• Follow Us on

Home နိုင်ငံသူနိုင်ငံသားများအားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝစွာရရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိ ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

နိုင်ငံသူနိုင်ငံသားများအားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝစွာရရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိ ကြောင်း န.စ.ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉ (People Media)

 

နိုင်ငံသူနိုင်ငံသားများအားလုံး စားနပ်ရိက္ခာနှင့် အာဟာရပြည့်ဝစွာရရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် မျိုးစေ့ပြပွဲ ၂၀၂၂ (Seed Fair 2022) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ တက်ရောက်ဖွင့် လှစ်ပြီး အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိရာမှာ နိုင်ငံရေးလုပ်ငန်းစဉ်အနေနဲ့ သာယာဝပြောမှုရှိစေဖို့ နိုင်ငံတော်မှာ စားရေရိက္ခာပေါ များပြီး နိုင်ငံသူနိုင်ငံသားတွေအားလုံး စားနပ်ရိက္ခာနဲ့ အာဟာရ ပြည့်ဝစွာရရှိစေဖို့ ဦးစားပေးဆောင်ရွက်လျက်ရှိ ပါတယ်၊ မိမိတို့နိုင်ငံမှာ လူဦးရေ ၅၅ သန်းခန့်ရှိပြီး ၇၀ ရာခိုင်နှုန်းခန့်ဟာ ကျေးလက်ဒေသမှာ နေထိုင်ကြတယ်၊ ၃၈ သန်းမျှသော နိုင်ငံသူ၊ နိုင်ငံသားတွေဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေနဲ့ အဓိကအသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်တယ်၊ နိုင်ငံရဲ့အဓိကဝင်ငွေရရှိဖို့အတွက်လည်း ဆောင်ရွက်နေကြသူတွေဖြစ်တယ်၊ မြေပေါ်မြေအောက်သယံဇာတပစ္စည်းတွေ ထုတ်ယူရာမှာ နည်းပညာကို အခြေခံပြီး လုပ်ဆောင်ကြတယ်၊ လက်ရှိမိမိတို့ နိုင်ငံရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေမှာ အများစုဟာ လုပ်အားကိုအခြေပြုပြီး ဆောင်ရွက်နေကြခြင်းဖြစ်တဲ့အတွက် လုပ်ဆောင်သည်နှင့်ညီမျှတဲ့ အကျိုးအမြတ်များ ရရှိဖို့ တာဝန်ရှိသူတွေက ဆောင်ရွက်ပေးကြရမှာဖြစ်တယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်အနေဖြင့် လယ်ယာကဏ္ဍနှင့်စပ်လျဉ်း၍ စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်စေရေးတို့အတွက် အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများအတွက် မျိုးကောင်းမျိုးသန့်များရရှိ စိုက်ပျိုး ထုတ်လုပ်နိုင်ရေးသည် လယ်ယာကဏ္ဍအတွက် အရေးကြီးဆုံးလုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဖြစ်ထွန်းအောင်မြင်လိုပါက မျိုး၊ မြေ၊ ရေ၊ နည်း စသည့် ၄ ချက်ကို အလေးထား ဆောင်ရွက်ရန် အမြဲတိုက်တွန်း ပြောကြားလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောသည်။

 

အဆိုပါလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် လယ်ယာထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာ စံချိန်စံညွှန်း များနှင့် ကိုက်ညီပြည့်စုံစွာ ရရှိစေရန်အတွက် သီးနှံတန်ဖိုး ကွင်းဆက်တစ်လျှောက်လုံးတွင် မျိုးစေ့စတင်ထုတ် လုပ်သည်မှ ဖြန့်ဖြူးခြင်းအပါအဝင် ထိန်းသိမ်းသိုလှောင်ခြင်း၊ ခေတ်မီနည်းပညာများဖြင့် တန်ဖိုးမြင့်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ စနစ်တကျထုပ်ပိုးပြီး ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းများအထိ အကျိုးရှိအောင် အကောင်အ ထည်ဖော် ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 

#PeopleMedia


Share this post