• Follow Us on

Home နိုင္ငံေတာ္ေထာက္ပံ့ေငြက်ပ္ေလးေသာင္းမရရွိပါက လူကယ္ျပန္ဝန္ႀကီးထံတိုင္ၾကားနိုင္သည္ဆိုျခင္းမွာ မဟုတ္မွန္ဟု ေဒါက္တာဝင္းျမတ္ေအးေျပာ

နိုင္ငံေတာ္ေထာက္ပံ့ေငြက်ပ္ေလးေသာင္းမရရွိပါက လူကယ္ျပန္ဝန္ႀကီးထံတိုင္ၾကားနိုင္သည္ဆိုျခင္းမွာ မဟုတ္မွန္ဟု ေဒါက္တာဝင္းျမတ္ေအးေျပာ

Share this post

ရန္ကုန္၊ နို၀င္ဘာ ၁၆
 
နိုင္ငံေတာ္မွ ေထာက္ပံ့ေငြက်ပ္ေလးေသာင္းမရရွိပါက လူကယ္ျပန္ဝန္ႀကီးထံတိုင္ၾကားနိုင္သည္ဆိုျခင္းမွာ မဟုတ္ေၾကာင္း လူမူဝန္ထမ္းကယ္ဆယ္ေရးႏွင့္ ေနရာခ်ထားေရးဝန္ႀကီးဌာနျပည္ေထာင္စုဝန္ႀကီးေဒါက္တာ ဝင္းျမတ္ေအးကေျပာသည္။
 
လူကယ္ျပန္ဝန္ႀကီးဌာနမွာ ထိခိုက္လြယ္အုပ္စုမ်ားျဖစ္သည့္ မသန္စြမ္းမ်ား၊ ကိုယ္ဝန္ေဆာင္မ်ား၊ သက္ႀကီး ရြယ္အိုမ်ားအတြက္ ပုံမွန္ႏွင့္ ကိုဗစ္ကာလ လူမူကာကြယ္ေစာင့္ေရွာက္ေရး ေထာက္ပံ့မူမ်ားအတြက္သာ သက္ဆိုင္ၿပီး အေျခခံလူတန္းစားမ်ားေထာက္ပံ့ေငြမရရွိပါက တိုင္ၾကားနိုင္သည္ဆိုျခင္းမွာနားလည္မူလြဲမွား ျခင္းသာျဖစ္သည္ဟု ေဒါက္တာဝင္းျမတ္ေအး၏ လူမူကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္။
 
ယခုသာမန္လက္လုပ္လက္စားမ်ားကို COVID ကာလေထာက္ပံ့မႈမ်ားသည္ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကစီစဥ္ေဆာင္ရြက္ျခင္းျဖစ္ပါတယ္၊ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီၿပီးက်န္ေနသူမ်ားရွိပါက ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးတာဝန္ရွိသူမ်ားထံေျပာၾကားပါ၊ အဆင္မ ေျပမႈမ်ားအတြက္ သက္ဆိုင္ရာတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနကိုတိုင္ၾကားပါ၊ ညႇိႏိႈင္းအသိေပးေျပာၾကားထားတယ္လို႔ ထပ္မံသိရွိရပါတယ္၊ စိစစ္ေဆာင္ရြက္ေပးလ်က္ရွိပါတယ္ဟု ေဒါက္တာ ဝင္းျမတ္ေအးက ျပန္လည္ရွင္းလင္းေရးသားထားသည္။
 
နိုင္ငံေတာ္မွ လက္လုပ္လက္စားအေျခခံလူတန္းစားမ်ားအတြက္ စတုတၱအႀကိမ္ေျမာက္ ေထာက္ပံ့မူအျဖစ္ တစ္ အိမ္ေထာင္လွ်င္ က်ပ္ေလးေသာင္းစီအား နိုဝင္ဘာ ၁၁ ရက္မွစ၍ ခြင့္ျပဳထုတ္ေပးေနျခင္းျဖစ္သည္။
 
ထိုသို႔ ေထာက္ပံ့ရာတြင္ ယခင္ေထာက္ပံ့ေငြရရွိသူမ်ားသာ ဆက္လက္ခံစားခြင့္ရရွိၿပီး အိမ္ေထာင္စုအားလုံးမရရွိ သည့္ ျဖစ္ရပ္ႏွင့္ပတ္သက္၍ ေဝဖန္မူမ်ားျမင့္တက္ေနသည္။
 
ေထာက္ပံ့ေငြမရရွိသည့္ ကိစၥႏွင့္ပတ္သက္၍ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးအခ်ိဳ႕ေရွ႕တြင္ လူစုလူေဝးျဖင့္ေတာင္း ဆို မူမ်ားလည္း ဆက္တိုက္ျဖစ္ေပၚလၽွက္ရွိသည္။
 
#PeopleMedia#ေထာက္ပံံ့ေၾကး
 
(unicode)
နိုင်ငံတော်ထောက်ပံ့ငွေကျပ်လေးသောင်းမရရှိပါက လူကယ်ပြန်ဝန်ကြီးထံတိုင်ကြားနိုင်သည်ဆိုခြင်းမှာ မဟုတ်မှန်ဟု ဒေါက်တာဝင်းမြတ်အေးပြော
……………………………………………………………..
 
ရန်ကုန်၊ နိုဝင်ဘာ ၁၆
 
နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ်လေးသောင်းမရရှိပါက လူကယ်ပြန်ဝန်ကြီးထံတိုင်ကြားနိုင်သည်ဆိုခြင်းမှာ မဟုတ်ကြောင်း လူမူဝန်ထမ်းကယ်ဆယ်ရေးနှင့် နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးကပြောသည်။
 
လူကယ်ပြန်ဝန်ကြီးဌာနမှာ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် မသန်စွမ်းများ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီး ရွယ်အိုများအတွက် ပုံမှန်နှင့် ကိုဗစ်ကာလ လူမူကာကွယ်စောင့်ရှောက်ရေး ထောက်ပံ့မူများအတွက်သာ သက်ဆိုင်ပြီး အခြေခံလူတန်းစားများထောက်ပံ့ငွေမရရှိပါက တိုင်ကြားနိုင်သည်ဆိုခြင်းမှာနားလည်မူလွဲမှား ခြင်းသာဖြစ်သည်ဟု ဒေါက်တာဝင်းမြတ်အေး၏ လူမူကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
 
ယခုသာမန်လက်လုပ်လက်စားများကို COVID ကာလထောက်ပံ့မှုများသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီးကျန်နေသူများရှိပါက ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများထံပြောကြားပါ၊ အဆင်မ ပြေမှုများအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုတိုင်ကြားပါ၊ ညှိနှိုင်းအသိပေးပြောကြားထားတယ်လို့ ထပ်မံသိရှိရပါတယ်၊ စိစစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ဟု ဒေါက်တာ ဝင်းမြတ်အေးက ပြန်လည်ရှင်းလင်းရေးသားထားသည်။
 
နိုင်ငံတော်မှ လက်လုပ်လက်စားအခြေခံလူတန်းစားများအတွက် စတုတ္တအကြိမ်မြောက် ထောက်ပံ့မူအဖြစ် တစ် အိမ်ထောင်လျှင် ကျပ်လေးသောင်းစီအား နိုဝင်ဘာ ၁၁ ရက်မှစ၍ ခွင့်ပြုထုတ်ပေးနေခြင်းဖြစ်သည်။
 
ထိုသို့ ထောက်ပံ့ရာတွင် ယခင်ထောက်ပံ့ငွေရရှိသူများသာ ဆက်လက်ခံစားခွင့်ရရှိပြီး အိမ်ထောင်စုအားလုံးမရရှိ သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ဝေဖန်မူများမြင့်တက်နေသည်။
 
ထောက်ပံ့ငွေမရရှိသည့် ကိစ္စနှင့်ပတ်သက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့ရှေ့တွင် လူစုလူဝေးဖြင့်တောင်း ဆို မူများလည်း ဆက်တိုက်ဖြစ်ပေါ်လျှက်ရှိသည်။
 
#PeopleMedia#ထောက်ပံံ့ကြေး

Share this post