• Follow Us on

Home နိုင်ဂျာနိုင်ငံအနောက်ပိုင်း ကျေးရွာနှစ်ရွာ တိုက်ခိုက်ခံရမှုတွင် လူ ၁၀၀ သေဆုံး

နိုင်ဂျာနိုင်ငံအနောက်ပိုင်း ကျေးရွာနှစ်ရွာ တိုက်ခိုက်ခံရမှုတွင် လူ ၁၀၀ သေဆုံး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၄ (People Media)

နိုင်ဂျာနိုင်ငံအနောက်ပိုင်းရှိ ကျေးရွာနှစ်ရွာ၌ ဇန်နဝါရီလ ၂ ရက်က တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရာ လူ ၁၀၀ ဦး သေဆုံးခဲ့ကြောင်း ဝန်ကြီးချုပ် ဘရီဂီရာဖီနီက ပြောကြားလိုက်သည်။

ယမန်နေ့က မာလီနိုင်ငံနှင့်ထိစပ်နေသည့် နယ်စပ်အနီး သွားရောက်လည်ပတ်စဉ် နိုင်ငံပိုင်ရုပ်သံမှတစ် ဆင့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သူအရေအတွက်ကို ရာဖီနီက ကြေညာခဲ့ခြင်းဖြစ်သည်။

နိုင်ဂျာအနောက်ပိုင်းရှိ ကျေးရွာနှစ်ရွာကို သံသယဖြစ်ဖွယ်ရာ အစ္စလာမ္မစ် စစ်သွေးကြွများက တစ်ပြိုင် နက်တည်း တိုက်ခိုက်ခဲ့ရာ အရပ်သား ၇၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း လုံခြုံရေး သတင်းရပ်ကွက်များက ဇန်နဝါရီလ ၂ ရက်တွင် ပြောကြားခဲ့သည်။

မာလီ၊ ဘာကီနာဖာဆိုနိုင်ငံတို့နှင့်ထိစပ်နေသည့် နယ်စပ်တစ်လျောက် အယ်လ်ခိုင်ဒါ၊ အိုင်အက်စ်အဖွဲ့တို့ နှင့် ဆက်စပ်မှုရှိသော စစ်သွေးများ၏တိုက်ခိုက်မှုကို နိုင်ဂျာနိုင်ငံက မကြာခဏ ကြုံတွေ့ခဲ့ရသည်။

ယခုဖြစ်ရပ်က အနောက်အာဖရိက ဆာဟဲဒေသရှိ လုံခြုံရေးအကျပ်အတည်းတစ်ခုဖြစ်ပြီး ဒေသတွင်းသို့ တပ်ဖွဲ့များ၊ အရင်းအမြစ်များ ဖြည့်တင်းခဲ့သည့် ပြင်သစ်ကဲ့သို့သော အနောက်မဟာမိတ်နိုင်ငံများကို ချောက်ချား စေခဲ့သည်။

ဆယ်စုနှစ်တစ်ခုကြာ အာဏာရယူထားသည့် သမ္မတ မိုဟာမာဒူအစ်ဆော်ဖူအား အစားထိုးမည့် ပထမအ ဆင့် ရွေးကောက်ပွဲရလဒ်များ ရွေးကောက်ပွဲကော်မရှင်က ကြေညာပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

အာဏာရပါတီမှ သမ္မတလောင်း မိုဟာမက်ဘာဇွမ်က တိုက်ခိုက်မှုအတွင်း သေဆုံးသူများအတွက် ဝမ်း နည်းမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကိုးကား – ရိုက်တာ

Ref; Niger village attacks killed 100, says prime minister

(unicode)
……………………………………………..










Ref; Niger village attacks killed 100, says prime minister


Share this post