• Follow Us on

Home န-စ-က အဖွဲ့၌ ပါဝင်သည့် အရပ်သားများကို နုတ်ထွက်ခိုင်းမှုသည် သတင်းအမှားသာဖြစ်ဟုဆို

န-စ-က အဖွဲ့၌ ပါဝင်သည့် အရပ်သားများကို နုတ်ထွက်ခိုင်းမှုသည် သတင်းအမှားသာဖြစ်ဟုဆို

Share this post

နေပြည်တော်၊ သြဂုတ် ၉ (People Media)

 

န-စ-က အဖွဲ့၌ ပါဝင်သည့် အရပ်သားများကို နုတ်ထွက်ခိုင်းမှုသည် သတင်းအမှားသာဖြစ်တယ်လို့ တာဝန်ရှိ သူများက အတည်ပြုပြောဆိုပါတယ်။

 

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ People Media က လူကယ်ပြန်ဝန်ကြီး ဒေါက်တာသက်သက်ခိုင်၏ ကိုယ်ရေး အရာရှိဖြစ်သူကို မေးမြန်းရာတွင် “သတင်းကတော့ မှားနေတယ်၊ အန်တီကို နုတ်ထွက်စာတင်ခိုင်းထားတယ်ဆို တာကတော့ မဟုတ်ပါဘူး၊ ဝန်ကြီးနဲ့ ဖဒိုမန်းငြိမ်းမောင်နဲ့ နောက်ထပ်သုံးယောက်ကို သတင်းတွေလည်း ထွက် နေတာရှိတယ်၊ ဒါပေမယ့် ကျန်တဲ့သူက ဘယ်လိုမှန်းမသိပေမယ့် ဝန်ကြီးအနေနဲ့ နုတ်ထွက်စာတင်ထားတာ လည်း မရှိဘူး။ လက်ရှိလည်း တာဝန်ထမ်းဆောင်နေလျက်ရှိပါတယ်” လို့  ပြောပါတယ်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းဝန်ကြီးချုပ်အချို့ကို ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး ယခုတွင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သက်သက် ခိုင်ကိုပါ ပြောင်းလဲမှုပြုလုပ်သွားမည်ဖြစ်သည်ဟု ကောလဟလသတင်းများသည် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါ တယ်။

 

“အရင်အခြေအနေတုန်းထဲက ဒေါက်တာဒေါ်သက်သက်ခိုင်က တောက်လျှောက်တိုက်ခိုက်ခံလာခဲ့ရတာ ဒီလိုအခြေအနေမှာကတော့ ပိုဆိုးတာပေါ့” ဟု ဒေါက်တာ ဒေါ်သက်သက်ခိုင်ရဲ့ ကိုယ်ရေးအရာရှိက ပြောပါတယ်။

 

#PeopleMedia #နစက

 

(unicode)


…………………………………………………………….

 


 


 


 


 


 



Share this post