• Follow Us on

Home ပါကစၥတန္သံ႐ံုး၀န္ထမ္းတစ္၀က္ကို အိႏၵိယႏွင္ထုတ္

ပါကစၥတန္သံ႐ံုး၀န္ထမ္းတစ္၀က္ကို အိႏၵိယႏွင္ထုတ္

Share this post

ေဒလီ၊ ဇြန္ ၂၄

သံ႐ံုး၀န္ထမ္းေတြဟာ သူလွ်ိဳေတြျဖစ္ၿပီး အၾကမ္းဖက္ေတြနဲ႔ ဆက္ဆံေနလို႔ စြပ္စြဲၿပီး အိႏိၵယႏိုင္ငံၿမိဳ႕ေတာ္ေဒလီမွာ႐ွိတဲ့ ပါကစၥတန္သံ႐ံုးက ၀န္ထမ္းတစ္၀က္ေလာက္ကို အိႏၵိယႏိုင္ငံက ႏွင္ထုတ္လိုက္ပါတယ္။

ပါကစၥတန္ၿမိဳ႕ေတာ္အစၥလမ္မာဘတ္မွာ႐ွိတဲ့အိႏိၵယသံ႐ံုးမွာလည္း အလားတူအေရအတြက္႐ွိတဲ့ ၀န္ထမ္းပမာဏကိုေလွ်ာ့ခ် မယ္လို႔ အိႏၵိယႏိုင္ငံျခားေရး၀န္ႀကီးဌာနကထုတ္ျပန္ပါတယ္။

ပါကစၥတန္အာဏာပိုင္ေတြဘက္က တစံုတရာတံု႔ျပန္မႈမ႐ွိေသးပါဘူး။

ၿပီးခဲ့တဲ့ ၃ ပတ္က ပါကစၥတန္သံ႐ံုး၀န္ထမ္း ၂ ေယာက္ကို အိႏိၵယကႏွင္ထုတ္ခဲ့ၿပီးတဲ့ေနာက္ ႏ်ဴကလီးယားပိုင္ဆိုင္တဲ့ ၂ ႏိုင္ငံ ၾကားတင္းမာမႈေတြျမင့္တက္ေနပါတယ္။

အဲဒီ၀န္ထမ္း ၂ ေယာက္ဟာ အိႏၵိယတပ္ဖြဲ႔၀င္ေတြရဲ႕လႈပ္႐ွားမႈနဲ႔ပတ္သက္တဲ့သတင္းအခ်က္အလက္ေတြကို စုေဆာင္းေနတာလို႔ အိႏိၵယဘက္စြပ္စြဲပါတယ္။

အစၥလမ္မာဘတ္မွာ႐ွိတဲ့ အိႏိၵယသံ႐ံုးက၀န္ထမ္း ၂ ေယာက္ကို မေလ်ာ္မကန္ဆက္ဆံတယ္ဆိုတဲ့စြပ္စြဲခ်က္ေတြ႐ွိခဲ့ၿပီးတဲ့ေနာက္ အိႏၵိယက ပါကစၥတန္သံ၀န္ထမ္းေတြကို ႏွင္ထုတ္ခဲ့တာလို႔ အိႏိၵယမီဒီယာေတြကေဖာ္ျပပါေနပါတယ္။

Ref : India expels dozens of Pakistan diplomatic staff

#PeopleMedia

(unicode)
ပါကစ္စတန်သံရုံးဝန်ထမ်းတစ်ဝက်ကို အိန္ဒိယနှင်ထုတ်
…………………………………………

ဒေလီ၊ ဇွန် ၂၄

သံရုံးဝန်ထမ်းတွေဟာ သူလျှိုတွေဖြစ်ပြီး အကြမ်းဖက်တွေနဲ့ ဆက်ဆံနေလို့ စွပ်စွဲပြီး အိန္ဒိယနိုင်ငံမြို့တော်ဒေလီမှာရှိတဲ့ ပါကစ္စတန်သံရုံးက ဝန်ထမ်းတစ်ဝက်လောက်ကို အိန္ဒိယနိုင်ငံက နှင်ထုတ်လိုက်ပါတယ်။

ပါကစ္စတန်မြို့တော်အစ္စလမ်မာဘတ်မှာရှိတဲ့အိန္ဒိယသံရုံးမှာလည်း အလားတူအရေအတွက်ရှိတဲ့ ဝန်ထမ်းပမာဏကိုလျှော့ချ မယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

ပါကစ္စတန်အာဏာပိုင်တွေဘက်က တစုံတရာတုံ့ပြန်မှုမရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၃ ပတ်က ပါကစ္စတန်သံရုံးဝန်ထမ်း ၂ ယောက်ကို အိန္ဒိယကနှင်ထုတ်ခဲ့ပြီးတဲ့နောက် နျူကလီးယားပိုင်ဆိုင်တဲ့ ၂ နိုင်ငံ ကြားတင်းမာမှုတွေမြင့်တက်နေပါတယ်။

အဲဒီဝန်ထမ်း ၂ ယောက်ဟာ အိန္ဒိယတပ်ဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို စုဆောင်းနေတာလို့ အိန္ဒိယဘက်စွပ်စွဲပါတယ်။

အစ္စလမ်မာဘတ်မှာရှိတဲ့ အိန္ဒိယသံရုံးကဝန်ထမ်း ၂ ယောက်ကို မလျော်မကန်ဆက်ဆံတယ်ဆိုတဲ့စွပ်စွဲချက်တွေရှိခဲ့ပြီးတဲ့နောက် အိန္ဒိယက ပါကစ္စတန်သံဝန်ထမ်းတွေကို နှင်ထုတ်ခဲ့တာလို့ အိန္ဒိယမီဒီယာတွေကဖော်ပြပါနေပါတယ်။

Ref : India expels dozens of Pakistan diplomatic staff

#PeopleMedia


Share this post