• Follow Us on

Home ဗိုလ်တထောင်မြို့နယ်ရှိ ယာဉ်ထိန်းရုံး၌ ကင်းစောင့်နေသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူတစ်စုမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်

ဗိုလ်တထောင်မြို့နယ်ရှိ ယာဉ်ထိန်းရုံး၌ ကင်းစောင့်နေသည့်လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူတစ်စုမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ (၃) ရပ်ကွက်၊ မဟာဗန္ဓုလလမ်းပေါ်ရှိ ယာဉ်ထိန်းရုံး၌ ကင်း စောင့်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ကိုင် လူတစ်စုမှ သေနတ်ဖြင့် ယနေ့နံနက်အစောပိုင်းက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

 

ထိုသို့ ပစ်ခတ်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

 

ထိုသို့ ပစ်ခတ်အပြီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထပ်မံရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားသည့် အနီးတစ်ဝိုက်ကို ပိတ်ဆို့ကာ အသေးစိတ်စစ်ဆေးခဲ့ပြီး၊ ဒဏ်ရာရရှိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များကို လူနာတင်ယာဉ်မှ လာရောက် သယ်ဆောင်သွားပါတယ်။

 

ယမန်နေ့ နေ့လည်ပိုင်းကလည်း မဟာဗန္ဓုလလမ်းပေါ်ရှိ KBZ ဘဏ်ခွဲတစ်ခုကို လူခြောက်ဦးမှ ဝင်ရောက်စီးနင်း ကာ ငွေကျပ် သိန်း ၃၀၀၀ ကျော် ယူဆောင်မှုလည်း ဖြစ်ပွားခဲ့သည်။

 

လက်ရှိအချိန်တွင် အဆိုပါ အပြန်အလှန်ပစ်ခတ်မှု၌ ပါဝင်သည့် PDF အဖွဲ့ဝင်များနှင့် KBZ Bank ဓါးပြတိုက် သည့်အဖွဲ့များကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

 

Photo – Credit

 

#PeopleMedia #ဗိုလ်တထောင်

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post