• Follow Us on

Home မြေနီကုန်းတွင်ရှိသော နံရံဆေးရေးပန်းချီများကို အုပ်ချုပ်ရေးတာဝန်ရှိသူများက တမင်တကာ ဖျက်ဆီး ပစ်လိုက်ခြင်းကို ရှုတ်ချကြောင်း ပြင်သစ်သံရုံး ထုတ်ပြန်

မြေနီကုန်းတွင်ရှိသော နံရံဆေးရေးပန်းချီများကို အုပ်ချုပ်ရေးတာဝန်ရှိသူများက တမင်တကာ ဖျက်ဆီး ပစ်လိုက်ခြင်းကို ရှုတ်ချကြောင်း ပြင်သစ်သံရုံး ထုတ်ပြန်

Share this post

ရန်ကုန်၊ မတ် ၁၈

 

၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ရန်ကုန်မြို့ မင်္ဂလာပါ ယဉ်ကျေးမှုပွဲတော်အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် ရေး ဆွဲခဲ့သည့် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် မြေနီကုန်းတွင်ရှိသော နံရံဆေးရေးပန်းချီများကို စစ်အစိုးရက ခန့် အပ်ထားသော အုပ်ချုပ်ရေးတာဝန်ရှိသူများက တမင်တကာ ဖျက်ဆီးပစ်လိုက်ခြင်းကို မြန်မာနိုင်ငံဆိုင်ရာ ပြင် သစ်သံရုံးမှ အံ့သြစွာသိရှိခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

 

မြို့သူမြို့သားများနှင့် အနုပညာပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်ကြောင့် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရနှင့် ရန်ကုန်မြို့တော်အာဏာပိုင်များက ခွင့်ပြုပေးထားသော ပြင်သစ်သံရုံးမှ ပံ့ပိုးပေးထားသည့် ရန်ကုန်မြို့ရှိ အနုပညာလက်ရာတစ်ခု ပျောက်ဆုံးသွားခြင်းအတွက် ပြင်သစ်သံရုံးက ရှုတ်ချပါသည်။ လွတ်လပ်စွာ ထုတ် ဖော်ပြောဆိုခွင့်နှင့် အနုပညာထုတ်ဖော်ခွင့်ကို လေးစားလိုက်နာရန်နှင့် နိုင်ငံ၏ အနုပညာနှင့် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပါရန် ပြင်သစ်သံရုံးက တောင်းဆိုလိုက်ကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………

 


 


 


 

#PeopleMedia


Share this post