• Follow Us on

Home ဖာပွန်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီ (၁) ရက်မှ (၁၀) ရက်အတွင်း အမြန်ဆုံး ပြန်လည် ထွက်ခွာရန် KNU/KNLA ထုတ်ပြန်

ဖာပွန်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီ (၁) ရက်မှ (၁၀) ရက်အတွင်း အမြန်ဆုံး ပြန်လည် ထွက်ခွာရန် KNU/KNLA ထုတ်ပြန်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၃၁ (People Media)

 

ကရင်ပြည်နယ်၊ မူတြော်ခရိုင်၊ ဖာပွန်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၀ ရက်အတွင်း အမြန်ဆုံးပြန်လည်ထွက်ခွာရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ်(၅) တပ်မဟာဌာနချုပ် ကော်သူးလေက ဇန်နဝါရီ ၃၀ ရက်နေ့၌ သတင်းထုတ်ပြန်ထားသည်။

 

လက်ရှိမြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော စစ်ကောင်စီ၏ လုပ်ရပ်များအပေါ်တွင် တစ်နိုင်ငံလုံးရှိ ပြည်သူမှ နည်းမျိုးစုံဖြင့် ဆန္ဒပြတော်လှန်နေသည်မှာ ကမ္ဘာအသိပင်ဖြစ်ကြောင်း၊ ထို့ကြောင့် KNU/KNLA အမှတ်(၅) တပ်မဟာနယ်မြေအတွင်းရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တာရားများ မလည်ပတ်နိုင်ရန် အောက်တွင် အသိပေး ထုတ်ပြန်ကြေညာကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

ဖာပွန်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသော အရပ်ဖက်ဆိုင်ရာ ဌာန ဆိုင်အသီးသီးမှ ဝန်ထမ်းများအားလုံးအား မိမိနေထိုင်ရာဒေသသို့ အတားအဆီးမဲ့ ရေလမ်းခရီးဖြင့် ဖာပွန်မြို့မှ သတ်မှတ်သည့် အချိန်နေ့ရက်အတွင်း ထွက်ခွာကြရန်နှင့် မြို့ခံဝန်ထမ်းများသည်လည်း စစ်ကောင်စီ လက် အောက်တွင် ဌာနတာဝန်များ ထမ်းဆောင်ခြင်းမှ ရှောင်ရှားကြရန် အသိပေးအကြောင်းကြားအပ်ကြောင်း ထုတ် ပြန်ထားသည်။

 

လိုက်နာမှုမရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သတိပေးခြင်းနှင့် အတူ အသိပေးကြောင်းကြားအပ်ကြောင်း ထုတ်ပြန်ထားသည်။

 

Photo – KNU

 

#PeopleMedia #ဖာပွန်မြို့ #KNU

 

(unicode)


…………………………………………………………….

 


 


 


 


 


 

Photo – KNU

 



Share this post