• Follow Us on

Home ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာလျှင် ဖျက်သိမ်းမည်ဆိုသည့် တပ်ချုပ်၏ ပြောစကားအပေါ် အာဏာရ NLD ပါတီက လိုအပ်လျှင် သဘောထား ထုတ်ပြန်သွားမယ်လို့ ဒေါက်တာမျိုးညွှန့်ပြောဆို

ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာလျှင် ဖျက်သိမ်းမည်ဆိုသည့် တပ်ချုပ်၏ ပြောစကားအပေါ် အာဏာရ NLD ပါတီက လိုအပ်လျှင် သဘောထား ထုတ်ပြန်သွားမယ်လို့ ဒေါက်တာမျိုးညွှန့်ပြောဆို

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၂၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ဖွဲ့စည်းပုံအခြေခံဥပဒေကို မလိုက်နာလျှင် ဖျက်သိမ်းမည်ဆိုသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြော ဆိုချက်နှင့်ပတ်သက်၍ NLD ပါတီက လိုအပ်လျှင် သဘောထားထုတ်ပြန်သွားမည်ဖြစ်ကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်က ပြောသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဇန်နဝါရီ ၂၇ ရက်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြ အရာရှိများနှင့် သင်တန်းသားအရာရှိများအား တွေ့ဆုံစဉ် ဖွဲ့စည်းပုံကို မလိုက်နာလျှင် ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထိုကဲ့သို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောဆိုချက်အပေါ် People Media က NLD ပါတီ CEC အဖွဲ့ဝင် ဒေါက်တာမျိုးညွှန့်ကို ဆက်သွယ်မေးမြန်းရာ
“အခြားအဖွဲ့အစည်းတွေက ဥပဒေကိုကျော်လွန်လုပ်လာရင်လည်း ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို ကျွန် တော်တို့ ဒီဥပဒေနဲ့ပဲရင်ဆိုင်သွားမယ်။ သူဘာရည်ရွယ်ချက်နဲ့ပြောလဲဆိုတာ သူအသိဆုံးပဲဖြစ်မှာပါ။ သူ ပြောသလို တကယ်လုပ်နိုင်မလုပ်နိုင်ဆိုတာတော့ လက်နက်အင်အားရှိရင်တော့ရတာပေါ့ ဒါကတော့ သူတို့ သဘောပါ။ ဘာမှတော့မှတ်ချက်မပေးနိုင်ပါဘူး။ ကျွန်တော်တို့ဘက်ကလည်း စဉ်းစားနေပါတယ် သဘောထား ထုတ်ပြန်ဖို့ လိုအပ်မယ်ဆိုရင်တော့ ထုတ်ပြန်ရမှာပေါ့” ဟု ဒေါက်တာမျိုးညွှန့်ကပြောသည်။

ထို့အပြင် ဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများအပေါ် ပြည်သူများ ညီညီညွှတ်ညွှတ် ဥပဒေနှင့်အညီ ဖြေရှင်းပါက ပိုမိုကောင်းမွန်သည့် အခြေအနေတစ်ခုရောက်လာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးစနစ်က ချို့ယွင်းချက်တွေရှိပါတယ်။ အဲ့ဒါကြောင့် စီးပွားရေး လက်နက်ကိုင် ပဋိပက္ခတရားဥပဒေစိုးမိုးမှုမရှိတဲ့ကိစ္စ ဒါတွေက နိုင်ငံရေးချိုယွင်းချက်ပေါ့။ ဒီလို ပဋိပက္ခမျိုးဟာ တစ်ချိန်မဟုတ် တစ်ချိန်ပေါ်လာမှာပါ။ အခုလိုပေါ်လာရင်လည်းပြည်သူတွေက ညီညီညွှတ်ညွှတ်နဲ့ ဥပဒေနဲ့အညီ ဖြေရှင်းသွား ရင် ပိုမိုပြီးကောင်းမွန်တဲ့အခြေအနေတစ်ခုကိုရောက်လာနိုင်မှာပါ” ဒေါက်တာမျိုးညွှန့်ကပြောသည်။

#PeopleMedia #ဒေါက်တာမျိုးညွှန့် #NLD #ဖွဲ့စည်းပုံ

(unicode)
……………………………………………………………









Share this post