• Follow Us on
Latest News

Home ျပည္ပရင္းႏွီးျမႇုပ္ႏွံမႈေမွ်ာ္မွန္းသေလာက္ျဖစ္မလာေၾကာင္း UMFCCI ဥကၠ႒ ဦးေဇာ္မင္းဝင္းေျပာဆုိ

ျပည္ပရင္းႏွီးျမႇုပ္ႏွံမႈေမွ်ာ္မွန္းသေလာက္ျဖစ္မလာေၾကာင္း UMFCCI ဥကၠ႒ ဦးေဇာ္မင္းဝင္းေျပာဆုိ

Share this post

ရန္ကုန္၊ ေဖေဖာ္ဝါရီ – ၅

အလုပ္ရွင္အလုပ္သမားျပႆနာမ်ားေၾကာင့္ ျပည္ပရင္းႏွီးျမႇုပ္ႏွံမႈမွာ ေမွ်ာ္မွန္းသေလာက္ တိုးတက္မလာ ေၾကာင္း ျမန္မာနိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈအသင္းခ်ဳပ္ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာသည္။

အလုပ္ရွင္ႏွင့္ အလုပ္သမားမ်ားအၾကား ျဖစ္ေပၚေနေသာ အလုပ္သမားေရးရာျပႆနာမ်ားက နိုင္ငံျခားရင္းႏွီး ျမႇုပ္ႏွံမႈမ်ား ၀င္ေရာက္ရန္အတြက္ ႀကီးမားေသာစိန္ေခၚမႈျဖစ္ေနေၾကာင္း ျမန္မာနိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈ အသင္းခ်ဳပ္ဥကၠ႒ ဦးေဇာ္မင္းဝင္းက ေျပာသည္။

“အခုအေနအထားအရျပန္ၾကည့္တဲ့အခါ နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈက မွန္းထားသေလာက္မလာဘူး။ ၄ ဒသမ ၂ ဘီလီယံေလာက္ပဲ လာတယ္။ ၅ ဒသမ ၈ ဘီလီယံ ေမွ်ာ္မွန္းထားေပမယ့္ မရဘူးေပါ့။ ကြၽန္ေတာ္တို႔ဆီမွာ အမ်ားႀကီးလာေဆြးေႏြးၾကတဲ့အခါ အဓိကျပႆနာကေတာ့ အလုပ္သမားကိစၥပါ” ဟု ၎က ေျပာသည္။

အလုပ္သမားျပႆနာႏွင့္ပတ္သက္၍ ျမန္မာနိုင္ငံ ရင္းႏွီးျမႇုပ္ႏွံမႈႏွင့္ နိုင္ငံျခားစီးပြားဆက္သြယ္ေရး၀န္ႀကီးဌာန၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၊ ျပည္ထဲေရး၀န္ႀကီးဌာန၊ လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ အလုပ္ သမား ၀န္ႀကီးဌာနႏွင့္ သက္ဆိုင္ရာ တိုင္းႏွင့္ျပည္နယ္ အစိုးရအဖြဲ႕အသီးသီးမွ တာ၀န္ရွိပုဂၢိဳလ္မ်ားအေနျဖင့္ လုပ္ငန္းရွင္မ်ားႏွင့္ အထူးအဖြဲ႕မ်ား ဖြဲ႕စည္းၿပီး ယင္းကိစၥကို ေဆာင္႐ြက္ေပးသင့္ေၾကာင္း ၎က အႀကံျပဳ ေျပာၾကားသည္။

“မဲေခါင္ေဆြးေႏြးပြဲမွာ ၆ နိုင္ငံပါဝင္တယ္။ တ႐ုတ္၊ ျမန္မာ၊ ကေမာၻဒီးယား၊ ထိုင္း၊ လာအိုနဲ႔ ဗီယက္နမ္တို႔ပါတယ္။ အဲ့မွာ ျမန္မာနိုင္ငံမွာ ေတာ္ေတာ္မ်ားက ရင္းႏွီးျမႇုပ္ႏွံမႈေတြ လုပ္ခ်င္တယ္ဆိုတဲ့ ေဆြးေႏြးမႈေတြရွိပါတယ္။ ဒီေန ရာမွာ အလုပ္သမားနဲ႔ပတ္သက္လို႔ ေဆြးေႏြးတဲ့အခါ ဒီမွာ ရင္းႏွီးျမႇုပ္ႏွံမႈေတြ အလားအလာေကာင္းေၾကာင္းနဲ႔ လုပ္သားေရးရာကိစၥနဲ႔ ပတ္သက္ၿပီး ဥပေဒေတြကို ေလးစားလိုက္နာမႈမွာ အေရးတယူေဆာင္႐ြက္ဖို႔ လိုအပ္ ေၾကာင္းကို သူတို႔ေဆြးေႏြးပါတယ္”ဟု ၎က ေျပာသည္။ အဆိုပါအလုပ္သမားကိစၥရပ္မ်ားကို ေျဖရွင္းနိုင္ရန္ အထူးအဖြဲ႕ ဖြဲ႕စည္းျခင္းႏွင့္ပတ္သက္၍ ဒုတိယသမၼတ၏ လမ္းၫႊန္မႈကို ခံယူကာ ယင္းကိစၥကို ေျဖရွင္းမည္ ဆိုပါက လက္ရွိခံစားေနရသည့္ သိရသည္။ လက္ရွိတြင္ ရင္းႏွီးျမႇုပ္ႏွံမႈ ျမႇင့္တင္ေရးႏွင့္ အကာအကြယ္ေပးေရး ဆိုင္ရာ သေဘာတူစာခ်ဳပ္ကို စင္ကာပူနိုင္ငံအပါအဝင္ တ႐ုတ္၊ ဗီယက္နမ္ ကိုရီးယား၊ ထိုင္း၊ အေမရိကန္၊ ဂ်ပန္နိုင္ငံ စသည့္ နိုင္ငံေပါင္း ၁၃ နိုင္ငံႏွင့္ သေဘာတူလက္မွတ္ေရးထိုးထားၿပီးျဖစ္သည္။

ခုိင္ဇာ

#PeopleMedia

(Unicode)
ပြည်ပရင်းနှီးမြှုပ်နှံမှုမျှော်မှန်းသလောက်ဖြစ်မလာကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းပြောဆို
………………………………………………………

ရန်ကုန်၊ ဖေဖော်ဝါရီ – ၅

အလုပ်ရှင်အလုပ်သမားပြဿနာများကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ မျှော်မှန်းသလောက် တိုးတက်မလာ ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

အလုပ်ရှင်နှင့် အလုပ်သမားများအကြား ဖြစ်ပေါ်နေသော အလုပ်သမားရေးရာပြဿနာများက နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက်ရန်အတွက် ကြီးမားသောစိန်ခေါ်မှုဖြစ်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောသည်။

“အခုအနေအထားအရပြန်ကြည့်တဲ့အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက မှန်းထားသလောက်မလာဘူး။ ၄ ဒသမ ၂ ဘီလီယံလောက်ပဲ လာတယ်။ ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားပေမယ့် မရဘူးပေါ့။ ကျွန်တော်တို့ဆီမှာ အများကြီးလာဆွေးနွေးကြတဲ့အခါ အဓိကပြဿနာကတော့ အလုပ်သမားကိစ္စပါ” ဟု ၎င်းက ပြောသည်။

အလုပ်သမားပြဿနာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ် သမား ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် လုပ်ငန်းရှင်များနှင့် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ယင်းကိစ္စကို ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

“မဲခေါင်ဆွေးနွေးပွဲမှာ ၆ နိုင်ငံပါဝင်တယ်။ တရုတ်၊ မြန်မာ၊ ကမေ္ဘာဒီးယား၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်တို့ပါတယ်။ အဲ့မှာ မြန်မာနိုင်ငံမှာ တော်တော်များက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်တယ်ဆိုတဲ့ ဆွေးနွေးမှုတွေရှိပါတယ်။ ဒီနေ ရာမှာ အလုပ်သမားနဲ့ပတ်သက်လို့ ဆွေးနွေးတဲ့အခါ ဒီမှာ ရင်းနှီးမြှုပ်နှံမှုတွေ အလားအလာကောင်းကြောင်းနဲ့ လုပ်သားရေးရာကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေတွေကို လေးစားလိုက်နာမှုမှာ အရေးတယူဆောင်ရွက်ဖို့ လိုအပ် ကြောင်းကို သူတို့ဆွေးနွေးပါတယ်”ဟု ၎င်းက ပြောသည်။ အဆိုပါအလုပ်သမားကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် အထူးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ဒုတိယသမ္မတ၏ လမ်းညွှန်မှုကို ခံယူကာ ယင်းကိစ္စကို ဖြေရှင်းမည် ဆိုပါက လက်ရှိခံစားနေရသည့် သိရသည်။ လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ်ကို စင်ကာပူနိုင်ငံအပါအဝင် တရုတ်၊ ဗီယက်နမ် ကိုရီးယား၊ ထိုင်း၊ အမေရိကန်၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံနှင့် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်သည်။

ခိုင်ဇာ

#PeopleMedia


Share this post