• Follow Us on

Home နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ မည်သည့် တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ် ကဲ့သို့ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်နေရန် လိုအပ်ကြောင်းန-စ-ကဥက္ကဋ္ဌပြောကြား

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ မည်သည့် တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ် ကဲ့သို့ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်နေရန် လိုအပ်ကြောင်းန-စ-ကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂ (People Media)

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ မည်သည့်
တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်
ကဲ့သို့ တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး အမြဲတမ်း တိုက်
ပွဲဝင်အသင့် (Fit for Fight, Ready for Fight) ဖြစ်နေရန်လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယမန်နေ့မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်း
စစ်ဌာနချုပ်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်
သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် အရာရှိ၊
စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများနှင့် တပ်မတော်၏ နိုင်ငံတော် ကာကွယ်ရေးတာဝန်ထမ်းဆောင်မှုနှင့် အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတို့ကို သိရှိနားလည်ရန်လိုအပ်မည်
ဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အဆင့်လိုက်လုပ်ဆောင်ရမည့်တာဝန်များကို မှန်မှန်ကန်ကန်လုပ်ဆောင်နေခြင်းသည် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံမှုကို ဖော်ပြနေခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်
သည် စတင်သန္ဓေတည် ပေါက်ဖွားလာကတည်းကပင် စည်းကမ်း ကောင်းမွန် ပြီး အမိန့်နာခံမှုကောင်းသည့် တပ်မတော်တစ်ရပ်ဖြစ်ပြီး စစ်စည်းကမ်းသည် တပ်မတော်၏ ကျောရိုးပင်ဖြစ်သည့်အတွက် တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

အုပ်ချုပ်ရေးတာဝန်ရှိသူများအနေဖြင့်လည်း ညီညွတ်မျှတပြီး ကျောသားရင်သားမခွဲခြားသည့် ခေါင်းဆောင်မှုရှိရမည်ဖြစ်
ကာ လက်အောက်ငယ်သားများ၏ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လိုအပ်သည်မှန်သမျှကို ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လက်အောက်ငယ်သားများကလည်း မိမိတို့၏ လိုအပ်ချက်များကို မှန်မှန်ကန်ကန် သတင်းပို့တင်ပြရမည် ဖြစ်ကာ တာဝန်ရှိသူအဆင့်ဆင့်မှလည်း မှန်ကန်မြန်ဆန်
စွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

#PeopleMedia #နစက

(unicode)

ကဲ့သို့ အမြဲတိုက်ပွဲဝင်အသင့်ဖြစ်နေရန် လိုအပ်ကြောင်းန-စ-ကဥက္ကဋ္ဌပြောကြား
………………………………………….