• Follow Us on

Home ပြင့္ေနသည့္ႀကိဳတင္မဲစာအိတ္မ်ား ပယ္မဲ (သို႔မဟုတ္) ခိုင္လံုမဲသတ္မွတ္ျခင္းကို ႏို၀င္ဘာလ ၈ ရက္ေန႔မွသာ ဆုံးျဖတ္မည္

ပြင့္ေနသည့္ႀကိဳတင္မဲစာအိတ္မ်ား ပယ္မဲ (သို႔မဟုတ္) ခိုင္လံုမဲသတ္မွတ္ျခင္းကို ႏို၀င္ဘာလ ၈ ရက္ေန႔မွသာ ဆုံးျဖတ္မည္

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၂၉
ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဒဂံုၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္ခြဲထံ ေပးပို႔လာသည့္ ႀကိဳတင္ဆႏၵမဲ မ်ားထဲတြင္ ပြင့္ေနသည့္ စာအိတ္မ်ားအား ပယ္မဲ သို႔မဟုတ္ ခိုင္လံုမဲ သတ္မွတ္ျခင္းကို ႏို၀င္ဘာလ ၈ ရက္ေန႔တြင္ ဆံုးျဖတ္ေပးမည္ျဖစ္ေၾကာင္း အေနာက္ပိုင္ခရိုင္ေရြးေကာက္ပြဲေကာ္မရွင္ခြဲ ဥကၠ႒ ဦးခင္ေမာင္၀င္းက ေျပာပါတယ္။
ယခုလအတြင္း ဒဂံုၿမိဳ႕နယ္ ေရြးေကာက္ပြဲခြဲေကာ္မရွင္ခြဲကို တပ္မေတာ္မွ ေပးပို႔လာသည့္ ႀကိဳတင္မဲ လက္မွတ္မ်ား၊ မဲဆႏၵနယ္ျပင္ပေရာက္ မဲဆႏၵရွင္မ်ားေပးသည့္ မဲလက္မွတ္မ်ားႏွင့္ စစ္ကိုင္းၿမိဳ႕ႏွင့္ ေအာင္လံၿမိဳ႕ကေန ေပးပို႔လာသည္႔ မဲဆႏၵနယ္ျပင္ပေရာက္ မဲဆႏၵရွင္မ်ားေပးသည့္ ႀကိဳတင္မဲလက္မွတ္မ်ား ပြင့္ေနခဲ့ျခင္းျဖစ္ပါတယ္။
“ဒီႀကိဳတင္မဲစာအိတ္နဲ႔ပတ္သက္ၿပီး ကိုယ္စားလွယ္ေလာင္းေတြမွ ကန္႔ကြက္တဲ့အတြက္ ဒီႀကိဳတင္မဲေတြကို ခဏဖယ္ထားတယ္၊ ဒါေတြကို ပယ္မဲ သို႔မဟုတ္ ခိုင္လံုမဲ ျဖစ္တာ မျဖစ္တာကိုေတာ့ ႏို၀င္ဘာလ ရွစ္ရက္ေန႔ ညေနေလးနာရီမွာ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ဆံုးျဖတ္ေပးသြားမွာ ျဖစ္ပါတယ္” အေနာက္ပိုင္ခရိုင္ေရြးေကာက္ပြဲေကာ္မရွင္ခြဲ ဥကၠ႒ ဦးခင္ေမာင္၀င္းက ေျပာပါတယ္။
ရႏ္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ဒဂံုၿမိဳ႕နယ္ေရြးေကာက္ပြဲေကာ္မရွင္ခြဲထံ ေပးပို႔လာသည့္ ႀကိဳတင္ဆႏၵမဲ စာအိတ္မ်ား ပြင့္ေနျခင္းသည္ ဆႏၵမဲေပးသူမ်ား၏ အားနည္ခ်က္ေၾကာင့္ျဖစ္သလို လက္ခံသူ၏ အားနည္းခ်က္ေၾကာင့္ ပါ၀င္ေၾကာင္း အေနာက္ပိုင္ခရိုင္ေရြးေကာက္ပြဲေကာ္မရွင္ခြဲ ၎က ဆိုပါတယ္။
ေရြးေကာက္ပြဲဥပေဒမ်ားတြင္လည္း အထက္ပါ မဲကိစၥႏွင့္ပတ္သက္ၿပီး တိက်သည့္ ျပဠာန္းခ်က္မ်ား မပါသည့္အတြက္ ဥပေဒမ်ားကိုလည္း ျပင္ဆင္ရန္ လိုအပ္ေၾကာင္းကို UEC ကို တင္ျပထားေၾကာင္း ၎က ေျပာဆိုခဲ့ပါတယ္။
#PeopleMedia
(unicode)
ပွင့်နေသည့်ကြိုတင်မဲစာအိတ်များ ပယ်မဲ (သို့မဟုတ်) ခိုင်လုံမဲသတ်မှတ်ခြင်းကို နိုဝင်ဘာလ ၈ ရက်နေ့မှသာ ဆုံးဖြတ်မည်
……………………………………………….
ရန်ကုန်၊ အောက်တိုဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲထံ ပေးပို့လာသည့် ကြိုတင်ဆန္ဒမဲ များထဲတွင် ပွင့်နေသည့် စာအိတ်များအား ပယ်မဲ သို့မဟုတ် ခိုင်လုံမဲ သတ်မှတ်ခြင်းကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း အနောက်ပိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ယခုလအတွင်း ဒဂုံမြို့နယ် ရွေးကောက်ပွဲခွဲကော်မရှင်ခွဲကို တပ်မတော်မှ ပေးပို့လာသည့် ကြိုတင်မဲ လက်မှတ်များ၊ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များပေးသည့် မဲလက်မှတ်များနှင့် စစ်ကိုင်းမြို့နှင့် အောင်လံမြို့ကနေ ပေးပို့လာသည့် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များပေးသည့် ကြိုတင်မဲလက်မှတ်များ ပွင့်နေခဲ့ခြင်းဖြစ်ပါတယ်။
“ဒီကြိုတင်မဲစာအိတ်နဲ့ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတွေမှ ကန့်ကွက်တဲ့အတွက် ဒီကြိုတင်မဲတွေကို ခဏဖယ်ထားတယ်၊ ဒါတွေကို ပယ်မဲ သို့မဟုတ် ခိုင်လုံမဲ ဖြစ်တာ မဖြစ်တာကိုတော့ နိုဝင်ဘာလ ရှစ်ရက်နေ့ ညနေလေးနာရီမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်” အနောက်ပိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲထံ ပေးပို့လာသည့် ကြိုတင်ဆန္ဒမဲ စာအိတ်များ ပွင့်နေခြင်းသည် ဆန္ဒမဲပေးသူများ၏ အားနည်ချက်ကြောင့်ဖြစ်သလို လက်ခံသူ၏ အားနည်းချက်ကြောင့် ပါဝင်ကြောင်း အနောက်ပိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်ခွဲ ၎င်းက ဆိုပါတယ်။
ရွေးကောက်ပွဲဥပဒေများတွင်လည်း အထက်ပါ မဲကိစ္စနှင့်ပတ်သက်ပြီး တိကျသည့် ပြဠာန်းချက်များ မပါသည့်အတွက် ဥပဒေများကိုလည်း ပြင်ဆင်ရန် လိုအပ်ကြောင်းကို UEC ကို တင်ပြထားကြောင်း ၎င်းက ပြောဆိုခဲ့ပါတယ်။
#PeopleMedia


Share this post