• Follow Us on

Home နိုင်ငံ့ဝန်ထမ်းလိုအပ်ချက်များကိုဖြစ်နိုင်သည့်နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

နိုင်ငံ့ဝန်ထမ်းလိုအပ်ချက်များကိုဖြစ်နိုင်သည့်နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း န-စ-ကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၉ (People Media)

 

နိုင်ငံ့ဝန်ထမ်းလိုအပ်ချက်များကို ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့ မွန်းလွဲ ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများအား မြို့ တော်ခန်းမ၌ တွေ့ဆုံစဉ် ပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အလုပ်အကိုင်အခွင့်အလမ်းနှင့်ပတ်သက်၍ အစိုးရတစ်ရပ်၏ စွမ်းဆောင်ရည် ကောင်းမွန်ခြင်းသည် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများရှိခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် ခန့်အပ်ထားသည့်ဝန်ထမ်းများအနေဖြင့် အရည်အချင်းများပြည့်ဝရမည်ဖြစ်သဖြင့် သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီပါက ဝန်ထမ်းခန့်အပ်ခွင့်များ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ် လူငယ်များ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊ ပြောသည်။

 

စစ်တမ်းများအရ ၂၀၀၇-၂၀၀၈ ခုနှစ် ပညာသင်နှစ်တွင် ကျောင်းစတင် တက်ရောက်သူဦးရေ ၁ ဒသမ ၅ သန်း ရှိပြီး တက္ကသိုလ်ဝင်တန်းသို့ ရောက်ရှိသူဦးရေမှာ ၂၇၀၀၀၀ ကျော်ခန့် သာရှိခဲ့သဖြင့် ကျောင်းစတင် တက် ရောက်ခဲ့သူများအနက် ၉၀ ရာခိုင်နှုန်းသည် တက္ကသိုလ်ဝင်တန်းအောက် ပညာအရည်အချင်း၌သာရှိမည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံ၏ ပညာရည်မြင့်မားရေးအတွက် ငယ်ရွယ်စဉ်ကတည်းကပင် ပညာရေးကို အားပေးဆောင်ရွက်ကြရန်လိုပြီး အမှန်တကယ် တတ်မြောက်အောင် သင်ကြားလေ့ကျင့်ပေးကြရ မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ကိုကိုးကျွန်း၌ သွားဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း အခက်အခဲများရှိသည်ဟု သိရှိရကြောင်း၊ နိုင်ငံ့ဝန်ထမ်း အချို့အနေဖြင့် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရားပျက်ပြားစေလိုသူများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှု များကြောင့် CDM လှုပ်ရှားမှုများတွင် ပါဝင်ခဲ့မှုများရှိခဲ့ကြောင်း၊ သို့သော်လည်း နိုင်ငံဝန်ထမ်းလိုအပ်ချက်များကို ဖြစ်နိုင်သည့် နည်းလမ်းများဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

#PeopleMedia #ကိုကိုးကျွန်းမြို့

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post