• Follow Us on

Home ဖားကန္႔တြင္ မိုးသီးမ်ားေႂကြက် ၊ လူေနအိမ္ အမိုးမ်ား ေပါက္ၿပဲပ်က္စီး

ဖားကန္႔တြင္ မိုးသီးမ်ားေႂကြက် ၊ လူေနအိမ္ အမိုးမ်ား ေပါက္ၿပဲပ်က္စီး

Share this post

ဖားကန္႔၊မတ္ ၂၅

ဖားကန္႔ၿမိဳ႕နယ္အတြင္း မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ မိုးႏွင့္အတူ အာလူးသီးအရြယ္ခန္႔ရွိ မိုးသီးမ်ားက်ဆင္းမႈေၾကာင့္ လူေနအိမ္အမ်ားစု အိမ္အမိုးသြပ္မ်ား ေပါက္ၿပဲပ်က္စီးခဲ့ေၾကာင္း သိရသည္။

မတ္လ(၂၄)ရက္၊ညေနပိုင္းအခ်ိန္က အခ်ိန္အခါ မဟုတ္ မိုးသည္းထန္စြာရြာသြန္းၿပီး၊မိုးသီးမ်ားေႂကြက်မႈေၾကာင့္ ဖားကန္႔ၿမိဳ႕၊ေအးျမသာယာရပ္ ကြက္၊ဆိုင္းဂ်ာဘြမ္ေမွာ္ရြာရွိ ေနအိမ္အမ်ားအျပား အိမ္အမိုးသြပ္မ်ား ေပါက္ၿပဲပ်က္စီးခဲ့ၿပီး လူႏွင့္တိရစၧာန္ ထိခိုက္ ဒဏ္ရာရရွိမႈ မရွိေၾကာင္း မွတ္တမ္းမ်ားအရ သိရသည္။

အဆိုပါ မိုးသီးမ်ားက်ဆင္းမႈေၾကာင့္ အုပ္ခ်ဳပ္ေရးမွဴ း႐ုံး(၁)႐ုံး၊မူလြန္ေက်ာင္းဝန္ထမ္းအိမ္ရာ(၂)ေဆာင္၊ႏွစ္ျခင္းမူႀကိဳေက်ာင္း(၁)ေက်ာင္း၊ကက္သလစ္ဘုရားေက်ာင္း(၁)ေက်ာင္း၊ဗုဒၶဘာသာမူႀကိဳေက်ာင္း(၁)ေက်ာင္း၊လူေနအိမ္ေျခ(၁၈၉)လုံး၊စုစုေပါင္း(၁၉၅)လုံးမွ ပ်က္စီးဆုံးရႈံး ခန္႔မွန္းတန္ဖိုးမွာ (၉၅၅၅၀၀၀) ျဖစ္ေၾကာင္း ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴ း႐ုံးမွ သိရသည္။

ေနာင္႐ိုး

ဓါတ္ပုံ#ဖာကန္႔ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴ း႐ုံး

#peoplemedia #EPN

(unicode)
ဖားကန့်တွင် မိုးသီးများကြွေကျ ၊ လူနေအိမ် အမိုးများ ပေါက်ပြဲပျက်စီး
…………………………………………………………………….

ဖားကန့်၊မတ် ၂၅

ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးနှင့်အတူ အာလူးသီးအရွယ်ခန့်ရှိ မိုးသီးများကျဆင်းမှုကြောင့် လူနေအိမ်အများစု အိမ်အမိုးသွပ်များ ပေါက်ပြဲပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ(၂၄)ရက်၊ညနေပိုင်းအချိန်က အချိန်အခါ မဟုတ် မိုးသည်းထန်စွာရွာသွန်းပြီး၊မိုးသီးများကြွေကျမှုကြောင့် ဖားကန့်မြို့၊အေးမြသာယာရပ် ကွက်၊ဆိုင်းဂျာဘွမ်မှော်ရွာရှိ နေအိမ်အများအပြား အိမ်အမိုးသွပ်များ ပေါက်ပြဲပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း မှတ်တမ်းများအရ သိရသည်။

အဆိုပါ မိုးသီးများကျဆင်းမှုကြောင့် အုပ်ချုပ်ရေးမှူ းရုံး(၁)ရုံး၊မူလွန်ကျောင်းဝန်ထမ်းအိမ်ရာ(၂)ဆောင်၊နှစ်ခြင်းမူကြိုကျောင်း(၁)ကျောင်း၊ကက်သလစ်ဘုရားကျောင်း(၁)ကျောင်း၊ဗုဒ္ဓဘာသာမူကြိုကျောင်း(၁)ကျောင်း၊လူနေအိမ်ခြေ(၁၈၉)လုံး၊စုစုပေါင်း(၁၉၅)လုံးမှ ပျက်စီးဆုံးရှုံး ခန့်မှန်းတန်ဖိုးမှာ (၉၅၅၅၀၀၀) ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူ းရုံးမှ သိရသည်။

နောင်ရိုး

ဓါတ်ပုံ#ဖာကန့်မြို့နယ် အုပ်ချုပ်ရေးမှူ းရုံး

#peoplemedia #EPN


Share this post