• Follow Us on

Home မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်မှု နိုင်ငံတကာအာရုံစိုက်ခံရအောင် ကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်း ဘလင် ကန်ပြော

မြောက်ကိုရီးယားဒုံးကျည်ပစ်ခတ်မှု နိုင်ငံတကာအာရုံစိုက်ခံရအောင် ကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်း ဘလင် ကန်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၄ (People Media)

 

မြောက်ကိုရီးယားနိုင်ငံသည် ဒုံးကျည်များကိုပစ်ခတ်ပြီး မတည်မငြိမ်ဖြစ်အောင်ပြုလုပ်ခြင်းဖြင့် နိုင်ငံတကာအာရုံ စိုက်မှုရအောင် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဇန်နဝါရီ လ ၁၃ ရက်နေ့က ပြောကြားလိုက်သည်။

 

အမေရိကန်တွင် ကင်ဂျုံအန်အစိုးရကို ရန်လိုသည့်ရည်ရွယ်ချက်မရှိသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် စားပွဲ ဝိုင်းတွင်ထိုင်၍ ဆွေးနွေးရန် မြောက်ကိုရီးယားနိုင်ငံကို တိုက်တွန်းကြောင် အမေရိကန်အဆင့်မြင့်သံတမန်တစ် ဦးဖြစ်သူ ဘလင်ကန်က ထပ်မံပြောဆိုလိုက်သည်။

 

“ဒီဒုံးကျည်ပစ်ခတ်မှုထဲက တချို့ပစ်ခတ်မှုတွေဟာ မြောက်ကိုရီးယားနိုင်ငံက အာရုံစိုက်ခံရအောင် လုပ်နေတာ ဖြစ်ပါတယ်။ အရင်ကလည်း ဒီလိုလုပ်ခဲ့တာပါပဲ။ ဆက်ပြီးတော့လည်း ဒီအတိုင်း လုပ်ဦးမှာပါပဲ။” ဟု ဘလင်ကန် က MSNBC သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

 

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုများမှာ ဒေသတွင်းမတည်ငြိမ်အောင် ထူးထူးခြားခြားဆောင်ရွက် နေခြင်းဖြစ်ပြီး အန္တရာယ်များကြောင်း၊ ယင်းသို့လုပ်ဆောင်နေသည်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက်များကို ဆန့်ကျင်၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဘလင်ကန်က ပြောသည်။

 

လွန်ခဲ့သည့်သီတင်းပတ်က နျူကလီးယားလက်နက်ပိုင်ဆိုင်သောနိုင်ငံဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံက ဒုတိ ယအကြိမ်မြောက် စမ်းသပ်ပစ်ခတ်ခဲ့သည့် ဟိုက်ပါဆောနစ်ဒုံးကျည်ပစ်ခတ်မှုကို သမ္မတကင်ဂျုံအန်က ကြီးကြပ် ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာနက ဇန်နဝါရီလ ၁၂ ရက်နေ့က ကြေညာခဲ့သည်။

 

ဒုံးကျည်စမ်းသပ်ပစ်ခတ်ပြီးမကြာမီ မြောက်ကိုရီးယားနိုင်ငံ၏ ပဲ့ထိန်းဒုံးကျည်စီမံကိန်းငါးခုနှင့်ပတ်သက်ပြီး စီးပွား ရေးအရေးယူပိတ်ဆို့မှုကို ချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရကကြေညာခဲ့ရာ ယင်းသို့ကြေညာခြင်းသည် အခြေအနေများပိုတင်းမာလာအောင် ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြုံယမ်းရှိ နိုင်ငံခြားရေးဝန် ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က စွပ်စွဲပြောဆိုလိုက်သည်။

 

“အမေရိကန်က အဲဒီလို ထိပ်တိုက်တွေ့ဆုံရေးရည်တည်ချက်မျိုးကို ခံယူကျင့်သုံးတယ်ဆိုရင် ဒီမိုကရက်တစ် ကို ရီးယားပြည်သူ့သမ္မတနိုင်ငံကို အဲဒီလို ပြန်လည်တုံ့ပြန်ဖို့ ဖိအားပေးလိုက်တာပါပဲ။” ဟု မြောက်ကိုရီးယားအစိုးရ ပိုင် KCNA သတင်းဌာနသို့  အဆိုပါပုဂ္ဂိုလ်ကပြောသည်။

 

သမ္မတကင်ဂျုံအန်က အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်နှင့် သုံးကြိမ်ဆွေးနွေးပြီးကတည်းက သံတမန် ဆက်ဆံရေးများမှာ ရပ်ဆိုင်းလျက်ရှိသည်။

 

ထရမ့်နှင့်ဆွေးနွေးမှုမှ နောက်ဆုံးသဘောတူညီချက်ရလဒ်များ ပေါ်ထွက်လာခြင်းမရှိသလို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အစိုးရ၏ အဆင့်နိမ့်ဆက်ဆံရေးကမ်းလှမ်းမှုကိုလည်း မြောက်ကိုရီးယားနိုင်ငံက စိတ်ဝင်စားသည့်ပုံ ပြသခြင်းမရှိပေ။

 

Ref: Blinken Says N.Korea Launches May Be Seeking Attention

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Blinken Says N.Korea Launches May Be Seeking Attention

 

#PeopleMedia


Share this post