• Follow Us on

Home ဆီးရီးယား-အီရတ်နယ်စပ် အီရန် စစ်စခန်းတစ်ခုကို အမည်မသိလေ ယာဉ်တစ်စီး လေကြောင်းမှ တိုက်ခိုက်


Share this post




Ref; http://uawire.org


(Unicode)
ဆီးရီးယား-အီရတ်နယ်စပ် အီရန် စစ်စခန်းတစ်ခုကို အမည်မသိလေ ယာဉ်တစ်စီး လေကြောင်းမှ တိုက်ခိုက်
……………………………………………………………

ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း၊ အီရတ်နယ်စပ်အနီးက အီရန်ကို ထောက်ခံအားပေးတဲ့ ရှီယိုက်လက်နက် ကိုင်စခန်းတစ်ခုကို ဘယ်ကမှန်းအတည်မပြုနိုင်တဲ့ လေယာဉ်တစ်စင်းရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလက်နက်ကိုင် ၅ ဦးသေဆုံးခဲ့ပါတယ်။

ကနဦးသတင်းတွေအရ လေကြောင်းတိုက်ခိုက်ခံရတဲ့ စခန်းဟာ အီရန်က ရန်ပုံငွေထောက်ပံ့မှုနဲ့ တည်ဆောက် ထားတဲ့ စစ်စခန်းတစ်ခုဖြစ်ပြီး အီရန်က အီရတ်ကို ဖြတ်ပြီး ဆီးရီးယားကို စစ်လက်နက်ရိက္ခာသယ်ယူပို့ဆောင် ရေးတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အီရန်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့လေယာဉ်ကို အခုချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Ref; http://uawire.org

#PeopleMedia #International


Share this post