• Follow Us on

Home ေကာင္းခါးျပည္သူ႔စစ္ေဒသ၌ ဖမ္းဆီးရမိခဲ့သည့္ က်ပ္ ၃ ဒႆမ ၃၈ ဘီလွ်ံတန္ဖိုးရွိ မူးယစ္ေဆးခ်က္လုပ္သည့္ပစၥည္းမ်ား ကြတ္ခိုင္ၿမိဳ႕၌ ဖ်က္ဆီး

ေကာင္းခါးျပည္သူ႔စစ္ေဒသ၌ ဖမ္းဆီးရမိခဲ့သည့္ က်ပ္ ၃ ဒႆမ ၃၈ ဘီလွ်ံတန္ဖိုးရွိ မူးယစ္ေဆးခ်က္လုပ္သည့္ပစၥည္းမ်ား ကြတ္ခိုင္ၿမိဳ႕၌ ဖ်က္ဆီး

Share this post

ရန္ကုန္၊ ဇြန္ ၂၃

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကြတ္ခိုင္ၿမိဳ႕နယ္အတြင္း မူးယစ္ေဆးဝါးမ်ားအနက္မွ ၃ ဒႆမ ၃၈ ဘီလွ်ံ တန္ဖိုးရွိမူးယစ္ေဆးခ်က္ ရာတြင္ အသုံးျပဳသည့္ပစၥည္းမ်ား ထိန္းခ်ဳပ္ဓါတုေဆးမ်ားကို ဇြန္လ ၂၃ ရက္ေန႔ နံနက္ပိုင္းက ကြတ္ခိုင္ၿမိဳ႕ အမႈိက္ပုံအနီးတြင္ ဖ်က္ဆီးခဲ့သည္ဟု ရဲတပ္ဖြဲ႕ထံကသိရသည္။

တပ္မေတာ္သည္ မူးယစ္ေဆးဝါးႏွင့္ပတ္သက္၍ ေကာင္ခါးျပည္သူ႔စစ္ထိန္းခ်ဳပ္ရာေဒသကို ဝင္ေရာက္ထိန္းခ်ဳပ္ စစ္ေဆးျခင္း မ်ား ျပဳလုပ္ခဲ့သည္။

အလားတူ မူးယစ္ေဆးဝါးႏွင့္ပတ္သက္သည့္ ေကာင္းခါးျပည္သူ့စစ္ေခါင္းေဆာင္မ်ားကို အေရးယူျခင္း၊ လက္နက္မ်ား ျပန္သိမ္းျခင္း ေဆာင္ရြက္ခဲ့သည္။ ထိုကဲ့သို႔ ဖမ္းမိမူးယစ္ေဆးမ်ားႏွင့္ဆက္စပ္သည့္ပစၥည္းမ်ားကို ယေန႔၌ ကြတ္ခိုင္ၿမိဳ႕ အမႈိက္ပုံအနီး၌ ဖ်က္ဆီးခဲ့ျခင္းျဖစ္သည္။

“ဖမ္းဆီးရမိခဲ့သည့္ ၂၀၂၀ ခုႏွစ္ ေဖေဖၚဝါရီလ၂၀ ရက္က ဧၿပီလ ၉ ရက္အတြင္း အမႈေပါင္း ၅၅ မႈဖမ္းမိခဲ့တဲ့ထဲက မူးယစ္ ေဆးခ်က္ထိန္းခ်ဳပ္ဓါတုေဆးဝါး ၄၇ မ်ိဳး ပါ၀င္ဆက္စပ္ပစၥည္းအမ်ိဳးေပါင္း ၅ဝ ေက်ာ္ကို ဒီေန႔ဖ်က္ဆီးတာပါ။ တန္ဖိုးက ၃ ဒႆမ ၃၈ ဘီလွ်ံျဖစ္တယ္”ဟု လားရႈိးၿမိဳ႕ ရွမ္းျပည္နယ္ဒုတိယရဲတပ္ဖြဲ႕မွဴးရဲမွဴးႀကီး ဗညားဦးကေျပာသည္။

၃၃ ႀကိမ္ေျမာက္ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆးဝါးအလြဲသုံးမႈႏွင့္ တရားမ၀င္ေရာင္းဝယ္မႈတားဆီးတိုက္ဖ်က္ေရးေန႔အထိမ္း အမွတ္အႀကိဳအျဖစ္ ဖ်က္ဆီးခဲ့တာျဖစ္ၿပီး မူးယစ္ေဆးဝါးမ်ားကို ဇြန္လ ၂၆ ရက္ေန႔တြင္ ေတာင္ႀကီးၿမိဳ႕တြင္ စုေပါင္းဖ်က္ဆီး မွာျဖစ္ေၾကာင္း ရဲမွဴးႀကီးဗညားဦးကေျပာသည္။

ရွမ္းျပည္နယ္အတြင္းဖမ္းဆီးရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားကို ႏွစ္စဥ္ႏွစ္တိုင္းအျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးတရားမ၀င္ ေရာင္း၀ယ္သယ္ေဆာင္မႈတားဆီးတိုက္ဖ်က္ေရးေန႔အခမ္းအနားမ်ားတြင္ မီးရႈိ႕ျခင္းဖ်က္ဆီးျခင္းမ်ား ျပဳလုပ္ခဲ့ရာ ၂၀၁၅ ခုႏွစ္တြင္ အေမရိကန္ေဒၚလာသန္းေပါင္း ၈၂ သန္း, ၂၀၁၇ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၃၁ သန္း၊ ၂၀၁၇ ခုႏွစ္တြင္ အေမရိကန္ ေဒၚလာသန္း ၁၄၃ သန္း၊ ၂၀၁၈ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၀၉ သန္းႏွင့္ ၂၀၁၉ ခုႏွစ္က အေမရိကန္ေဒၚလာသန္း ၁၅၀ ကို မီးရႈိ႕ျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္း ၎ကေျပာသည္။

#PeopleMedia

(unicode)
ကောင်းခါးပြည်သူ့စစ်ဒေသ၌ ဖမ်းဆီးရမိခဲ့သည့် ကျပ် ၃ ဒဿမ ၃၈ ဘီလျှံတန်ဖိုးရှိ မူးယစ်ဆေးချက်လုပ်သည့်ပစ္စည်းများ ကွတ်ခိုင်မြို့၌ ဖျက်ဆီး
……………………………………………………

ရန်ကုန်၊ ဇွန် ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများအနက်မှ ၃ ဒဿမ ၃၈ ဘီလျှံ တန်ဖိုးရှိမူးယစ်ဆေးချက် ရာတွင် အသုံးပြုသည့်ပစ္စည်းများ ထိန်းချုပ်ဓါတုဆေးများကို ဇွန်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့ အမှိုက်ပုံအနီးတွင် ဖျက်ဆီးခဲ့သည်ဟု ရဲတပ်ဖွဲ့ထံကသိရသည်။

တပ်မတော်သည် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကောင်ခါးပြည်သူ့စစ်ထိန်းချုပ်ရာဒေသကို ဝင်ရောက်ထိန်းချုပ် စစ်ဆေးခြင်း များ ပြုလုပ်ခဲ့သည်။

အလားတူ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကောင်းခါးပြည်သူ့စစ်ခေါင်းဆောင်များကို အရေးယူခြင်း၊ လက်နက်များ ပြန်သိမ်းခြင်း ဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ ဖမ်းမိမူးယစ်ဆေးများနှင့်ဆက်စပ်သည့်ပစ္စည်းများကို ယနေ့၌ ကွတ်ခိုင်မြို့ အမှိုက်ပုံအနီး၌ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

“ဖမ်းဆီးရမိခဲ့သည့် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလ၂၀ ရက်က ဧပြီလ ၉ ရက်အတွင်း အမှုပေါင်း ၅၅ မှုဖမ်းမိခဲ့တဲ့ထဲက မူးယစ် ဆေးချက်ထိန်းချုပ်ဓါတုဆေးဝါး ၄၇ မျိုး ပါဝင်ဆက်စပ်ပစ္စည်းအမျိုးပေါင်း ၅ဝ ကျော်ကို ဒီနေ့ဖျက်ဆီးတာပါ။ တန်ဖိုးက ၃ ဒဿမ ၃၈ ဘီလျှံဖြစ်တယ်”ဟု လားရှိုးမြို့ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရဲမှူးကြီး ဗညားဦးကပြောသည်။

၃၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတားဆီးတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အကြိုအဖြစ် ဖျက်ဆီးခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးများကို ဇွန်လ ၂၆ ရက်နေ့တွင် တောင်ကြီးမြို့တွင် စုပေါင်းဖျက်ဆီး မှာဖြစ်ကြောင်း ရဲမှူးကြီးဗညားဦးကပြောသည်။

ရှမ်းပြည်နယ်အတွင်းဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများကို နှစ်စဉ်နှစ်တိုင်းအပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတရားမဝင် ရောင်းဝယ်သယ်ဆောင်မှုတားဆီးတိုက်ဖျက်ရေးနေ့အခမ်းအနားများတွင် မီးရှို့ခြင်းဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၈၂ သန်း, ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၁ သန်း၊ ၂၀၁၇ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၁၄၃ သန်း၊ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၉ သန်းနှင့် ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာသန်း ၁၅၀ ကို မီးရှို့ခြင်းများပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။

#PeopleMedia


Share this post