• Follow Us on

Home ဖိအားတွေပေးတိုင်း ပိပြားကြကြေးဆိုရင် မြန်မာနိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးရလာမှာ မဟုတ်သလို  မြန်မာနိုင်ငံ ရှိလာမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

ဖိအားတွေပေးတိုင်း ပိပြားကြကြေးဆိုရင် မြန်မာနိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးရလာမှာ မဟုတ်သလို  မြန်မာနိုင်ငံ ရှိလာမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၄ (People Media)

 

နိုင်ငံတကာမှ ဖိအားများပေးတိုင်းသာ မြန်မာနိုင်ငံက ပိပြားရမည်ဆိုပါက မြန်မာနိုင်ငံက လွတ်လပ်ရေးရခဲ့မည် မဟုတ်သလို မြန်မာနိုင်ငံ၏ မြေပုံမှာလည်း ယနေ့ အခြေအနေတိုင်း ရှိနေမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

 

ယနေ့ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းပြန်ကြားရေးအဖွဲ့၏ (၁၁) ကြိမ်မြောက် သတင်းစာရှင်းပွဲတွင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဖိအားပေးတဲ့ နိုင်ငံတွေက ဆက်လက် ဖိအားပေးနေမှာဘဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာစာမျက်နှာမှာ ဆက် လက် မြှင့်တင်ပေးမယ့် နိုင်ငံတွေကတော့ ဆက်လက် မြှင့်တင်ပေးနေမှာဘဲ။ ဖိအားတွေ ပေးတိုင်း ပိပြား သွားတာမဟုတ်ဘူး။ ဖိအားတွေပေးတိုင်း ပိပြားကြကြေးဆိုရင် မြန်မာနိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးရ လာမှာ မဟုတ်သလို မြေပုံပေါ်တောင် မြန်မာနိုင်ငံ ရှိလာမှာ မဟုတ်ဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုန့်ပြန်ခဲ့ ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

 

#PeopleMedia #ဗိုလ်ချုပ်ဇော်မင်းထွန်း

 

(unicode)


……………………………………………………………..

 


 


 


 


 



Share this post