• Follow Us on

Home ဘဂၤလားေဒ့ရွ္တြင္ ေက်ာင္းသူတစ္ဦးကို အရွင္လတ္လတ္မီးရႈိ႕သတ္ခဲ့ေသာ တရားခံ ၁၆ ဦး ေသဒဏ္ခ်မွတ္ခံရ

ဘဂၤလားေဒ့ရွ္တြင္ ေက်ာင္းသူတစ္ဦးကို အရွင္လတ္လတ္မီးရႈိ႕သတ္ခဲ့ေသာ တရားခံ ၁၆ ဦး ေသဒဏ္ခ်မွတ္ခံရ

Share this post

အသက္ ၁၉ ႏွစ္အရြယ္ေက်ာင္းသူတစ္ဦးကုိ အရွင္လတ္လတ္မီးရႈိ႕သတ္ခဲ့တဲ့ တရားခံ ၁၆ ဦးကို ဘဂၤလားေဒ့ရွ္ တရား႐ုံးက ေအာက္တိုဘာ ၂၄ ရက္ေန႔မွာ ေသဒဏ္ခ်မွတ္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ ဧၿပီလမွာ ျဖစ္ပြားခဲ့တဲ့ အခုျဖစ္ရပ္ဟာ ႏုိင္ငံတစ္၀ွမ္း ဆႏၵျပဆူပူအံုၾကြမႈေတြလည္းျဖစ္ေပၚေစခဲ့ပါတယ္။

ေက်ာင္းသူ ႏူဆရက္ဂ်ဟန္ရာဖီဟာ ေက်ာင္းအုပ္ဆရာတစ္ဦးကို လိင္ပိုင္းဆိုင္ရာေႏွာင့္ယွက္မႈအတြက္ အမႈဖြင့္ တိုင္ၾကားထားတာကို ႐ုတ္သိမ္းေပးဖို႔ ေတာင္းဆိုတာကို ျငင္းဆိုခဲ့တာေၾကာင့္ အရွင္လတ္လတ္ ဓာတ္ဆီ ေလာင္းၿပီး မီးရႈိ႕အသတ္ခံခဲ့ရတာျဖစ္ပါတယ္။

တရား႐ုံးရဲ႕ ဆံုးျဖတ္ခ်က္ဟာ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာ လူသတ္မႈက်ဴးလြန္တဲ့သူတိုင္း ျပစ္မႈက မလြတ္ကင္းႏိုင္ဘူး ဆိုတာကို သက္ေသျပေနတယ္လို႔ တရား႐ုံးက စီရင္ခ်က္ခ်မွတ္အၿပီးမွာ ေရွ႕ေနတစ္ေယာက္က သတင္း ေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

တိုင္မွာ ႀကိဳးတုပ္ၿပီး မီးရႈိ႕ခံခဲ့ရတဲ့ရာဖီဟာ ခႏၶာကိုယ္ရဲ႕ ၈၀ ရာခိုင္ႏႈန္း မီးေလာင္ကၽြမ္းခဲ့ၿပီး ေဆး႐ုံတက္ၿပီး ၅ ရက္ေန႔မွာ ေသဆံုးသြားခဲ့ပါတယ္။

တရားခံေရွ႕ေနေတြကေတာ့ တရား႐ုံးရဲ႕ ဆံုးျဖတ္ခ်က္ကို ဗဟိုတရား႐ုံးမွာ အယူခံေလွ်ာက္ထားသြားမယ္လို႔ ေျပာၾကားထားပါတယ္။

Ref; AFP

(unicode)
ဘင်္ဂလားဒေ့ရှ်တွင် ကျောင်းသူတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ ေသာ တရားခံ ၁၆ ဦး သေဒဏ်ချမှတ်ခံရ
————————————————————————

အသက် ၁၉ နှစ်အရွယ်ကျောင်းသူတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့တဲ့ တရားခံ ၁၆ ဦးကို ဘင်္ဂလားဒေ့ရှ် တရားရုံးက အောက်တိုဘာ ၂၄ ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ဖြစ်ပွားခဲ့တဲ့ အခုဖြစ်ရပ်ဟာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြဆူပူအုံကြွမှုတွေလည်းဖြစ်ပေါ်စေခဲ့ပါတယ်။

ကျောင်းသူ နူဆရက်ဂျဟန်ရာဖီဟာ ကျောင်းအုပ်ဆရာတစ်ဦးကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုအတွက် အမှုဖွင့် တိုင်ကြားထားတာကို ရုတ်သိမ်းပေးဖို့ တောင်းဆိုတာကို ငြင်းဆိုခဲ့တာကြောင့် အရှင်လတ်လတ် ဓာတ်ဆီ လောင်းပြီး မီးရှို့အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူသတ်မှုကျူးလွန်တဲ့သူတိုင်း ပြစ်မှုက မလွတ်ကင်းနိုင်ဘူး ဆိုတာကို သက်သေပြနေတယ်လို့ တရားရုံးက စီရင်ချက်ချမှတ်အပြီးမှာ ရှေ့နေတစ်ယောက်က သတင်း ထောက်တွေကို ပြောကြားခဲ့ပါတယ်။

တိုင်မှာ ကြိုးတုပ်ပြီး မီးရှို့ခံခဲ့ရတဲ့ရာဖီဟာ ခန္ဓာကိုယ်ရဲ့ ၈၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့ပြီး ဆေးရုံတက်ပြီး ၅ ရက်နေ့မှာ သေဆုံးသွားခဲ့ပါတယ်။

တရားခံရှေ့နေတွေကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ဗဟိုတရားရုံးမှာ အယူခံလျှောက်ထားသွားမယ်လို့ ပြောကြားထားပါတယ်။

Ref; AFP


Share this post