• Follow Us on

Home ပဲခူးတိုင္းေဒသၾကီး၊ဆည္ေျမာင္းႏွင့္ေရအသုံးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာန(ေရအရင္းျမစ္)မွ တစ္ေပအက်ယ္ရွိ ေပႏွစ္ဆယ္ေကာ္ပိုက္ ၁ ၀ ေခ်ာင္းကုိ ပဲခူးမွဝယ္ယူၿပီး ရန္ကုန္မွ ပဲခူးသို႔သယ္ေဆာင္စရိတ္ဟုဆိုကာ ေငြက်ပ္ ၁၆ သိန္းထုတ္ယူ

ပဲခူးတိုင္းေဒသၾကီး၊ဆည္ေျမာင္းႏွင့္ေရအသုံးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာန(ေရအရင္းျမစ္)မွ တစ္ေပအက်ယ္ရွိ ေပႏွစ္ဆယ္ေကာ္ပိုက္ ၁ ၀ ေခ်ာင္းကုိ ပဲခူးမွဝယ္ယူၿပီး ရန္ကုန္မွ ပဲခူးသို႔သယ္ေဆာင္စရိတ္ဟုဆိုကာ ေငြက်ပ္ ၁၆ သိန္းထုတ္ယူ

Share this post

 
 
ရန္ကုန္၊ စက္တင္ဘာ – ၁၁
 
ပဲခူးတိုင္းေဒသၾကီး၊ဆည္ေျမာင္းႏွင့္ေရအသုံးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာန(ေရအရင္းျမစ္)မွ တစ္ေပအက်ယ္ရွိ ေပႏွစ္ဆယ္ေကာ္ပိုက္ ၁၀ ေခ်ာင္း ပဲခူးမွ၀ယ္ယူထားေသာ္လည္း ရန္ကုန္မွ ပဲခူးသို႔ သယ္ေဆာင္စရိတ္ဟုဆိုကာ ေငြက်ပ္ ၁၆ သိန္းထုတ္ ယူခဲ့သည္။
 
၂၀၂၀ ခုႏွစ္၊ စက္တင္ဘာလ ၁ ရက္ေန႔တြင္က်င္းပျပဳလုပ္သည့္ ဒုတိယအႀကိမ္ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ ၁၅ ႀကိမ္ေျမာက္ ပံုမွန္အစည္းအေ၀း ၁၃ ရက္ေျမာက္ေန႔တြင္ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္ စီမံကိန္း၊ ဘ႑ာ ေရးႏွင့္ ျပည္သူ႔ေငြစာရင္းေကာ္မတီ အစီရင္ခံစာေရးရာေကာ္မတီဥကၠ႒ ဦးစည္သူလြင္ (ေက်ာက္ႀကီးၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္-၁)မွ ဖတ္ၾကားသည့္ အစီရင္ခံစာတြင္ ပါရွိသည္။
 
အဆိုပါအစီရင္ခံစာတြင္ တိုင္းအစိုးရသည္သက္တမ္းတိုးျခင္းမရွိသည့္ဆိုင္ကယ္တစ္စီးအတြက္ သက္တမ္း တိုးရန္အတြက္ဟုဆိုကာ ေငြက်ပ္ ေျခာက္သိန္းေျခာက္ေသာင္းထုတ္ယူခဲ့ၿပီး တင္ဒါေဖာင္ေရာင္းရေငြ သံုးသိန္း က်ပ္ ေလ်ာ့သြင္းခဲ့သည္ဟု အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
 
ဆက္လက္ၿပီး သာယာဝတီခ႐ိုင္ ငါးလုပ္ငန္းဦးစီးအိမ္မီတာတပ္ဆင္ထားၿပီေသာ္လည္း မီတာတပ္ဆင္မည္ ဟုဆိုကာ ၂၀၁၈ mini တြင္ က်ပ္ဆယ္သိန္းထပ္မံထုတ္ယူခဲ့ၿပီး ေပါင္းတည္ၿမိဳ႕နယ္စည္ပင္သာယာေရးအဖြဲ႕မွ ေျမနီလမ္းခင္းျခင္းလုပ္ငန္းတြင္အမွန္ရွိသည့္လမ္းအရွည္ထက္ ၃၅ ေပစာ ၁၂ သိန္းတစ္ေသာင္းက်ပ္ႏွင့္ ေ႐ႊ ေတာင္ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွ ကြန္ကရစ္ပြတ္လုံးတိုင္ ၅၂ တိုင္အတြက္ က်ပ္သိန္းႏွစ္ဆယ္ ပိုမိုထုတ္ ယူခဲ့ေၾကာင္း ေဖာ္ျပပါရွိသည္။
 
တိုင္းေဒသႀကီးရင္းႏွီးျမႇပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားေရးဦးဌာနမွ သံရည္က်ိဳအပ္ႏွံထားၿပီး လိုင္စင္သက္ တမ္းတိုးထားျခင္းမရွိသည့္ ယာဥ္တစ္စီးအတြက္ ကြင္းဆင္းႀကီးၾကပ္ရန္ဟုဆိုကာ ဒီဇယ္ ၈၄ ဂါလံတန္ဖိုးေငြ က်ပ္ ၃၄ ေလးသိန္း ၅ ေသာင္းအားထုတ္ယူထားသည္ကိုစိစစ္ေတြ႕ရွိရသည္ဟုဆိုသည္။
 
ျပည္ေထာင္စုဘ႑ာရန္ပံုေငြမွ ႏိုင္ငံေတာ္သို႔ ျပန္လည္ေပးသြင္းရန္ စစ္ေဆးေဖာ္ထုတ္မႈတြင္ ၂၀၁၈ mini ႏွင့္ ၂၀၁၈-၁၉ခု ဘ႑ာေရးႏွစ္အတြက္ (၁-၁၁-၂၀၁၉)ရက္ေန႔မွ (၃၀-၆-၂၀၂၀)ရက္ေန႔အထိ ေပးသြင္းရန္က်န္ရွိ ေနသည့္ ၀န္ႀကီးဌာနေလးခုျဖစ္သည့္ စိုက္ပ်ဳိးေရး၊ေမြးျမဴေရးႏွင့္ ဆည္ေျမာင္း၀န္ႀကီးဌာန၊ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး၀န္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၊ ပညာေရး၀န္ႀကီးဌာနတို႔မွ စုစုေပါင္းေပး သြင္းရန္ က်ပ္ ၁၁၂ ဒသမ ၀၉၄ သန္း ေပးသြင္းရန္ က်န္ရွိေနေၾကာင္း ပါရွိသည္။
 
ယင္းေငြမ်ားသည္ျပန္လည္ေပးသြင္းရန္လိုအပ္သည္ဟုစာရင္းစစ္ခ်ဳပ္အစီရင္ခံကစာကဆိုသည္။
 
#PeopleMedia #ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕
 
(unicode)
ပဲခူးတိုင်းဒေသကြီး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းမြစ်)မှ တစ်ပေအကျယ်ရှိ ပေနှစ်ဆယ်ကော်ပိုက် ၁ ၀ ချောင်းကို ပဲခူးမှဝယ်ယူပြီး ရန်ကုန်မှ ပဲခူးသို့သယ်ဆောင်စရိတ်ဟုဆိုကာ ငွေကျပ် ၁၆ သိန်းထုတ်ယူ
…………………………………………
 
ရန်ကုန်၊ စက်တင်ဘာ – ၁၁
 
ပဲခူးတိုင်းဒေသကြီး၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းမြစ်)မှ တစ်ပေအကျယ်ရှိ ပေနှစ်ဆယ်ကော်ပိုက် ၁၀ ချောင်း ပဲခူးမှဝယ်ယူထားသော်လည်း ရန်ကုန်မှ ပဲခူးသို့ သယ်ဆောင်စရိတ်ဟုဆိုကာ ငွေကျပ် ၁၆ သိန်းထုတ် ယူခဲ့သည်။
 
၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ အစီရင်ခံစာရေးရာကော်မတီဥက္ကဋ္ဌ ဦးစည်သူလွင် (ကျောက်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်-၁)မှ ဖတ်ကြားသည့် အစီရင်ခံစာတွင် ပါရှိသည်။
 
အဆိုပါအစီရင်ခံစာတွင် တိုင်းအစိုးရသည်သက်တမ်းတိုးခြင်းမရှိသည့်ဆိုင်ကယ်တစ်စီးအတွက် သက်တမ်း တိုးရန်အတွက်ဟုဆိုကာ ငွေကျပ် ခြောက်သိန်းခြောက်သောင်းထုတ်ယူခဲ့ပြီး တင်ဒါဖောင်ရောင်းရငွေ သုံးသိန်း ကျပ် လျော့သွင်းခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
 
ဆက်လက်ပြီး သာယာဝတီခရိုင် ငါးလုပ်ငန်းဦးစီးအိမ်မီတာတပ်ဆင်ထားပြီသော်လည်း မီတာတပ်ဆင်မည် ဟုဆိုကာ ၂၀၁၈ mini တွင် ကျပ်ဆယ်သိန်းထပ်မံထုတ်ယူခဲ့ပြီး ပေါင်းတည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြေနီလမ်းခင်းခြင်းလုပ်ငန်းတွင်အမှန်ရှိသည့်လမ်းအရှည်ထက် ၃၅ ပေစာ ၁၂ သိန်းတစ်သောင်းကျပ်နှင့် ရွှေ တောင်မြို့နယ် သစ်တောဦးစီးဌာနမှ ကွန်ကရစ်ပွတ်လုံးတိုင် ၅၂ တိုင်အတွက် ကျပ်သိန်းနှစ်ဆယ် ပိုမိုထုတ် ယူခဲ့ကြောင်း ဖော်ပြပါရှိသည်။
 
တိုင်းဒေသကြီးရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားရေးဦးဌာနမှ သံရည်ကျိုအပ်နှံထားပြီး လိုင်စင်သက် တမ်းတိုးထားခြင်းမရှိသည့် ယာဉ်တစ်စီးအတွက် ကွင်းဆင်းကြီးကြပ်ရန်ဟုဆိုကာ ဒီဇယ် ၈၄ ဂါလံတန်ဖိုးငွေ ကျပ် ၃၄ လေးသိန်း ၅ သောင်းအားထုတ်ယူထားသည်ကိုစိစစ်တွေ့ရှိရသည်ဟုဆိုသည်။
 
ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် စစ်ဆေးဖော်ထုတ်မှုတွင် ၂၀၁၈ mini နှင့် ၂၀၁၈-၁၉ခု ဘဏ္ဍာရေးနှစ်အတွက် (၁-၁၁-၂၀၁၉)ရက်နေ့မှ (၃၀-၆-၂၀၂၀)ရက်နေ့အထိ ပေးသွင်းရန်ကျန်ရှိ နေသည့် ဝန်ကြီးဌာနလေးခုဖြစ်သည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့မှ စုစုပေါင်းပေး သွင်းရန် ကျပ် ၁၁၂ ဒသမ ၀၉၄ သန်း ပေးသွင်းရန် ကျန်ရှိနေကြောင်း ပါရှိသည်။
 
ယင်းငွေများသည်ပြန်လည်ပေးသွင်းရန်လိုအပ်သည်ဟုစာရင်းစစ်ချုပ်အစီရင်ခံကစာကဆိုသည်။
 
#PeopleMedia #ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့

Share this post