• Follow Us on

Home နိုင်ငံခြားငွေ (၅) မျိုးအပြင် တရုတ်ယွမ်နှင့် ဂျပန်ယန်းကိုပါ ဝယ်ယူရောင်းချခွင့်ပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်

နိုင်ငံခြားငွေ (၅) မျိုးအပြင် တရုတ်ယွမ်နှင့် ဂျပန်ယန်းကိုပါ ဝယ်ယူရောင်းချခွင့်ပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၁၃ (People Media)

 

နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်ရရှိသည့် AD လိုင်စင်ရဘဏ်များနှင့် ဘဏ်မဟုတ်သော ကုမ္ပ ဏီအဖွဲ့အစည်းများအား မူလဝယ်ယူရောင်းချခွင့်ပြုထားသည့် နိုင်ငံခြားငွေ (၅) မျိုးအပြင် တရုတ်ယွမ်နှင့် ဂျပန်ယန်းတိုကိုပါ ဝယ်ယူရောင်းချခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည်။

 

ယခင်က နိုင်ငံခြားငွေ (၅) မျိုးဖြစ်သည့် အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်ငွေ၊ မလေးရှား ရင်းဂစ်ငွေနှင့် ယူရိုငွေကိုသာ ခွင့်ပြုခဲ့သော်လည်း ယမန်နေ့မှစ၍ တရုတ်ယွမ်ငွေနှင့် ဂျပန်ယန်းငွေတိုကိုပါ ထပ်တိုးခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တရုတ်ယွမ်းငွေနှင့် ဂျပန်ယန်းငွေများကို AD လိုင်စင်ရဘဏ်များနှင့် ငွေကြေးလဲလှယ်လုပ်ငန်းဆောင်ရွက်သည့် Money Changer များပါ ရောင်းချလဲလှယ်ခွင့်ရမည်ဖြစ်သည်။

 

Photo – နစက

 

#PeopleMedia #Money Changer

 

(unicode)


……………………………………………………………………….

 


 


 


 


 


 

#PeopleMedia #Money Changer


Share this post