• Follow Us on

Home ဖီဂ်ီတြင္ တ႐ုတ္ႏွင့္ ထိုင္၀မ္သံတမန္မ်ား ကိုယ္ထိလက္ေရာက္ထိုးႀကိတ္

ဖီဂ်ီတြင္ တ႐ုတ္ႏွင့္ ထိုင္၀မ္သံတမန္မ်ား ကိုယ္ထိလက္ေရာက္ထိုးႀကိတ္

Share this post

ဆူဗာ၊ ေအာက္တိုဘာ ၂၀
 
ဖီဂ်ီကၽြန္းႏိုင္ငံတြင္ တ႐ုတ္ႏွင့္ထိုင္၀မ္သံတမန္မ်ား ကိုယ္ထိလက္ေရာက္ထိုးႀကိတ္မႈမ်ားျဖစ္ၿပီးေနာက္ တ႐ုတ္ျပည္မႀကီးႏွင့္ထိုင္၀မ္တို႔ၾကား ကာလ႐ွည္တင္းမာမႈမ်ားျပန္လည္ေပၚေပါက္လာသည္။
 
ယခုလအေစာပိုင္းေအာက္တိုဘာ ၈ ရက္က အမ်ိဳးသားေန႔အခမ္းအနားသို႔ တ႐ုတ္သံ႐ံုးအရာ႐ွိ ၂ ေယာက္က ၀င္ေရာက္ထိုးႀကိတ္ခဲ့သည္ဟု ထိုင္၀မ္က စြပ္စြဲသည္။
 
တ႐ုတ္ျပည္မႀကီးဘက္က ထိုျဖစ္ရပ္ကို ျငင္းဆိုထားသည္။ ထိုထိုးႀကိတ္မႈမ်ားေၾကာင့္ အရာ႐ွိမ်ားဒဏ္ရာရခဲ့သည္ဟု ႏွစ္ဖက္စလံုးကေျပာထားၿပီး စံုစမ္းစစ္ေဆးေပးရန္လည္း ဖီဂ်ီရဲတပ္ဖြဲ႔ကို ေတာင္းဆိုထားသည္။
 
ထိုျဖစ္ရပ္အတြက္စံုစမ္းစစ္ေဆးမႈအေပၚ ဖီဂ်ီရဲတပ္ဖြဲ႔ဘက္က တစံုတရာထုတ္မေျပာထားေခ်။
 
ထိုင္၀မ္၏ႏိုင္ငံတကာလႈပ္႐ွားမႈမ်ားကို တ႐ုတ္ျပည္မႀကီးက ကန္႔သတ္ရန္ႀကိဳးစားေနၿပီး ပစိဖိတ္ေဒသတြင္ လႊမ္းမိုးမႈ႐ွိရန္ ႏွစ္ဖက္စလံုးကႀကိဳးစားေနသည္။
 
ထိုင္၀မ္သည္ ျပည္မႀကီးမွကြဲကြာေနသည့္ျပည္နယ္တခုဟု တ႐ုတ္ျပည္မႀကီးဘက္ကမွတ္ယူထားေသာ္လည္း ထိုင္၀မ္ေခါင္းေဆာင္မ်ားက ျငင္းဆိုၿပီး အခ်ဳပ္အျခာအာဏာပိုင္နယ္ေျမတခုဟု တံု႔ျပန္ထားသည္။
 
Ref : China-Taiwan tensions erupt over diplomats’ fight in Fiji
 
#PeopleMedia
 
(unicode)
ဖီဂျီတွင် တရုတ်နှင့် ထိုင်ဝမ်သံတမန်များ ကိုယ်ထိလက်ရောက်ထိုးကြိတ်
…………………………………………..
 
ဆူဗာ၊ အောက်တိုဘာ ၂၀
 
ဖီဂျီကျွန်းနိုင်ငံတွင် တရုတ်နှင့်ထိုင်ဝမ်သံတမန်များ ကိုယ်ထိလက်ရောက်ထိုးကြိတ်မှုများဖြစ်ပြီးနောက် တရုတ်ပြည်မကြီးနှင့်ထိုင်ဝမ်တို့ကြား ကာလရှည်တင်းမာမှုများပြန်လည်ပေါ်ပေါက်လာသည်။
 
ယခုလအစောပိုင်းအောက်တိုဘာ ၈ ရက်က အမျိုးသားနေ့အခမ်းအနားသို့ တရုတ်သံရုံးအရာရှိ ၂ ယောက်က ဝင်ရောက်ထိုးကြိတ်ခဲ့သည်ဟု ထိုင်ဝမ်က စွပ်စွဲသည်။
 
တရုတ်ပြည်မကြီးဘက်က ထိုဖြစ်ရပ်ကို ငြင်းဆိုထားသည်။ ထိုထိုးကြိတ်မှုများကြောင့် အရာရှိများဒဏ်ရာရခဲ့သည်ဟု နှစ်ဖက်စလုံးကပြောထားပြီး စုံစမ်းစစ်ဆေးပေးရန်လည်း ဖီဂျီရဲတပ်ဖွဲ့ကို တောင်းဆိုထားသည်။
 
ထိုဖြစ်ရပ်အတွက်စုံစမ်းစစ်ဆေးမှုအပေါ် ဖီဂျီရဲတပ်ဖွဲ့ဘက်က တစုံတရာထုတ်မပြောထားချေ။
 
ထိုင်ဝမ်၏နိုင်ငံတကာလှုပ်ရှားမှုများကို တရုတ်ပြည်မကြီးက ကန့်သတ်ရန်ကြိုးစားနေပြီး ပစိဖိတ်ဒေသတွင် လွှမ်းမိုးမှုရှိရန် နှစ်ဖက်စလုံးကကြိုးစားနေသည်။
 
ထိုင်ဝမ်သည် ပြည်မကြီးမှကွဲကွာနေသည့်ပြည်နယ်တခုဟု တရုတ်ပြည်မကြီးဘက်ကမှတ်ယူထားသော်လည်း ထိုင်ဝမ်ခေါင်းဆောင်များက ငြင်းဆိုပြီး အချုပ်အခြာအာဏာပိုင်နယ်မြေတခုဟု တုံ့ပြန်ထားသည်။
 
Ref : China-Taiwan tensions erupt over diplomats’ fight in Fiji
 
#PeopleMedia

Share this post