• Follow Us on

Home ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးတံတားတည်ဆောက်ရန် အသင့်ဖြစ်နေ


Share this post






(Unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးတံတားတည်ဆောက်ရန် အသင့်ဖြစ်နေ
…………………………………………………………………

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ နိုင်ငံရဲ့အကြီးဆုံးတံတားတစ်စင်းဖြစ်လာမယ့် ဘိုရစ်ရှန်မြို့နဲ့ ဘိုလာမြို့ကို ဆက်သွယ် ထားတဲ့ တံတားကိုတည်ဆောက်တော့မှာဖြစ်ပါတယ်။ ၄ ကီလိုမီတာရှည်တဲ့ အခုတံတားကို နှစ်အနည်းငယ် အတွင်း အပြီးသတ်တည်ဆောက်နိုင်ဖို့ စီမံကိန်းရေးဆွဲထားပြီးဖြစ်ပါတယ်။

အဆိုပါတံတားတည်ဆောက်မှုပြီးစီးသွားပါက စီးပွားရေးဇုန်တည်ဆောက်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင် ရောက်လာနိုင်တဲ့ အခွင့်အလမ်းတွေလည်းရှိနေပါတယ်။ တံတားတည်ဆောက်ရေးအတွက် ကွင်းဆင်းလေ့ လာမှုတွေကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ စတင်ခဲ့ပြီး အပြီးသတ်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။

တံတာားတည်ဆောက်ပြီးစီးရေးအတွက် ရန်ပုံငွေလိုအပ်ချက်ဟာ အဓိကအချက်ဖြစ်ပြီး တရုတ် ဒါမှမဟုတ် ဆော်ဒီအာရေဗျနိုင်ငံတို့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိနေပါတယ်။

Ref; Defence Research Forum- DefRes

#PeopleMedia #International


Share this post