• Follow Us on

Home ပလက္ဝၿမိဳ႕နယ္၌ ရဲဝန္ထမ္းမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား၏ လစာေငြ က်ပ္သိန္း(၇၀) ဓါးျပတိုက္လုယက္ခံရ

ပလက္ဝၿမိဳ႕နယ္၌ ရဲဝန္ထမ္းမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား၏ လစာေငြ က်ပ္သိန္း(၇၀) ဓါးျပတိုက္လုယက္ခံရ

Share this post

ရန္ကုန္၊ ေဖေဖာ္ဝါရီ – ၆

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ တရြန္အုိင္ေက်းရြာေငြ တာဝန္ထမ္းေဆာင္သည့္ ရဲဝန္ထမ္းမ်ားႏွင့္ ပညာေရး ဝန္ထမ္းမ်ား၏ လစာေငြ က်ပ္သိန္း(၇၀)ခန္႔ ဓါးျပအတုိက္ခဲ့ရပါတယ္။

ျဖစ္စဥ္မွာ တရြန္အုိင္ေက်းရြာ၌ တာဝန္ထမ္းေဆာင္သည့္ ရဲဝန္ထမ္းမ်ားႏွင့္ ပညာေရးဝန္ထမ္းမ်ား၏ လစာေငြ ကုိ ပလက္ဝၿမိဳ႕နယ္သုိ႔ သြားေရာက္ထုတ္ယူၿပီး စက္ေလွႏွင့္ အျပန္ခရီး၌ ေမာင္ႏွမရြာအနီးအေရာက္၌ လက္ နက္ကုိင္အဖြဲ႕က ေသနက္ျပ၍ ပါလာေသာ ေငြမ်ားကုိ ယူေဆာင္သြားခဲ့ပါတယ္။

“တာဝန္က်ေနတဲ့ ဆရာ၊ ဆရာမေတြနဲ႔ ရဲဝန္ထမ္းေငြရဲ ဇန္နဝါရီလအတြက္လစာေငြျဖစ္ပါတယ္။ တုိက္ယူခံ ရတာလည္း ဟုတ္ပါတယ္”ဟု ပလက္ဝၿမိဳ႕နယ္ လုံၿခံဳေရးအဖြဲ႕က ေျပာဆုိပါတယ္။

ပလက္ဝၿမိဳ႕နယ္သည္ တပ္မေတာ္ႏွင့္ AA တုိက္ပြဲမ်ားျဖစ္ပြားလွ်က္ရွိရာ လက္ရွိအခ်ိန္၌ အဆုိပါၿမိဳ႕ကုိ အင္ တာနက္ျဖတ္ေထာက္ထားပါတယ္။ အလားတူ ပုဒ္မ ၁၄၄ လည္း ထုတ္ျပန္ထားပါတယ္။

#PeopleMedia #ပလက္ဝ

Photo – ခ်င္းျပည္နယ္အစိုးရ

(Unicode)
ပလက်ဝမြို့နယ်၌ ရဲဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ၏ လစာငွေ ကျပ်သိန်း(၇၀) ဓါးပြတိုက်လုယက်ခံရ
…………………………………………………………

ရန်ကုန်၊ ဖေဖော်ဝါရီ – ၆

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ တရွန်အိုင်ကျေးရွာငွေ တာဝန်ထမ်းဆောင်သည့် ရဲဝန်ထမ်းများနှင့် ပညာရေး ဝန်ထမ်းများ၏ လစာငွေ ကျပ်သိန်း(၇၀)ခန့် ဓါးပြအတိုက်ခဲ့ရပါတယ်။

ဖြစ်စဉ်မှာ တရွန်အိုင်ကျေးရွာ၌ တာဝန်ထမ်းဆောင်သည့် ရဲဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ၏ လစာငွေ ကို ပလက်ဝမြို့နယ်သို့ သွားရောက်ထုတ်ယူပြီး စက်လှေနှင့် အပြန်ခရီး၌ မောင်နှမရွာအနီးအရောက်၌ လက် နက်ကိုင်အဖွဲ့က သေနက်ပြ၍ ပါလာသော ငွေများကို ယူဆောင်သွားခဲ့ပါတယ်။

“တာဝန်ကျနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ရဲဝန်ထမ်းငွေရဲ ဇန်နဝါရီလအတွက်လစာငွေဖြစ်ပါတယ်။ တိုက်ယူခံ ရတာလည်း ဟုတ်ပါတယ်”ဟု ပလက်ဝမြို့နယ် လုံခြုံရေးအဖွဲ့က ပြောဆိုပါတယ်။

ပလက်ဝမြို့နယ်သည် တပ်မတော်နှင့် AA တိုက်ပွဲများဖြစ်ပွားလျှက်ရှိရာ လက်ရှိအချိန်၌ အဆိုပါမြို့ကို အင် တာနက်ဖြတ်ထောက်ထားပါတယ်။ အလားတူ ပုဒ်မ ၁၄၄ လည်း ထုတ်ပြန်ထားပါတယ်။

#PeopleMedia #ပလက်ဝ

Photo – ချင်းပြည်နယ်အစိုးရ


Share this post