• Follow Us on

Home ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့များအတွက် ဗြိတိန်ထုတ် စနိုက်ပါရိုင်ဖယ် များ အစားထိုးအသုံးပြု


Share this post




(unicode)
ဘင်္ဂလားဒေ့ရှ် အထူးတပ်ဖွဲ့များအတွက် ဗြိတိန်ထုတ် စနိုက်ပါရိုင်ဖယ် များ အစားထိုးအသုံးပြု
……………………………………………………………

ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ တရုတ်နိုင်ငံထုတ် Type 85 စနိုက်ပါ ရိုင်ဖယ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ပြီး အခုချိန်မှာတော့ ဗြိတိန်ထုတ် AX-series စနိုက်ပါ ရိုင်ဖယ်တွေနဲ့ အစားထိုးအသုံးပြုနေပြီ ဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဆိုင်ရာ Facebook Page ဖြစ်တဲ့ Bangladesh Defence & Security Analysis က ဖော်ပြခဲ့ပါတယ်။

ပါရာကွန်မန်ဒိုလို အထူးတပ်ဖွဲ့တွေဟာ ဗြိတိန်ထုတ် 7.6×51 mm NATO နဲ့ .50 calibre anti-material ရိုင်ဖယ်နှစ်မျိုးလုံးကို ရရှိထားကြတယ်လို့လည်းဖော်ပြထားပါတယ်။ ဒါပေမယ့် BGB,RAB နဲ့ တခြားတပ်ဖွဲ့ တွေကတော့ တရုတ်နိုင်ငံထုတ် Type 85 ကို ဆက်လက်အသုံးပြုနေဆဲဖြစ်တယ်လို့လည်း Bangladesh Defence & Security Analysis က ဖော်ပြခဲ့ပါတယ်။

Ref; Bangladesh Defence & Security Analysis


Share this post