• Follow Us on

Home ျမစ္ႀကီးနား ဆုေတာင္းျပည့္ဘုရားႏွင့္ ဘုရားတစ္ေထာင္တို႔ သီတင္းကၽြတ္အခါႀကီးရက္ႀကီး၌ ဘုရားဖူးခြင့္ လုံးဝပိတ္မည္

ျမစ္ႀကီးနား ဆုေတာင္းျပည့္ဘုရားႏွင့္ ဘုရားတစ္ေထာင္တို႔ သီတင္းကၽြတ္အခါႀကီးရက္ႀကီး၌ ဘုရားဖူးခြင့္ လုံးဝပိတ္မည္

Share this post

ျမစ္ႀကီးနား၊ ေအာက္တိုဘာ ၃၀

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕ေပၚက အထင္ကရ ဘုရားမ်ားျဖစ္သည့္ ေလာကမာန္ ေအာင္ဆုေတာင္း ျပည့္ဘုရား၊ ေအာင္ေဇရန္ေအာင္ဘုရား (ဘုရားတစ္ေထာင္)ႏွင့္ ၿမိဳ႕ေပၚရွိ ဘုရားမ်ား သီတင္းကၽြတ္လျပည့္ေန႔ (ေအာက္တိုဘာ ၃၀) မွ လျပည့္ေက်ာ္တစ္ရက္ေန႔ (နိုဝင္ဘာလ ၁) အထိ ဘုရားဖူးခြင့္ကို လုံးဝပိတ္ထားမည္ ျဖစ္ေၾကာင္း ျမစ္ႀကီးနားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ သိရသည္။

ကိုဗစ္ ၁၉ ထိန္းခ်ဳပ္ကာကြယ္ေရး အမိန္႔ညြန္ၾကားခ်က္မ်ားအရ ဗုဒၶဘုရားေစတီမ်ား၌ ဘုရားဖူးလာေရာက္ျခင္း ကို ဧၿပီလကတည္းကပိတ္ထားေသာ္လည္း ျမစ္ႀကီးနားၿမိဳ႕ေပၚက ဆုေတာင္းျပည့္ေစတီ၊ ဘုရားတစ္ေထာင္တို႔ တြင္ ရံဖန္ရံခါ ဘုရားဖူးသူမ်ားႏွင့္ ယၾတာေခ်သူမ်ား လာေရာက္ေလ့ရွိေသာေၾကာင့္ သီတင္းကၽြတ္ အခါႀကီး ရက္မ်ားတြင္ ဘုရားဝင္းအတြင္း လူစုလူေဝးမျဖစ္ေစရန္ အဝင္လုံးဝပိတ္ထားမည္ ျဖစ္ေၾကာင္းျမစ္ႀကီးနားၿမိဳ႕ နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ သိရသည္။

“ခါတိုင္းရက္ေတြဆိုတာက လာရင္လည္း ဘယ္ေလာက္မွမရွိဘူးေလ ဒါေပမယ့္ လျပည့္လကြယ္ေန႔ေတြ မွာေတာ့ လာၾကမွာပဲေလ ဒါ့ေၾကာင့္တံခါးေတြကို ပိတ္ထားမယ္။ ဒီသီတင္းကၽြတ္မွာက သုံးရက္စလုံး လျပည့္ေန႔ကေန တစ္ရက္ေန႔အထိ အဲ့ဒီသုံးရက္လုံးကေတာ့ ဘုရားေတြကို လုံးဝခြင့္မေပးဘူး” ဟု ျမစ္ႀကီးနားၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းဝင္းက ေျပာသည္။

သီတင္းကၽြတ္အခါႀကီးရက္ႀကီးေန႔မ်ား၌ ဘုရားဖူးလာေရာက္ခြင့္ပိတ္ရျခင္းႏွင့္ပတ္သက္၍ ျမစ္ႀကီးနားၿမိဳ႕ နယ္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ အမိန္႔ညြန္ၾကားစာထုတ္ျပန္မည္ျဖစ္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴး ဦးသန္းဝင္းက ထည့္သြင္းေျပာဆိုခဲ့သည္။

ဆုေတာင္းျပည့္ဘုရားကို လျပည့္ေန႔မွ လျပည့္တစ္ရက္ေက်ာ္အထိ စနစ္တက်ပိတ္ထားရန္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ ေရးမွဴး႐ုံးမွ ညြန္ၾကားလာၿပီျဖစ္ေၾကာင္းလည္း သီတာရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးဝင္းေဇာ္ဦးကဆိုသည္။

”ဆုေတာင္းျပည့္ဘုရားကိုေတာ့ ဝင္းတံခါးေသာ့ခတ္ထားမယ္။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဝန္ႀကီးခ်ဳပ္အမိန္႔နဲ႔ ပိတ္ခိုင္းတာတဲ့။ ခါတိုင္းရက္ကေတာ့ လာဖူးသူနည္းနည္းပါးပါးေတာ့ ရွိတာေပါ့” ဟု ဦးဝင္းေဇာ္ဦးက ေျပာ သည္။

ျမစ္ႀကီးနားၿမိဳ႕ေပၚက ဆုေတာင္းျပည့္ဘုရားႏွင့္ ဘုရားတစ္ေထာင္တို႔တြင္ ယခင္ႏွစ္မ်ားက သီတင္းကၽြတ္လ ျပည့္ေန႔ႏွင့္ ဗုဒၶဘာသာဝင္တို႔၏ အခါႀကီးရက္ႀကီးတို႔၌ ဘုရားဖူးလာေရာက္သူမ်ား စည္ကားလ်က္ရွိၿပီး ျမစ္ႀကီးနားၿမိဳ႕ေပၚက ဗုဒၶဘာသာဝင္မ်ားသာမက ကခ်င္ျပည္နယ္အတြင္းရွိ အျခားၿမိဳ႕ရြာမ်ားမွလည္း လာ ေရာက္ဖူးေမ်ာ္ေလ့ရွိသည့္ အထင္ကရဘုရားေစတီမ်ားျဖစ္သည္။

ကခ်င္ျပည္နယ္တြင္ ေအာက္တိုဘာလ (၂၈) ရက္ေန႔အထိ ကိုဗစ္ပိုးေတြ႕ရွိသူစုစုေပါင္း (၁၂၇)ဦးအထိရွိၿပီး ယင္းအနက္ ေဆး႐ုံဆင္းခြင့္ရသူ (၁၂၁)ဦးႏွင့္လက္ရွိ ေဆးကုသမႈခံယူေနသူစုစုေပါင္း (၅)ဦး က်န္ရွိေနေသး ေၾကာင္း ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစိီးဌာနမွ သိရသည္။

လြမ္းေအာင္

#PeopleMedia #ျမစ္ႀကီးနားၿမိဳ႕

(unicode)
မြစ်ကြီးနား ဆုတောင်းပြည့်ဘုရားနှင့် ဘုရားတစ်ထောင်တို့ သီတင်းကျွတ်အခါကြီးရက်ကြီး၌ ဘုရားဖူးခွင့် လုံးဝပိတ်မည်
………………………………………………………

မြစ်ကြီးနား၊ အောက်တိုဘာ ၃၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်က အထင်ကရ ဘုရားများဖြစ်သည့် လောကမာန် အောင်ဆုတောင်း ပြည့်ဘုရား၊ အောင်ဇေရန်အောင်ဘုရား (ဘုရားတစ်ထောင်)နှင့် မြို့ပေါ်ရှိ ဘုရားများ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၃၀) မှ လပြည့်ကျော်တစ်ရက်နေ့ (နိုဝင်ဘာလ ၁) အထိ ဘုရားဖူးခွင့်ကို လုံးဝပိတ်ထားမည် ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေး အမိန့်ညွန်ကြားချက်များအရ ဗုဒ္ဓဘုရားစေတီများ၌ ဘုရားဖူးလာရောက်ခြင်း ကို ဧပြီလကတည်းကပိတ်ထားသော်လည်း မြစ်ကြီးနားမြို့ပေါ်က ဆုတောင်းပြည့်စေတီ၊ ဘုရားတစ်ထောင်တို့ တွင် ရံဖန်ရံခါ ဘုရားဖူးသူများနှင့် ယတြာချေသူများ လာရောက်လေ့ရှိသောကြောင့် သီတင်းကျွတ် အခါကြီး ရက်များတွင် ဘုရားဝင်းအတွင်း လူစုလူဝေးမဖြစ်စေရန် အဝင်လုံးဝပိတ်ထားမည် ဖြစ်ကြောင်းမြစ်ကြီးနားမြို့ နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

“ခါတိုင်းရက်တွေဆိုတာက လာရင်လည်း ဘယ်လောက်မှမရှိဘူးလေ ဒါပေမယ့် လပြည့်လကွယ်နေ့တွေ မှာတော့ လာကြမှာပဲလေ ဒါ့ကြောင့်တံခါးတွေကို ပိတ်ထားမယ်။ ဒီသီတင်းကျွတ်မှာက သုံးရက်စလုံး လပြည့်နေ့ကနေ တစ်ရက်နေ့အထိ အဲ့ဒီသုံးရက်လုံးကတော့ ဘုရားတွေကို လုံးဝခွင့်မပေးဘူး” ဟု မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

သီတင်းကျွတ်အခါကြီးရက်ကြီးနေ့များ၌ ဘုရားဖူးလာရောက်ခွင့်ပိတ်ရခြင်းနှင့်ပတ်သက်၍ မြစ်ကြီးနားမြို့ နယ်အုပ်ချုပ်ရေးမှူးရုံးမှ အမိန့်ညွန်ကြားစာထုတ်ပြန်မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ထည့်သွင်းပြောဆိုခဲ့သည်။

ဆုတောင်းပြည့်ဘုရားကို လပြည့်နေ့မှ လပြည့်တစ်ရက်ကျော်အထိ စနစ်တကျပိတ်ထားရန် မြို့နယ်အုပ်ချုပ် ရေးမှူးရုံးမှ ညွန်ကြားလာပြီဖြစ်ကြောင်းလည်း သီတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ဦးကဆိုသည်။

”ဆုတောင်းပြည့်ဘုရားကိုတော့ ဝင်းတံခါးသော့ခတ်ထားမယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ဝန်ကြီးချုပ်အမိန့်နဲ့ ပိတ်ခိုင်းတာတဲ့။ ခါတိုင်းရက်ကတော့ လာဖူးသူနည်းနည်းပါးပါးတော့ ရှိတာပေါ့” ဟု ဦးဝင်းဇော်ဦးက ပြော သည်။

မြစ်ကြီးနားမြို့ပေါ်က ဆုတောင်းပြည့်ဘုရားနှင့် ဘုရားတစ်ထောင်တို့တွင် ယခင်နှစ်များက သီတင်းကျွတ်လ ပြည့်နေ့နှင့် ဗုဒ္ဓဘာသာဝင်တို့၏ အခါကြီးရက်ကြီးတို့၌ ဘုရားဖူးလာရောက်သူများ စည်ကားလျက်ရှိပြီး မြစ်ကြီးနားမြို့ပေါ်က ဗုဒ္ဓဘာသာဝင်များသာမက ကချင်ပြည်နယ်အတွင်းရှိ အခြားမြို့ရွာများမှလည်း လာ ရောက်ဖူးမျော်လေ့ရှိသည့် အထင်ကရဘုရားစေတီများဖြစ်သည်။

ကချင်ပြည်နယ်တွင် အောက်တိုဘာလ (၂၈) ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း (၁၂၇)ဦးအထိရှိပြီး ယင်းအနက် ဆေးရုံဆင်းခွင့်ရသူ (၁၂၁)ဦးနှင့်လက်ရှိ ဆေးကုသမှုခံယူနေသူစုစုပေါင်း (၅)ဦး ကျန်ရှိနေသေး ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစိီးဌာနမှ သိရသည်။

လွမ်းအောင်

#PeopleMedia #မြစ်ကြီးနားမြို့


Share this post