရေးအထိမ်းအမှတ်နေ့မှာ ပြောဆိုလိုက်ပါတယ်။

 

နစကကောင်စီနှင့် ပူးပေါင်းပါက အကျိုးမရှိသည့်အတွက် လူငယ်များအနေနဲ့ NUG အစိုးရကို အားပေးဖို့ လိုကြောင်း ၇၄ ကြိမ်မြောက် မွန်တော်လှန်ရေးအထိမ်းအမှတ် နှိုးဆော်လိုက်တာလည်းဖြစ်တယ်။

 

“ဗမာလူထုတွေ တပ်မတော်ကို ဆန့်ကျင်လာတာကို အခွင့်ကောင်းယူပြီး ရသမျှအားကို စုစည်းကာ တိုက်ပွဲ ဝင်သွားဖို့လိုတယ်။ NUG ကို အားပေးဖို့လိုတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းတာ အကျိုးမရှိဘူး” ဟု မွန်ပြည် သစ်ပါတီ (NMSP) ဥက္ကဋ္ဌ နိုင်ဟံသာက နှိုးဆော်စကားပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

 

မွန်တော်လှန်ရေးနေ့သည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၈ လအကြာတွင် စတင်ခဲ့ခြင်းဖြစ်ပါ တယ်။

 

မွန်ပြည်သစ်ပါတီ (NMSP) သည် တစ်နိုင်ငံလုံး အဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်းဖြစ်ပါတယ်။

 

#PeopleMedia #NMSP #နိုင်ဟံသာ

 

(unicode)


……………………………………………………………….

 


 


 


 


 


 


 



Share this post