• Follow Us on

Home အနောက်အုပ်စုနှင့် ဆက်ဆံရေးပိုမိုတင်းမာလာပါက လက်တင်အမေရိကသို့ တပ်များစေလွှတ်မည်ဖြစ်ကြောင်း ရုရှားပြော

အနောက်အုပ်စုနှင့် ဆက်ဆံရေးပိုမိုတင်းမာလာပါက လက်တင်အမေရိကသို့ တပ်များစေလွှတ်မည်ဖြစ်ကြောင်း ရုရှားပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄ (People Media)

 

အမေရိကန်/ အနောက်အုပ်စုမဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးတင်းမာလာပါက ကျူးဘားနှင့် ဗန်နီဇွဲလားနိုင် ငံများတွင် တပ်ဖြန့်ချထားမှုများပြုလုပ်ခြင်းကို စာရင်းမှဖယ်ထုတ်ထားမည်မဟုတ်ကြောင်း ထိပ်တန်းသံတမန် တစ်ဦးကပြောကြားလိုက်ပြီးနောက် ယူကရိန်းအရေး/ နေတိုးတပ်များနယ်မြေတိုးချဲ့ရေးနှင့်ပတ်သက်၍ ရုရှား နှင့် အနောက်နိုင်ငံများ၏ အငြင်းပွားမှုမှာ ပိုမိုပြင်းထန်လာသည်။

 

အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများ ရုရှားနိုင်ငံ၏ တံခါးဝတွင် ၎င်းတို့စစ်အင်အားကို လျှော့ချခြင်းမပြုလုပ် ပါက လက်တင်အမေရိကသို့ ရုရှားတပ်ဖွဲ့များ စေလွှတ်ခြင်းကို အတည်ပြုထားခြင်းမရှိသလို ဖယ်ထုတ်ထားခြင်း လည်းမရှိကြောင်း ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး ဆာဂျီရတ်ကော့ဗ်ကပြောသည်။

 

“အခြေအနေအားလုံးဟာ အမေရိကန်ရဲ့လုပ်ဆောင်မှုအပေါ်မှာပဲ မူတည်နေပါတယ်။” ဟု  အမေရိကန်နှင့် ၎င်း တို့၏မဟာမိတ်နိုင်ငံများက ရုရှားနိုင်ငံ၏တောင်းဆိုချက်များကို မလိုက်လျောပါက ရုရှားအစိုးရအနေဖြင့် သတ် မှတ်မထားသောစစ်ဘက်နည်းပညာအရ အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှား သမ္မတဗလာဒီမာပူတင်၏ သတိပေးစကားကို ကိုးကား၍ ရုရှားရုပ်သံ RTVI နှင့် အင်တာဗျူးတစ်ခုတွင် ဆာဂျီ ရတ်ကော့ဗ်ကပြောသည်။

 

ကျူးဘားနှင့် ဗန်နီဇွဲလားတွင် ရုရှားတပ်များ တပ်ဖြန့်ချထားမည်ဆိုသည့်စကားမှာ အများအမြင်တွင် ဟန်သာရှိ ပြီး အဆံမရှိသောသြင်္ကန်အမြောက်သာဖြစ်ကြောင်းပြောဆိုရင်း ရုရှားနိုင်ငံ၏ပြောဆိုချက်ကို အမေရိကန်အမျိုး သားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ဆူလီဗန်က ပယ်ချလိုက်သည်။

 

လက်ရှိရုရှားနိုင်ငံက ပြောဆိုသည့်အကြောင်းအရာမှာ ယခုသီတင်းပတ်အတွင်းပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများ တွင်မပါဝင်ကြောင်း၊ ရုရှားနိုင်ငံက ယင်းလမ်းကြောင်းအတိုင်းသွားမည်ဆိုပါက ၎င်းတို့အနေဖြင့် ပြတ်ပြတ်သား သား ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျိတ်ဆူလီဗန်က ပြောသည်။

 

ဇန်နဝါရီလ ၁၀ ရက်နေ့ကဆွေးနွေးပွဲတွင် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ရုရှားဒုတိယကာကွယ်ရေးဝန်ကြီး ဆာဂျီ ရတ်ကော့ဗ်က ဦးဆောင်လာခဲ့ခြင်းဖြစ်သည်။ ယူကရိန်းနိုင်ငံအနီး ရုရှားတပ်များ အင်အားအလုံးအရင်း စုဖွဲ့နေ သည့်ကိစ္စကို တုံ့ပြန်သည့်အနေဖြင့် ဂျီနီဗာမြို့မှ ညှိနှိုင်းဆွေးနွေးပွဲနှင့် နေတိုး-ရုရှား ဆွေးနွေးပွဲများ ကျင်းပခဲ့ကြ ခြင်းဖြစ်သည်။

 

ရုရှားနိုင်ငံသည် ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားကျွန်းဆွယ်ကိုသိမ်းပိုက်ခဲ့သော်လည်း ယူကရိန်းကိုကျူးကျော်တိုက် ခိုက်ရန် စီစဉ်နေသည်ဆိုသောစွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

 

နေတိုးအဖွဲ့သည် ရုရှားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ရုရှားနိုင်ငံက စွပ်စွဲထားပြီး နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံအပါအဝင် ယခင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံဟောင်းများအား နေတိုးအဖွဲ့ဝင်နိုင်ငံသစ်  အဖြစ်လက်မခံရန်နှင့် တောင်းဆိုထားသည်။ အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများက ရုရှားအစိုးရ၏ တောင်းဆိုချက်များကို ပယ်ချခဲ့သည်။

 

Ref: Russia talks of sending troops to Latin America if tensions with West rise

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Russia talks of sending troops to Latin America if tensions with West rise

 

#PeopleMedia


Share this post