• Follow Us on

Home နည္းပညာႏွင့္ ဘ႑ာေရးအခက္အခဲေၾကာင့္ ၅ စီးေျမာက္ ေလယာဥ္တင္ သေဘၤာတည္ေဆာက္မႈ တ႐ုတ္ရပ္ဆိုင္း

နည္းပညာႏွင့္ ဘ႑ာေရးအခက္အခဲေၾကာင့္ ၅ စီးေျမာက္ ေလယာဥ္တင္ သေဘၤာတည္ေဆာက္မႈ တ႐ုတ္ရပ္ဆိုင္း

Share this post

တရုတ္စစ္တပ္ဟာ ၄ စီးေျမာက္ ေလယာဥ္တင္သေဘၤာအထိ ဆက္လက္တည္ေဆာက္ေနၿပီး ၅ စီးေျမာက္ ႏ်ဴကလီးယားစြမ္းအင္သံုး ေလယာဥ္တင္သေဘၤာတည္ေဆာက္မႈကိုေတာ့ ရပ္ဆိုင္းသြားမွာျဖစ္တယ္လို႔ South China Morning Post က ေရးသားေဖာ္ျပခဲ့ပါတယ္။

နည္းပညာပိုင္းနဲ႔ ဘ႑ာေငြ အခက္အခဲမ်ားေၾကာင့္ ၅ စီးေျမာက္ေလယာဥ္တ င္သေဘၤာတည္ေဆာက္မယ့္ အစီအစဥ္ကို ရပ္ဆိုင္းျခင္းျဖစ္တယ္လို႔လည္း တ႐ုတ္စစ္တပ္ရဲ႕ အတြင္းသတင္းေတြအရသိရပါတယ္။

တရုတ္စစ္တပ္မွာ လက္ရွိတာ၀န္ထမ္းေဆာင္ေနတဲ့ ေလယာဥ္တင္သေဘၤာ ၁ စီးသာရွိေနၿပီး ဆိုဗီယက္ေခတ္ ေလယာဥ္တင္သေဘၤာကို ျပန္လည္ျပဳျပင္ထားတဲ့ The Liaoning ျဖစ္ပါတယ္။

ျပည္တြင္းမွာထုတ္လုပ္ထားတဲ့ Type001 ဟာ ပင္လယ္တြင္းစမ္းသပ္သြားလာမႈေတြျပဳလုပ္ေနၿပီး မၾကာခင္ တပ္ေတာ္၀င္ႏုိင္ေတာ့မွာပါ။

ေနာက္ထပ္ Type002 ေလယာဥ္တင္သေဘၤာတည္ေဆာက္မႈကို လြန္ခဲ့တဲ့ ၂ ႏွစ္က စတင္ခဲ့ၿပီး ဒုတိယေျမာက္ Type2 ေလယာဥ္တင္သေဘၤာကိုေတာ့ ၂၀၂၁ ခုႏွစ္မွာ စတင္တည္ေဆာက္သြားမွာျဖစ္ပါတယ္။

Ref; South China Morning Post

#PeopleMedia #International

(Unicode)
နည်းပညာနှင့် ဘဏ္ဍာရေးအခက်အခဲကြောင့် ၅ စီးမြောက် လေယာဉ်တင် သင်္ဘောတည်ဆောက်မှု တရုတ်ရပ်ဆိုင်း
…………………………………………………..

တရုတ်စစ်တပ်ဟာ ၄ စီးမြောက် လေယာဉ်တင်သင်္ဘောအထိ ဆက်လက်တည်ဆောက်နေပြီး ၅ စီးမြောက် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောတည်ဆောက်မှုကိုတော့ ရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ South China Morning Post က ရေးသားဖော်ပြခဲ့ပါတယ်။

နည်းပညာပိုင်းနဲ့ ဘဏ္ဍာငွေ အခက်အခဲများကြောင့် ၅ စီးမြောက်လေယာဉ်တ င်သင်္ဘောတည်ဆောက်မယ့် အစီအစဉ်ကို ရပ်ဆိုင်းခြင်းဖြစ်တယ်လို့လည်း တရုတ်စစ်တပ်ရဲ့ အတွင်းသတင်းတွေအရသိရပါတယ်။

တရုတ်စစ်တပ်မှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လေယာဉ်တင်သင်္ဘော ၁ စီးသာရှိနေပြီး ဆိုဗီယက်ခေတ် လေယာဉ်တင်သင်္ဘောကို ပြန်လည်ပြုပြင်ထားတဲ့ The Liaoning ဖြစ်ပါတယ်။

ပြည်တွင်းမှာထုတ်လုပ်ထားတဲ့ Type001 ဟာ ပင်လယ်တွင်းစမ်းသပ်သွားလာမှုတွေပြုလုပ်နေပြီး မကြာခင် တပ်တော်ဝင်နိုင်တော့မှာပါ။

နောက်ထပ် Type002 လေယာဉ်တင်သင်္ဘောတည်ဆောက်မှုကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်ခဲ့ပြီး ဒုတိယမြောက် Type2 လေယာဉ်တင်သင်္ဘောကိုတော့ ၂၀၂၁ ခုနှစ်မှာ စတင်တည်ဆောက်သွားမှာဖြစ်ပါတယ်။

Ref; South China Morning Post

#PeopleMedia #International


Share this post