• Follow Us on

Home ဗုိလ္ခ်ဳပ္မွဴးႀကီး(ၿငိမ္း)ဦးသန္းေရႊထံ သီတင္းကၽြတ္၊ သၾကၤန္တြင္းႏွစ္သစ္ကူးမ်ား၌ သြားေရာက္ျခင္းမရွိေၾကာင္း သူရဦးေရႊမန္းေျပာဆုိ

ဗုိလ္ခ်ဳပ္မွဴးႀကီး(ၿငိမ္း)ဦးသန္းေရႊထံ သီတင္းကၽြတ္၊ သၾကၤန္တြင္းႏွစ္သစ္ကူးမ်ား၌ သြားေရာက္ျခင္းမရွိေၾကာင္း သူရဦးေရႊမန္းေျပာဆုိ

Share this post

ေနျပည္ေတာ္၊ ဒီဇင္ဘာ-၇

ဗုိလ္ခ်ဳပ္မွဴးႀကီး(ၿငိမ္း)ဦးသန္းေရႊထံ သီတင္းကၽြတ္၊ သၾကၤန္တြင္းႏွစ္သစ္ကူးမ်ား၌ သြားေရာက္ျခင္းမရွိေၾကာင္း သူရဦးေရႊမန္းက ေနျပည္ေတာ္၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲ၌ သတင္းေထာက္မ်ား၏ ေမးျမန္းမႈအေပၚ ေျပာဆုိခဲ့သည္။

“မသြားတာေတာ္ေတာ္ၾကာၿပီ။ သီတင္းကၽြတ္လည္းမသြားဘူး။ သၾကၤန္တြင္း ႏွစ္သစ္ကူးလည္းမသြားဘူး။ ဘာ ေၾကာင့္လဲဆိုေတာ့ အသြားမေတာ္တစ္လွမ္းမစားမေတာ္တစ္လုပ္။ ရိုးရိုးသြားေသာ္လည္း တစ္မ်ိဳးထင္တက္ တယ္။ ကုိယ့္နဲ႔ ဟိုးတုန္းက အတူတကြေနခဲ့တဲ့ သင္ဆရာ ျမင္ဆရာ ၾကားဆရာတစ္ေယာက္အေနနဲ႔ ရိုးရိုးတန္း တန္းဂါရ၀ျပဳရင္ေတာင္ တစ္မ်ိဳးတစ္မ်ိဳး ထင္နုိင္တယ္၊ ထင္ေအာင္လုပ္ႏုိင္တယ္။ မသြားပါဘူး။ နိုင္ငံေရးစကား လည္းမေျပာပါဘူး” ဟု ျပည္ေထာင္စုေကာင္းက်ဳိးေဆာင္ပါတီဥကၠဌသူရဦးေရႊမန္းက ေျပာသည္။

သူရဦးေရႊမန္းသည္ တပ္မေတာ္အစုိးရလက္ထက္၌ ဗုိလ္ခ်ဳပ္ႀကီးရာထူးအထိ ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္သည္။

Photo – UBP

#PeopleMedia

(Unicode)
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေထံ သီတင်းကျွတ်၊ သင်္ကြန်တွင်းနှစ်သစ်ကူးများ၌ သွားရောက်ခြင်းမရှိကြောင်း သူရဦးရွှေမန်းပြောဆို
…………………………………………………………

နေပြည်တော်၊ ဒီဇင်ဘာ-၇

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေထံ သီတင်းကျွတ်၊ သင်္ကြန်တွင်းနှစ်သစ်ကူးများ၌ သွားရောက်ခြင်းမရှိကြောင်း သူရဦးရွှေမန်းက နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် ပြောဆိုခဲ့သည်။

“မသွားတာတော်တော်ကြာပြီ။ သီတင်းကျွတ်လည်းမသွားဘူး။ သင်္ကြန်တွင်း နှစ်သစ်ကူးလည်းမသွားဘူး။ ဘာ ကြောင့်လဲဆိုတော့ အသွားမတော်တစ်လှမ်းမစားမတော်တစ်လုပ်။ ရိုးရိုးသွားသော်လည်း တစ်မျိုးထင်တက် တယ်။ ကိုယ့်နဲ့ ဟိုးတုန်းက အတူတကွနေခဲ့တဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာတစ်ယောက်အနေနဲ့ ရိုးရိုးတန်း တန်းဂါရဝပြုရင်တောင် တစ်မျိုးတစ်မျိုး ထင်နိုင်တယ်၊ ထင်အောင်လုပ်နိုင်တယ်။ မသွားပါဘူး။ နိုင်ငံရေးစကား လည်းမပြောပါဘူး” ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီဥက္ကဌသူရဦးရွှေမန်းက ပြောသည်။

သူရဦးရွှေမန်းသည် တပ်မတော်အစိုးရလက်ထက်၌ ဗိုလ်ချုပ်ကြီးရာထူးအထိ ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

Photo – UBP

#PeopleMedia


Share this post