• Follow Us on

Home နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆေးအဆင့်နိမ့် အီးအေ(၁/၂) အရာ ရှိများကို အရပ်ဘက်တာဝန်များ ပြန်လည်ခန့်အပ်ရန် လူကယ်ပြန်ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဆွေးနွေးနေ

နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဆေးအဆင့်နိမ့် အီးအေ(၁/၂) အရာ ရှိများကို အရပ်ဘက်တာဝန်များ ပြန်လည်ခန့်အပ်ရန် လူကယ်ပြန်ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန ဆွေးနွေးနေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄ (People Media)

 

နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးအဆင့်နိမ့် အီးအေ (၁/၂) အရာရှိများကို နယ်ဘက်ဝန်ကြီးဌာန/ အဖွဲ့အစည်းများသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ညှိနှိုင်း ဆွေးနွေးနေကြောင်း သိရသည်။

 

အဆိုပါကဲ့သို့ တပ်မတော်သားများကို ပြန်လည်နေရာချထားရာတွင်လည်း အရာရှိများ၏ ဒဏ်ရာရရှိမှုအခြေ အနေ၊ ဆေးဆက်လက်ကုသရမည့်အခြေအနေ၊ ပညာအရည်အချင်း၊ ဇနီး၏ အလုပ်အကိုင်အခြေအနေများ ပေါ်တွင် မူတည်ကာ ကာယကံရှင်၏ သဘောဆန္ဒအလျောက် ပြန်လည်ခန့်ထားသွားမည်ဖြစ်ကြောင်း သိရသည်။

 

“အီးအေ(၁/၂) အရာရှိများ၏ ဒဏ်ရာရရှိမှုအခြေအနေ၊ ဆေးဆက်လက်ကုသရမည့်အခြေအနေ၊ ပညာအရည် အချင်း၊ ဇနီး၏ အလုပ်အကိုင်အခြေအနေများနှင့် ဆန္ဒပြုလျှောက်လွှာတွင်ပါရှိသည့် ဦးစားပေးဝန်ကြီးဌာနများ အလိုက် သင့်လျော်မှုရှိ/မရှိကို ဘုတ်အဖွဲ့က စိစစ်ရွေးချယ်ပြီးဆန္ဒပြုလျှောက်ထားသည့် ဝန်ကြီးဌာနများ၏ ရာထူးလစ်လပ်မှုအခြေအနေများပေါ်မူတည်ပြီး အကောင်းဆုံးနှင့် အသင့်လျော်ဆုံးဌာနများကို ကာယကံရှင်၏ ဆန္ဒနှင့်အညီ အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယခုတာဝန်ချထားပေးမည့် အရာထမ်းများမှလည်း မိမိတာဝန်ကျရာ ဝန်ကြီးဌာနများမှာ လုပ်ငန်းတာဝန်များကို အဆင်ပြေပြေနှင့် ကြိုးကြိုး စားစား ဆောင်ရွက်သွားစေလိုပါကြောင်း” လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်မှ ပြောကြားသည်။

 

တပ်မတော်မှ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဆေးအဆင့်နိမ့် အီးအေ(၁/၂) အရာရှိများအား နယ်ဘက်ဝန်ကြီးဌာန/ အဖွဲ့အစည်းများသို့ လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင် ရေး ဘုတ်အဖွဲ့အစည်းအဝေးကို စက်တင်ဘာ ၃ ရက်နေ့က  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းလည်း သိရသည်။

 

#PeopleMedia #လူကယ်ပြန် #ဒေါက်တာသက်သက်ခိုင်

 

(unicode)


………………………………………………………………………..

 


 


 


 


 


 



Share this post