• Follow Us on

Home န.စ.ကမှ နိုင်ငံတော်အာဏာကို ရယူပြီးနောက် နိုင်ငံရေး၊ စစ်ရေး၊ ကပ်ရောဂါနှင့် စီးပွားရေးအကျပ်အတည်း များကြောင့် ပြည်သူလူထုမှာ စိတ်နှလုံးပင်ပန်းကြီးစွာခံစားနေကြရသည့်ကာလဖြစ်ကြောင်း ပြည်သူ့ပါတီဆို

န.စ.ကမှ နိုင်ငံတော်အာဏာကို ရယူပြီးနောက် နိုင်ငံရေး၊ စစ်ရေး၊ ကပ်ရောဂါနှင့် စီးပွားရေးအကျပ်အတည်း များကြောင့် ပြည်သူလူထုမှာ စိတ်နှလုံးပင်ပန်းကြီးစွာခံစားနေကြရသည့်ကာလဖြစ်ကြောင်း ပြည်သူ့ပါတီဆို

Share this post

နေပြည်တော်၊ သြဂုတ် ၂၃ (People Media)

 

န.စ.ကမှ နိုင်ငံတော် အာဏာရယူပြီးနောက် နိုင်ငံရေး၊ စစ်ရေး၊ ကပ်ရောဂါနှင့် စီးပွားရေးအကျပ်အတည်း များကြောင့် ပြည်သူလူထုမှာ စိတ်နှလုံးပင်ပန်းကြီးစွာ ခံစားနေကြရသည့်ကာလဖြစ်ကြောင်း ပြည်သူ့ပါတီ တည်ထောင်ခြင်း ၃ နှစ်မြောက် သဘောထားကြေညာချက်ထုတ်ပြန်ရာတွင် ဖော်ပြထားသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ပြည်သူများအကြား နိုင်ငံရေးနည်းလမ်း အပေါ် ယုံကြည်မှုပြန်လည်ရရှိစေရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြသူများအား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု များ ပြုလုပ်ရန် တိုက်တွန်းတောင်းဆိုကြောင်း ဖော်ပြပါရှိသည်။

 

ထို့အပြင် ပြည်သူ့ပါတီအနေဖြင့် အနာဂတ်နိုင်ငံတော်အတွက် နိုင်ငံရေးသဘောတူညီချက်တစ်ခုရရှိပေါ်ပေါက် လာစေရန် ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေးအတွက် ယုံကြည်ကြိုးပမ်းကြသော အင်အားစုအားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ပါတီမှထုတ်ပြန်ကြေညာထားသည်။

 

အလားတူ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတည်းဟူသော လောကပါလတရားများကိုအခြေခံ သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို နိုင်ငံရေးနည်းလမ်းဖြင့် ကြိုးပမ်းတည်ဆောက်သွားရန်ရည်ရွယ်၍ ပြည်သူ့ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ယနေ့ သြဂုတ်လ ၂၃ ရက်သည် ပြည်သူ့ပါတီတည် ထောင်ခြင်း ၃ နှစ်မြောက်ဖြစ်သည်။

 

Photo – ပြည်သူ့ပါတီ

 

#PeopleMedia #ပြည်သူ့ပါတီ #ဦးကိုကိုကြီး #နစက

(unicode)


………………………………………………………………

 


 


 


 


 


 


 



Share this post