• Follow Us on

Home နယ်မြေအငြင်းပွားနေတဲ့နယ်စပ်မှာ တပ်ခွာနေဖို့ အိန္ဒိယနဲ့ တရုတ်စစ် တပ်တို့ သဘောတူ


Share this post

နယူးဒေလီ၊ ဇွန် ၂၃






#PeopleMedia

(unicode)
နယ်မြေအငြင်းပွားနေတဲ့နယ်စပ်မှာ တပ်ခွာနေဖို့ အိန္ဒိယနဲ့ တရုတ်စစ် တပ်တို့ သဘောတူ
……………………………………………………

နယူးဒေလီ၊ ဇွန် ၂၃

ပြီးခဲ့တဲ့တစ်ပတ်က နှစ်နိုင်ငံစစ်သားတွေထိတွေ့မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယတပ်ဖွဲ့ဝင်အနည်းဆုံးအယောက် ၂၀ သေဆုံးခဲ့တဲ့ ဖြစ်ရပ်နောက်ပိုင်း အိန္ဒိယနဲ့တရုတ်စစ်တပ်တွေရဲ့အရာရှိကြီးတွေက နယ်မြေအငြင်းပွားမှုရှိနေတဲ့နေရာကနေခွာနေမယ်လို့ သဘောတူခဲ့တယ်ဆိုပြီး ဒီနေ့မှာ အိန္ဒိယအစိုးရသတင်းရင်းမြစ်တွေကပြောပါတယ်။

ဟိမဝန္တာအနောက်ပိုင်းမှာရှိတဲ့လာဒါ့ဒေသမှာတင်းမာမှုတွေလျှော့ချဖို့ နှစ်ဖက်စစ်တပ်အရာရှိတွေ တနင်္လာနေ့က နာရီတော် တော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလိုသဘောတူနိုင်ခဲ့တာပါ။

လာဒါ့အရှေ့ပိုင်းကတင်းမာနေတဲ့နေရာတိုင်းမှာ ဆုတ်ခွာဖို့ပုံစံတွေကို ဆွေးနွေးခဲ့ပြီး နှစ်ဖက်စလုံးက လိုက်နာသွားမယ်လို့ အိန္ဒိယအစိုးရသတင်းရင်းမြစ်ကပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်က ထိတွေ့မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း တင်းမာနေတဲ့နေရာမှာ လူသေဆုံးမှုရှိခဲ့တဲ့ဖြစ်ရပ်ပါ။

Ref : Indian and Chinese military agree to disengage in disputed Himalayan border

#PeopleMedia


Share this post