• Follow Us on

Home ဖားကန္႔ၿမိဳ႕နယ္၌ ကိုဗစ္ ၁၉ ပိုးေတြ႕လူနာ ၃၅ ဦး ေဆး႐ုံဆင္းခြင့္ရ

ဖားကန္႔ၿမိဳ႕နယ္၌ ကိုဗစ္ ၁၉ ပိုးေတြ႕လူနာ ၃၅ ဦး ေဆး႐ုံဆင္းခြင့္ရ

Share this post

ဖားကန္႔၊ ေအာက္တိုဘာလ ၉
 
ဖားကန္႔ၿမိဳ႕နယ္၌ ကိုဗစ္ေရာဂါပိုးကူးဆက္ခံရသည့္ လူနာ (၃၅)ဦး ေဆး႐ုံဆင္းခြင့္ရခဲ့ၿပီျဖစ္ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ျပည္သူေဆး႐ုံႀကီးမွ သိရသည္။
 
ဖားကန္႔ၿမိဳ႕နယ္အတြင္း ကိုဗစ္နိုင္တင္းပိုးေတြ႕ လူနာ ၃၅ အထိရွိခဲ့ၿပီး ယင္းပိုးေတြ႕လူနာမ်ားမွာ ေရာဂါသက္သာလာျခင္းေၾကာင့္ ေဆး႐ုံအသီးသီးမွာ ဆင္းခြင့္ေပးလိုက္ၿပီျဖစ္ေၾကာင္း ဖားကန္႔ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးမွ ဆရာဝန္ႀကီး ေဒါက္တာမင္းလြင္က ေျပာသည္။
 
“မေန႔ကပဲ တစ္ဦးေဆး႐ုံဆင္းခြင့္ရတယ္၊ အဲ့ဒီတစ္ဦးကေနာက္ဆုံးပဲ ၊ အခုဖားကန္႔မွာ ေရာဂါပိုးေတြသူေတြအားလုံး ေဆး႐ုံကေနဆင္းခြင့္ရခဲ့ၿပီ၊ ေဆး႐ုံးကဆင္းခြင့္ရတဲ့သူေတြကိုလည္း အိမ္မွာေနခိုင္းၿပီး သတ္မွတ္ရက္မေက်ာ္မခ်င္း၊ ေသခ်ာေစာင့္ၾကည့္တာမ်ိဳးေတြလုပ္ထားတယ္၊ ေရာဂါလကၡဏာ နည္းနည္းျပလာရင္ ခ်က္ခ်င္းဆက္သြယ္ဖို႔ ဖုန္းဆက္သြယ္မႈေတြျပဳလုပ္ထားပါတယ္” ဟု ၎ကေျပာသည္။
 
ဖားကန္႔ၿမိဳ႕နယ္အတြင္း ပိုးေတြလူနာအမ်ားဆုံးေတြခဲ့သည့္ ေတာင္ၿပိဳေက်းရြာမွာလည္း လက္ရွိခ်ိန္ထိ အသြားအလာ ကန္႔သတ္နယ္ေျမ (lockdown)ခ်မွတ္ၿပီး ေရာဂါပိုးေတြရွိသူမ်ားႏွင့္ ထိေတြသူမ်ားကိုလည္း Quarantine ခ်မွတ္ထားေၾကာင္း ေတာင္ၿပိဳေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးသန္းေရႊကေျပာသည္။
 
“က်ေနာ္တို႔ေတာင္ၿပိဳေက်းရြာက လူနာအမ်ားဆုံးေတြခဲ့တဲ့ေက်းရြာျဖစ္တယ္ လက္ရွိအခ်ိန္ထိေတာ့ေက်းရြာကို Lock down သတ္မွတ္ထားတယ္၊ ေဆး႐ုံကဆင္းခြင့္ရသူေတြကို အိမ္မွာေနခိုင္းၿပီး ေစာင့္ၾကည့္ေနတယ္၊ တစ္ခ်ိဳ႕လူနာေတြက ေဆး႐ုံဆင္းၿပီး သတ္မွတ္ရက္ကိုေက်ာ္လြန္တာေတြလည္းရွိတယ္”ဟု ၎ကေျပာသည္။
 
လက္ရွိေတာင္ၿပိဳေက်းရြာတြင္ Quarantine ထားရွိသူ (၆၀)ေက်ာ္ရွိေနၿပီး ဖားကန္႔တစ္ၿမိဳ႕နယ္လုံးအေနျဖင့္ Quarantine ထားရွိသူ (၃၀၀)ေက်ာ္ရွိေနေၾကာင္း သိရသည္။
 
လက္ရွိ ကခ်င္ျပည္နယ္အတြင္း ေရာဂါပိုးေတြရွိသူ (၅၁) အထိရွိေနၿပီး ကုသမႈခံယူလ်က္ရွိသူ (၈)ဦးႏွင့္ ေဆး႐ုံဆင္းခြင့္ရရွိသူ (၄၃)ဦးအထိရွိေနၿပီျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနရဲ႕ ေအာက္တိုဘာလ ၈ ရက္ေန႔ စာရင္းမ်ားအရသိရသည္။
 
ေဝယံ
 
#PeopleMedia #COVID19 #ဖားကန႔္ၿမိဳ႕
 
(Unicode)
ဖားကန့်မြို့နယ်၌ ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၃၅ ဦး ဆေးရုံဆင်းခွင့်ရ
………………………………………….
 
ဖားကန့်၊ အောက်တိုဘာလ ၉
 
ဖားကန့်မြို့နယ်၌ ကိုဗစ်ရောဂါပိုးကူးဆက်ခံရသည့် လူနာ (၃၅)ဦး ဆေးရုံဆင်းခွင့်ရခဲ့ပြီဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူဆေးရုံကြီးမှ သိရသည်။
 
ဖားကန့်မြို့နယ်အတွင်း ကိုဗစ်နိုင်တင်းပိုးတွေ့ လူနာ ၃၅ အထိရှိခဲ့ပြီး ယင်းပိုးတွေ့လူနာများမှာ ရောဂါသက်သာလာခြင်းကြောင့် ဆေးရုံအသီးသီးမှာ ဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်ကြီး ဒေါက်တာမင်းလွင်က ပြောသည်။
 
“မနေ့ကပဲ တစ်ဦးဆေးရုံဆင်းခွင့်ရတယ်၊ အဲ့ဒီတစ်ဦးကနောက်ဆုံးပဲ ၊ အခုဖားကန့်မှာ ရောဂါပိုးတွေသူတွေအားလုံး ဆေးရုံကနေဆင်းခွင့်ရခဲ့ပြီ၊ ဆေးရုံးကဆင်းခွင့်ရတဲ့သူတွေကိုလည်း အိမ်မှာနေခိုင်းပြီး သတ်မှတ်ရက်မကျော်မချင်း၊ သေချာစောင့်ကြည့်တာမျိုးတွေလုပ်ထားတယ်၊ ရောဂါလက္ခဏာ နည်းနည်းပြလာရင် ချက်ချင်းဆက်သွယ်ဖို့ ဖုန်းဆက်သွယ်မှုတွေပြုလုပ်ထားပါတယ်” ဟု ၎င်းကပြောသည်။
 
ဖားကန့်မြို့နယ်အတွင်း ပိုးတွေလူနာအများဆုံးတွေခဲ့သည့် တောင်ပြိုကျေးရွာမှာလည်း လက်ရှိချိန်ထိ အသွားအလာ ကန့်သတ်နယ်မြေ (lockdown)ချမှတ်ပြီး ရောဂါပိုးတွေရှိသူများနှင့် ထိတွေသူများကိုလည်း Quarantine ချမှတ်ထားကြောင်း တောင်ပြိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းရွှေကပြောသည်။
 
“ကျနော်တို့တောင်ပြိုကျေးရွာက လူနာအများဆုံးတွေခဲ့တဲ့ကျေးရွာဖြစ်တယ် လက်ရှိအချိန်ထိတော့ကျေးရွာကို Lock down သတ်မှတ်ထားတယ်၊ ဆေးရုံကဆင်းခွင့်ရသူတွေကို အိမ်မှာနေခိုင်းပြီး စောင့်ကြည့်နေတယ်၊ တစ်ချို့လူနာတွေက ဆေးရုံဆင်းပြီး သတ်မှတ်ရက်ကိုကျော်လွန်တာတွေလည်းရှိတယ်”ဟု ၎င်းကပြောသည်။
 
လက်ရှိတောင်ပြိုကျေးရွာတွင် Quarantine ထားရှိသူ (၆၀)ကျော်ရှိနေပြီး ဖားကန့်တစ်မြို့နယ်လုံးအနေဖြင့် Quarantine ထားရှိသူ (၃၀၀)ကျော်ရှိနေကြောင်း သိရသည်။
 
လက်ရှိ ကချင်ပြည်နယ်အတွင်း ရောဂါပိုးတွေရှိသူ (၅၁) အထိရှိနေပြီး ကုသမှုခံယူလျက်ရှိသူ (၈)ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ (၄၃)ဦးအထိရှိနေပြီဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ အောက်တိုဘာလ ၈ ရက်နေ့ စာရင်းများအရသိရသည်။
 
ဝေယံ
 
#PeopleMedia #COVID19 #ဖားကန့်မြို့

Share this post