• Follow Us on

Home ဗစ္တိုးရီးယားအမႈတြင္ ရဲတပ္ဖြဲ႕မွ တင္ျပထားေသာ မႈခင္းမွတ္တမ္းမ်ား သည္ လုပ္ႀကံဖန္တီးထားတာ တစ္ခုမွ မရွိဟု မႈခင္းရဲတပ္ဖြဲ႕ေခါင္းေ ဆာင္မ်ားေျပာ

ဗစ္တိုးရီးယားအမႈတြင္ ရဲတပ္ဖြဲ႕မွ တင္ျပထားေသာ မႈခင္းမွတ္တမ္းမ်ား သည္ လုပ္ႀကံဖန္တီးထားတာ တစ္ခုမွ မရွိဟု မႈခင္းရဲတပ္ဖြဲ႕ေခါင္းေ ဆာင္မ်ားေျပာ

Share this post

ေနျပည္ေတာ္ရွိ ပုဂၢလိက ေက်ာင္းတစ္ခုျဖစ္သည့္ Wisdom Hall မူႀကိဳေက်ာင္းတြင္ ျဖစ္ပြားခဲ့သည့္ ဗစ္တိုးရီး ယားအမႈကိစၥတြင္ ရဲတပ္ဖြဲ႕အေနျဖင့္ လုပ္ႀကံဖန္တီးထားသည့္ မႈခင္းမွတ္တမ္းမ်ားတစ္ခုမွမရွိေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မႈခင္းရဲတပ္ဖြဲ႕ၫႊန္ၾကားေရးမွဴး ရဲမွဴးႀကီး ဦးမင္းဟန္က ေျပာသည္။

ဗစ္တိုးရီးယားအမႈတြင္ ရဲတပ္အဖြဲ႕က တရားခံဟု ယူဆထားအား တရား႐ုံးမွ တရားရွင္လႊတ္ေပးျခင္းႏွင့္ ပတ္ သက္၍ ယေန႔တြင္ ျပဳလုပ္ေသာသတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့ျခင္းျဖစ္ၿပီး ယင္းအမႈတြင္ ရဲတပ္ဖြဲ႕အေန ျဖင့္ အမႈမွန္ေပၚေပါက္ေရးအတြက္ ႀကိဳစားေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။

“ကၽြန္ေတာ္တို႔ ရဲတပ္ဖြဲ႕အေနနဲ႔ အခုရွင္းလင္းျပတဲ့ဟာေတြအထဲမွာ လုပ္ႀကံဖန္တီးထားတာ တစ္ခုမွ မရွိပါဘူး၊ ႐ိုး႐ိုးသားသားနဲ႔ ပဲဒီအမႈကို စုံစမ္းစစ္ေဆးေဖာ္ထုတ္ေနတာပါ” ဟု မႈခင္းရဲတပ္ဖြဲ႕ ၫႊန္ၾကားေရးမွဴး ရဲမွဴးႀကီး ဦးမင္းဟန္က ေျပာသည္။

ဗစ္တိုးရီးယားအမႈတြင္လည္း ရဲတပ္ဖြဲ႕၏ ေဆာင္ရြက္ခ်က္မ်ားတြင္ ႀကိဳးကိုင္ခဲ့သည့္ လူပုဂၢိဳလ္မ်ား မရွိသည့္ အျပင္ မည္သူမွ် ဖိအားေပးလုပ္ေဆာင္ခိုင္းေစျခင္း၊ အမႈအား ကိုင္တြယ္ေနသည့္သူမ်ားကို ခ်ဳပ္ကိုင္ခဲ့ျခင္းလည္း မရွိခဲ့ေၾကာင္း အဆိုပါရွင္းလင္းပြဲတြင္ တာ၀န္ရွိသူမ်ားက ျငင္းဆိုသည္။

“ကၽြန္ေတာ္တို႔လည္း အတက္ႏိုင္ဆုံး ဒီအမႈကို ႀကိဳးစားၿပီးေတာ့ တည္ေဆာက္ထားတာ ရဲတပ္ဖြဲ႕လည္း ဒီျပည္ သူလူထုထဲကပဲ ရဲတပ္ဖြဲ႕ထဲကဘဲ အဲ့ဒီေတာ့ ဒီမွာ တည္ေဆာက္ေနတဲ့ အမႈေတြထဲက အားေကာင္းပါတယ္ ဆိုတဲ့ သက္မဲ့သက္ေသ က်န္ရက္သားႀကီးကို ဝုန္းဆို မေန႔က လႊတ္လိုက္ေတာ့ အစ္ကိုတို႔ တရားဥပေဒနဲ႔ ပတ္သက္တဲ့ အဖြဲ႕အစည္းအားလုံး အေတာ္ အံ့အားသင့္ရပါတယ္” ဟု မႈခင္းရဲတပ္ဖြဲ႕တပ္ဖြဲ႕မွဴး ရဲမွဴးခ်ဳပ္ စိုးႏိုင္ဦးက ေျပာသည္။

တရားခံဟု တင္ျပထားသည္ ေအာင္ႀကီးအား တရားရွင္လႊတ္ေပးျခင္းႏွင့္ပတ္သက္၍ ရဲတပ္ဖြဲ႕အေနျဖင့္လည္း တည္းဆဲဥပေဒမ်ားအတိုင္း ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ၿပီး အမႈႏွင့္ပတ္သက္၍ စစ္ေဆးရာတြင္လည္း က်ဴးလြန္ခံရသူသည္ ကေလးငယ္ျဖစ္သည့္အတြက္ အခက္အခဲရွိခဲ့ေၾကာင္း မႈခင္းရဲတပ္ဖြဲ႕ ထုတ္ေဖာ္ေျပာ ဆိုခဲ့သည္။

ယင္းအမႈႏွင့္ပတ္သက္၍လည္း ႏိုင္ငံေတာ္သမၼတ႐ုံးမွ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ၫႊန္ၾကားေရးမွဴး ျဖစ္သူ ဦးေဇာ္ေဌးက အဆိုပါအမႈတြင္ လြဲေခ်ာ္မႈမ်ားရွိခဲ့ပါက တာ၀န္ယူတာ၀န္ခံမႈရွိရမည္ျဖစ္ေၾကာင္း ထုတ္ ေဖာ္ေျပာဆိုထားသည္။

#PeopleMedia #Political

(Unicode)
ဗစ်တိုးရီးယားအမှုတွင် ရဲတပ်ဖွဲ့မှ တင်ပြထားသော မှုခင်းမှတ်တမ်းများ သည် လုပ်ကြံဖန်တီးထားတာ တစ်ခုမှ မရှိဟု မှုခင်းရဲတပ်ဖွဲ့ခေါင်း ေဆာင်များပြော
………………………………………………………

နေပြည်တော်ရှိ ပုဂ္ဂလိက ကျောင်းတစ်ခုဖြစ်သည့် Wisdom Hall မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီး ယားအမှုကိစ္စတွင် ရဲတပ်ဖွဲ့အနေဖြင့် လုပ်ကြံဖန်တီးထားသည့် မှုခင်းမှတ်တမ်းများတစ်ခုမှမရှိကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှုခင်းရဲတပ်ဖွဲ့ညွှန်ကြားရေးမှူး ရဲမှူးကြီး ဦးမင်းဟန်က ပြောသည်။

ဗစ်တိုးရီးယားအမှုတွင် ရဲတပ်အဖွဲ့က တရားခံဟု ယူဆထားအား တရားရုံးမှ တရားရှင်လွှတ်ပေးခြင်းနှင့် ပတ် သက်၍ ယနေ့တွင် ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ယင်းအမှုတွင် ရဲတပ်ဖွဲ့အနေ ဖြင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုစားဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ အခုရှင်းလင်းပြတဲ့ဟာတွေအထဲမှာ လုပ်ကြံဖန်တီးထားတာ တစ်ခုမှ မရှိပါဘူး၊ ရိုးရိုးသားသားနဲ့ ပဲဒီအမှုကို စုံစမ်းစစ်ဆေးဖော်ထုတ်နေတာပါ” ဟု မှုခင်းရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူး ရဲမှူးကြီး ဦးမင်းဟန်က ပြောသည်။

ဗစ်တိုးရီးယားအမှုတွင်လည်း ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များတွင် ကြိုးကိုင်ခဲ့သည့် လူပုဂ္ဂိုလ်များ မရှိသည့် အပြင် မည်သူမျှ ဖိအားပေးလုပ်ဆောင်ခိုင်းစေခြင်း၊ အမှုအား ကိုင်တွယ်နေသည့်သူများကို ချုပ်ကိုင်ခဲ့ခြင်းလည်း မရှိခဲ့ကြောင်း အဆိုပါရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ငြင်းဆိုသည်။

“ကျွန်တော်တို့လည်း အတက်နိုင်ဆုံး ဒီအမှုကို ကြိုးစားပြီးတော့ တည်ဆောက်ထားတာ ရဲတပ်ဖွဲ့လည်း ဒီပြည် သူလူထုထဲကပဲ ရဲတပ်ဖွဲ့ထဲကဘဲ အဲ့ဒီတော့ ဒီမှာ တည်ဆောက်နေတဲ့ အမှုတွေထဲက အားကောင်းပါတယ် ဆိုတဲ့ သက်မဲ့သက်သေ ကျန်ရက်သားကြီးကို ဝုန်းဆို မနေ့က လွှတ်လိုက်တော့ အစ်ကိုတို့ တရားဥပဒေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံး အတော် အံ့အားသင့်ရပါတယ်” ဟု မှုခင်းရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးက ပြောသည်။

တရားခံဟု တင်ပြထားသည် အောင်ကြီးအား တရားရှင်လွှတ်ပေးခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့်လည်း တည်းဆဲဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အမှုနှင့်ပတ်သက်၍ စစ်ဆေးရာတွင်လည်း ကျူးလွန်ခံရသူသည် ကလေးငယ်ဖြစ်သည့်အတွက် အခက်အခဲရှိခဲ့ကြောင်း မှုခင်းရဲတပ်ဖွဲ့ ထုတ်ဖော်ပြော ဆိုခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်၍လည်း နိုင်ငံတော်သမ္မတရုံးမှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ညွှန်ကြားရေးမှူး ဖြစ်သူ ဦးဇော်ဌေးက အဆိုပါအမှုတွင် လွဲချော်မှုများရှိခဲ့ပါက တာဝန်ယူတာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း ထုတ် ဖော်ပြောဆိုထားသည်။

#PeopleMedia #Political


Share this post