• Follow Us on

Home ဗန်းမောက်မြို့ စည်ပင်သာယာရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ဗန်းမောက်မြို့ စည်ပင်သာယာရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

Share this post

ဗန်းမောက်၊ မတ် ၁၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့ မြို့နယ်စည်ပင်သာယာရုံးတွင် ယမန်နေ့ည ၁၀ နာရီခွဲ အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မတ်လ ၁၇ ရက် ည ၁၀ နာရီခွဲအချိန်ခန့်က မြို့နယ်စည်ပင်သာယာရုံးဝင်အရှေ့တွင် မည်သည့် အဖွဲ့အစည်းမှ ထောင်ထားသော လက်လုပ်အသံဗုံးတစ်လုံးပေါက်ကွဲမူကြောင့် စည်ပင်ဝင်းအတွင်းရှိ အဆောက်အဦးများနှင့် အခြားပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရူံးမှုမရှိခဲ့ဘဲ ဝင်းတံခါးအနည်းငယ်မျှသာ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

“ည ၁၀ နာရီခွဲလောက်မှာ အုံးကနဲဆိုတဲ့ အသံအကျယ်ကြီးကြားရပါတယ်၊ ထွက်လဲမကြည့်ရဲဘူး၊ ဘယ်ပြေးလို့ ဘယ်သွားရမှန်းမသိအောင် ဖြစ်သွားရတာပေါ့၊ ကျွန်တော်တို့မြို့မှာ ဒီလို ဗုံးပေါက်ကွဲသံမျိုး မကြားဖူးတော့ အထိပ်တလှန့်ဖြစ်သွားရတာပေါ့နော်၊ ရုံးဝင်းအတွင်းက အဆောက်အဦးတွေနဲ့ ကားတွေတော့ တစ်စုံတစ်ရာ ထိခိုက်ပျက်ဆီးသွားတာ မရှိခဲ့ပါဘူး၊ မှန်တံခါးအနည်းငယ်တော့ ပျက်စီးသွားပါတယ်” ဟု စည်ပင်ရုံးအနီးနေ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကပြောသည်။

 

ဗန်းမောက်မြို့ပေါ်တွင် အဆိုပါ အသံဗုံးပေါက်ကွဲခြင်းမှာ ပထမဦးဆုံးအကြိမ်ပေါက်ကွဲခြင်းဖြစ်ကာ ဗန်းမောက် မြို့နယ်တောင်ပိုင်းရှိ နားမော်ကျေးရွာ၊ မံပင်ကျေးရွာ၊ မံကပ်ကျေးရွာနှင့် ပေါက်နက်ကုန်းကျေးရွာ တောစပ်လမ်း မပေါ်များတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ၌ သုံးကြိမ်၊ အောက်တိုဘာလတွင် ငါးကြိမ်စုစုပေါင်း ၈ ကြိမ်အထိ အသံဗုံးပေါက်ကွဲခြင်းများရှိခဲ့သော်လည်း တစ်စုံတစ်ရာ ထိခိုက်ပျက်စီးဆုံးရှုံးမှုမရှိခဲ့ကြောင်း သိရ သည်။

 

လှိုင်ဘွား

 

#PeopleMedia

 

(unicode)


……………………………

 


 


 


 


 


 


 

#PeopleMedia


Share this post