• Follow Us on

Home နယ္စပ္တြင္တပ္ဖြဲ႔၀င္မ်ားလႈပ္႐ွားမႈေၾကာင့္ ျမန္မာသံအမတ္ႀကီးကို ဘဂၤလားေဒ့႐ွ္ဆင့္ေခၚၿပီး ကန္႔ကြက္ ေၾကာင္းေျပာ

နယ္စပ္တြင္တပ္ဖြဲ႔၀င္မ်ားလႈပ္႐ွားမႈေၾကာင့္ ျမန္မာသံအမတ္ႀကီးကို ဘဂၤလားေဒ့႐ွ္ဆင့္ေခၚၿပီး ကန္႔ကြက္ ေၾကာင္းေျပာ

Share this post

ဒါကာ၊ စက္တင္ဘာ ၁၄

ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနက တနဂၤေႏြေန႔တြင္ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဆိုင္ရာျမန္မာသံအမတ္ႀကီး ဦးေအာင္ေက်ာ္မိုးကို ဆင့္ေခၚၿပီး ျမန္မာ-ဘဂၤလားေဒ့႐ွ္နယ္စပ္ႏွင့္ အလြန္နီးကပ္ေသာေနရာတြင္ ျမန္မာ စစ္လႈပ္႐ွားမႈမ်ားျမင္သာထင္သာ႐ွိေနျခင္းအေပၚ ကန္႔ကြက္ေၾကာင္းေျပာသည္။

ျမန္မာသံအမတ္ႀကီးကို ျမန္မာႏိုင္ငံဆိုင္ရာဌာနၫႊန္ၾကားေရးမွဴးခ်ဳပ္ ဒယ္ဝါ ဟိုစိန္၏႐ံုးခန္းသို႔ ဆင့္ေခၚခဲ့ျခင္း ျဖစ္သည္။

ေသာၾကာေန႔မွစတင္၍ ႏိုင္ငံတကာေရပိုင္နက္ႏွင့္နီးသပ္ေသာေနရာတြင္ ျမန္မာတပ္မေတာ္၏ ဆြဲပိုက္ခ်သေ ဘၤာမ်ားေပၚမွလႈပ္႐ွားမႈမ်ားကို ဘဂၤလားေဒ့႐ွ္ဘက္ကေတြ႕ခဲ့ေၾကာင္း သတင္းရင္းျမစ္တစ္ေယာက္ကေ ျပာသည္။

ႏွစ္ႏိုင္ငံၾကားနားလည္မႈလြဲေခ်ာ္ျခင္းမ႐ွိေစေရးအတြက္ သံသယျဖစ္ဖြယ္လုပ္ရပ္မ်ားရပ္ဆိုင္းရန္ ျမန္မာဘက္ကို ဘဂၤလားေဒ့႐ွ္ဘက္ကေတာင္းဆိုခဲ့သည္။

ႏိုင္ငံတကာနယ္နိမိတ္တစ္ေလွ်ာက္ ထိုကဲ့သို႔စစ္လႈပ္႐ွားမႈမ်ားသည္ နယ္စပ္ ၂ ဖက္စလံုးတြင္ေနထိုင္ေသာ ဘဂၤၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)မ်ားကို အထိတ္တလန္႔ျဖစ္ေစလိမ့္မည္ဟုလည္း ဘဂၤလားေဒ့႐ွ္သတင္း ရင္းျမစ္မ်ားကေျပာသည္။

အေစာပိုင္းတုန္းကလည္း တပ္မေတာ္ႏွင့္ေအေအအဖြဲ႔တို႔ ရခိုင္ႏွင့္ခ်င္းျပည္နယ္တို႔တြင္ ထိေတြ႕မႈမ်ားျဖစ္ပြား ေနမႈကို ၿဗိတိန္ႏွင့္အေမရိကန္အပါအ၀င္ ႏိုင္ငံ ၉ ႏိုင္ငံက စိုးရိမ္ေၾကာင္းထုတ္ေျပာခဲ့သည္။

Ref : Bangladesh summons Myanmar ambassador over troop movement

#PeopleMedia

(unicode)
နယ်စပ်တွင်တပ်ဖွဲ့ဝင်များလှုပ်ရှားမှုကြောင့် မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ်ဆင့်ခေါ်ပြီး ကန့်ကွက် ကြောင်းပြော
………………………………………………

ဒါကာ၊ စက်တင်ဘာ ၁၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နှင့် အလွန်နီးကပ်သောနေရာတွင် မြန်မာ စစ်လှုပ်ရှားမှုများမြင်သာထင်သာရှိနေခြင်းအပေါ် ကန့်ကွက်ကြောင်းပြောသည်။

မြန်မာသံအမတ်ကြီးကို မြန်မာနိုင်ငံဆိုင်ရာဌာနညွှန်ကြားရေးမှူးချုပ် ဒယ်ဝါ ဟိုစိန်၏ရုံးခန်းသို့ ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။

သောကြာနေ့မှစတင်၍ နိုင်ငံတကာရေပိုင်နက်နှင့်နီးသပ်သောနေရာတွင် မြန်မာတပ်မတော်၏ ဆွဲပိုက်ချသ ေင်္ဘာများပေါ်မှလှုပ်ရှားမှုများကို ဘင်္ဂလားဒေ့ရှ်ဘက်ကတွေ့ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ယောက်က ေပြာသည်။

နှစ်နိုင်ငံကြားနားလည်မှုလွဲချော်ခြင်းမရှိစေရေးအတွက် သံသယဖြစ်ဖွယ်လုပ်ရပ်များရပ်ဆိုင်းရန် မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကတောင်းဆိုခဲ့သည်။

နိုင်ငံတကာနယ်နိမိတ်တစ်လျှောက် ထိုကဲ့သို့စစ်လှုပ်ရှားမှုများသည် နယ်စပ် ၂ ဖက်စလုံးတွင်နေထိုင်သော ဘင်္င်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)များကို အထိတ်တလန့်ဖြစ်စေလိမ့်မည်ဟုလည်း ဘင်္ဂလားဒေ့ရှ်သတင်း ရင်းမြစ်များကပြောသည်။

အစောပိုင်းတုန်းကလည်း တပ်မတော်နှင့်အေအေအဖွဲ့တို့ ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် ထိတွေ့မှုများဖြစ်ပွား နေမှုကို ဗြိတိန်နှင့်အမေရိကန်အပါအဝင် နိုင်ငံ ၉ နိုင်ငံက စိုးရိမ်ကြောင်းထုတ်ပြောခဲ့သည်။

Ref : Bangladesh summons Myanmar ambassador over troop movement

#PeopleMedia


Share this post