• Follow Us on

Home ဘဂၤလားေဒ့႐ွ္ေရတပ္အားျဖည့္ဖို႔ လိုအပ္တယ္လို႔ ဘဂၤလားေဒ့႐ွ္၀န္ႀကီး ခ်ဳပ္ေျပာ

ဘဂၤလားေဒ့႐ွ္ေရတပ္အားျဖည့္ဖို႔ လိုအပ္တယ္လို႔ ဘဂၤလားေဒ့႐ွ္၀န္ႀကီး ခ်ဳပ္ေျပာ

Share this post

ဒါကာ၊ ဇြန္ ၁၉

ႏိုင္ငံေရပိုင္နက္ကိုကာကြယ္ဖို႔ ဘဂၤလားေဒ့႐ွ္ေရတပ္ကို အားျဖည့္ဖို႔လိုတယ္ဆိုၿပီး ဘဂၤလားေဒ့႐ွ္၀န္ႀကီးခ်ဳပ္ ႐ွိတ္ဟာဆီနာကေျပာပါတယ္။

ဘဂၤလားေဒ့႐ွ္ေရတပ္ရဲ႕ ကိုယ္ေပ်ာက္ကမ္းေျခေစာင့္သေဘၤာ BNS Sangram တပ္ေတာ္၀င္တဲ့အခမ္းအနားကို ဗီဒီယိုမိန္႔ခြန္းေျပာရာမွာ ထည့္သြင္းေျပာခဲ့တာပါ။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံဟာ စီးပြားေရးတိုးတက္လာဖို႔ သမုဒၶရာသယံဇာတကိုအသံုးခ်ရမယ့္အတြက္ အိမ္နီးခ်င္း ႏွစ္ႏိုင္ငံနဲ႔ ေရပိုင္နက္အျငင္းပြားမႈေတြျဖစ္လာရင္ ၿငိမ္းခ်မ္းတဲ့ေျဖ႐ွင္းမႈမ်ိဳးနဲ႔အႏိုင္ရေအာင္ေျဖ႐ွင္းၿပီး ေရပိုင္ နက္ကိုကာကြယ္ဖို႔လည္း ဟာဆီနာက ေရတပ္ကို ၫႊန္ၾကားခဲ့ပါတယ္။

ဘဂၤလားေဒ့႐ွ္ၾကည္းတပ္၊ ေရတပ္နဲ႔ ေလတပ္တို႔ဟာ ေခတ္မီဗဟုသုတျပည့္၀ေနရမယ္လို႔လည္း ဟာဆီနာက ေျပာပါတယ္။

ဘဂၤလားေဒ့႐ွ္ေရတပ္အတြက္ေတာ့ သေဘၤာေတြအပါအ၀င္ ေခတ္မီကိရိယာေတြ၀ယ္ယူျဖည့္တင္းေပးထား တယ္လို႔လည္းေျပာပါတယ္။

Ref : PM for strengthening Navy to protect country’s sea areas

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်ရေတပ်အားဖြည့်ဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီး ချုပ်ပြော
……………………………………………………

ဒါကာ၊ ဇွန် ၁၉

နိုင်ငံရေပိုင်နက်ကိုကာကွယ်ဖို့ ဘင်္ဂလားဒေ့ရှ်ရေတပ်ကို အားဖြည့်ဖို့လိုတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရေတပ်ရဲ့ ကိုယ်ပျောက်ကမ်းခြေစောင့်သင်္ဘော BNS Sangram တပ်တော်ဝင်တဲ့အခမ်းအနားကို ဗီဒီယိုမိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ စီးပွားရေးတိုးတက်လာဖို့ သမုဒ္ဓရာသယံဇာတကိုအသုံးချရမယ့်အတွက် အိမ်နီးချင်း နှစ်နိုင်ငံနဲ့ ရေပိုင်နက်အငြင်းပွားမှုတွေဖြစ်လာရင် ငြိမ်းချမ်းတဲ့ဖြေရှင်းမှုမျိုးနဲ့အနိုင်ရအောင်ဖြေရှင်းပြီး ရေပိုင် နက်ကိုကာကွယ်ဖို့လည်း ဟာဆီနာက ရေတပ်ကို ညွှန်ကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်တို့ဟာ ခေတ်မီဗဟုသုတပြည့်ဝနေရမယ်လို့လည်း ဟာဆီနာက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ရေတပ်အတွက်တော့ သင်္ဘောတွေအပါအဝင် ခေတ်မီကိရိယာတွေဝယ်ယူဖြည့်တင်းပေးထား တယ်လို့လည်းပြောပါတယ်။

Ref : PM for strengthening Navy to protect country’s sea areas

#PeopleMedia


Share this post