• Follow Us on

Home ၂၀၂၁ ခုနှစ်အတွင်း၌ ဂျာမနီသံရုံးက မြန်မာနိုင်ငံရှိ အသေးစားစီမံကိန်းများအတွက် ယူရို (၂) သိန်းခွဲ ထောက်ပံ့ ပေးခဲ့

၂၀၂၁ ခုနှစ်အတွင်း၌ ဂျာမနီသံရုံးက မြန်မာနိုင်ငံရှိ အသေးစားစီမံကိန်းများအတွက် ယူရို (၂) သိန်းခွဲ ထောက်ပံ့ ပေးခဲ့

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ (People Media)

 

၂၀၂၁ ခုနှစ်အတွင်းတွင် ဂျာမနီသံရုံးက မြန်မာနိုင်ငံရှိ အသေးစားစီမံကိန်းများအတွက် ယူရို ၂ သိန်းခွဲ ထောက်ပံ့ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးက ထုတ်ပြန်ထားသည်။

 

ထောက်ပံ့ငွေအများစုကို ကိုဗစ်-၁၉ နှင့် ဆက်စပ်သည့် စီမံကိန်းများနှင့် ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများရှိ လိုအပ်သည့်ပြည်သူများအတွက် အခြေခံအစားအသောက်နှင့် ဆေးဝါးများ ပံ့ပိုးရန် အသုံးပြုခဲ့ ပါသည်။ အခြားစီမံကိန်းအများအနေနှင့် မန္တလေးတိုင်းဒေသကြီးရှိ မူကြိုကျောင်းတွင် ပရိဘောဂများ တပ်ဆင် ပေးခြင်း၊ ကစားကွင်းများ ဆောက်လုပ်ပေးခြင်း၊ မသန်စွမ်းသူများအတွက် ဘီးတပ်ကုလားထိုင်များ ထောက်ပံ့ ပေးခြင်းနှင့် မြန်မာနိုင်ငံ၏ ဇီဝမျိုးကွဲများကို စောင့်ရှောက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီးတွင် ကျက်စား သည့် (ပျံသန်းနိုင်သည့် ကမ္ဘာ့အရပ်အမြင့်ဆုံးငှက်များဖြစ်သော) ကြိုးကြာခေါင်းနီများကို ထိန်းသိမ်းရန် ရန်ပုံငွေ ထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

 

ဂျာမနီအနေဖြင့် ယခုကဲ့သို့သော ခက်ခဲသည့်အချိန်များတွင်ပင် မြန်မာပြည်သူများနှင့် တစ်သားတည်း ရှိနေရန် အခိုင်အမာဆုံးဖြတ်ထားပြီး ရှေ့လာမည့် ၂၀၂၂ ခုနှစ်တွင်လည်း ဆက်လက်ရပ်တည်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

Photo – မြန်မာနိုင်ငံဆိုင်ရာဂျာမနီသံရုံး

 

#PeopleMedia

 

(unicode)


………………………………………………………….

 


 


 


 


 


 

#PeopleMedia


Share this post