• Follow Us on

Home ဖွဲ့စည်းပုံဥပဒေပုဒ်မ ၂၀ ပုဒ်မခွဲ(င) (စ)တို့နှင့်အညီ အဓိကတာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော်နှင့် အတူ ရပ်တည်ပြီး ကျရာတာဝန်ကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဦးသိန်းညွှန့် ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် NNDP ပါတီ ထုတ်ပြန်

ဖွဲ့စည်းပုံဥပဒေပုဒ်မ ၂၀ ပုဒ်မခွဲ(င) (စ)တို့နှင့်အညီ အဓိကတာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော်နှင့် အတူ ရပ်တည်ပြီး ကျရာတာဝန်ကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ဦးသိန်းညွှန့် ဥက္ကဋ္ဌအဖြစ်တာဝန်ယူသည့် NNDP ပါတီ ထုတ်ပြန်

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၈ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
ဒို့တာဝန်အရေးသုံးပါး ကာကွယ်စောင့်ရှောက်ရေးအား အဓိကတာဝန်အဖြစ် ရယူထားသည့် တပ်မတော်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) ပါတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀ ပုဒ်မခွဲ(င) (စ)တို့နှင့်အညီ အဓိကတာဝန်ကို ထမ်းဆောင်နေသည့် တပ်တော်နှင့်အတူ ရပ်တည်ပြီး ကျရာတာဝန်ကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း NNDP ပါတီက ယနေ့ သတင်းထုတ် ပြန်လိုက်သည်။
 
ဖွဲ့စည်းပုံအခြေခံ၌ ဥပဒေပုဒ်မ ၂၀ ပုဒ်မခွဲ(င)သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေးနှင့်အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်ဟူ၍ ဖော်ပြထားသည်။
 
ထို့အတူ ပုဒ်မ ၂၀ ပုဒ်မခွဲ(စ)သည် တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းအခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ဖော်ပြထားသည်။
 
အမျိုးသားဒီမိုကရေစီပါတီသစ်သည် ရွေးကောက်ပွဲမတိုင်မှီကာလ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် နိုင်ငံရေးပါတီများ၌ ပါဝင်ခဲ့သော ပါတီတစ်ခုဖြစ်သည်။
 
#PeopleMedia #NNDP #ဦးသိန်းညွှန့်
 
(unicode)
…………………………………………………………….
 
 
 
 
 
 

Share this post