• Follow Us on

Home နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်၏ ကထိန်အလှူတော်

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်၏ ကထိန်အလှူတော်

Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၁၁

မဟာသုဗောဓာရုံကျောင်းတိုက်များ၏ ဦးစီးပဓာန နာယက ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ မဟာနာယက ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ မထေရ်မြတ်ကြီး(သ.စ.အ ဓမ္မာစရိယ ပါဠိပါရဂူ) အား အမှူးထား၍ အလှူဒါယကာ နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန် + အလှူ ဒါယိကာမ ဒေါ်ခင်ခင်ဝင်းမိသားစုနှင့် အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

“စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာအခမ်းအနား” ကို ၁၁.၉.၂၀၁၉ ရက်နေ့ နံနက် (၉) နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဝဇိရာနန္ဒ ဓမ္မစင်တာကျောင်းတိုက်တွင် ကျင်းပရာ အလှူရှင် နိုင်ငံတော် သမ္မတ(ငြိမ်း) မိသားစု၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဒေါက်တာကျော်ကျော်ဌေးနှင့် ဦးသန်းထွန်း၊ ဗဟိုအတိုင်ပင်ခံဒေါ်ဝင်းမော်ထွန်း ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးသိန်းညွန့်၊ ဦးတင့်ဆင့်ဆန်းနှင့် စုပေါင်းအလှူဒါယကာ ဒါယိကာမများ တက်ရောက်သည်။

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန် မိသားစုက စတုပစ္စယ ငွေပဒေသာပင် ကျပ်သိန်း (၅၀၀)၊ ပညာနုဂ္ဂဟနှင့် ဆေးပဒေသာပင် ကျပ်သိန်း (၁၅၀) စုစုပေါင်း ကျပ်သိန်း (၆၅၀) နှင့် တန်ဖိုး ကျပ် ၁,၁၅၀,၀၀၀ ရှိ ပဒေသာပင် (၂) ပင်ကိုလည်းကောင်း၊ ရုံးအမှတ် (၄၄) နေပြည်တော်မှ လျှပ်စစ်မီး ငွေပဒေသာပင် ကျပ်သိန်း (၁၀၀) ကို လည်းကောင်း၊ ဦးကျော်ဦး + ဒေါ်သန်းသန်းဦး (မိဘမေတ္တာစတိုး) က ပညာနုဂ္ဂဟ ငွေပဒေသာပင် ကျပ်သိန်း (၁၀၀) နှင့် ဆူဇူကီးမော်တော်ယာဉ်တန်ဖိုး ကျပ်သိန်း(၁၀၀) ကိုလည်းကောင်း၊ အလှူရှင်အသီးသီးက ပေးပို့သော ကထိန်လျာပဒေသာပင်များနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ပါမောက္ခချုပ်ဆရာတော်က သာဓုအနုမောဒနာတရားချီးမြှင့်ပြီး ကုသိုလ်အစုစုအတွက် ရေစက်သွန်းချ အမျှ ဝေခဲ့ကြသည်။

Photo-ရွှေပြည်တော်သို့ဆုံမှတ်

(unicode)
နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်၏ ကထိန်အလှူတော်
…………………………………………………

Photo-ရွှေပြည်တော်သို့ ဆုံမှတ်

#PeopleMedia

Share this post