• Follow Us on

Home ဘဂၤလီအေရးကိစၥ၌ ႏုိင္ငံတကာအေနျဖင့္ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ ဥပေဒကို ေလးစားရမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္ေျပာဆုိ

ဘဂၤလီအေရးကိစၥ၌ ႏုိင္ငံတကာအေနျဖင့္ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ ဥပေဒကို ေလးစားရမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္ေျပာဆုိ

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၁၄

ဘဂၤလီအေရးကိစၥ၌ ႏုိင္ငံတကာအေနျဖင့္ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ဥပေဒကို ေလးစားရမည္ျဖစ္ေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က ဂ်ပန္သတင္းဌာန The Yomiuri Shimbun ႏွင့္ ေတြ႕ဆုံစဥ္ ေျပာဆုိခဲ့သည္။

ေနာက္တစ္ခ်က္ကလည္း ရခိုင္ျပည္နယ္အေရးကိစၥနဲ႔ပတ္သက္ၿပီး ဆက္လက္ေမးျမန္းလုိျခင္းျဖစ္ပါတယ္။

ဒီရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ကိစၥရပ္မ်ားအေပၚကို ဘယ္လိုမ်ဳိးေျဖရွင္းေဆာင္ရြက္ရမယ္လို႔ အေဆြေတာ္ အေနနဲ႔ ထင္ျမင္ပါသလဲ။ ေနာက္တစ္ခ်က္က ျမန္မာအစိုးရအေနနဲ႔ အဲ့ဒီရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့ေနရာက လူထုေတြအေပၚ အဲ့ဒီေနရာႏွင့္ပတ္သက္ၿပီး ဘယ္လိုျပဳမူေဆာင္ရြက္သင့္လဲ၊ ၿပီးေတာ့ ထြက္ေျပးသြားတဲ့ အဖြဲ႕ေတြ သူတို႔ေနရပ္ကို ျပန္လာဖို႔အတြက္ ဘယ္လုိေဆာင္ရြက္သင့္သလဲ ဒီအခ်က္နဲ႔ပတ္သက္ၿပီး သိခ်င္ပါတယ္။

ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္က “ရခိုင္ျပည္နယ္မွာ ျဖစ္ေနတဲ့အျဖစ္အပ်က္ ၂ ခုရွိတယ္ဗ်။ တစ္ခုကေတာ့ ဘဂၤါလီနဲ႔ ပတ္သက္တဲ့ ဘဂၤလားေဒ့ရွ္နယ္စပ္မွာ ျဖစ္ေနတဲ့ ဘဂၤါလီနဲ႔ ပတ္သက္တဲ့ကိစၥ၊ တစ္ခုက ရခိုင္ ျပည္နယ္မွာျဖစ္ေနတဲ့ ရခိုင္တုိင္းရင္းသားေတြတခ်ဳိ႕နဲ႔ပတ္သက္ၿပီး ျဖစ္ေနတဲ့ကိစၥျဖစ္တယ္။ ကၽြန္ေတာ္ကေတာ့ ဘဂၤလားေဒ့ရွ္နယ္စပ္မွာျဖစ္ေနတဲ့ ဘဂၤါလီကိစၥကိုပဲ ကၽြန္ေတာ္ေျဖမယ္။ ဒီေနရာမွာလည္း ကၽြန္ေတာ္တုိ႔က ေတာ့ ဘဂၤါလီနဲ႔ပတ္သက္ၿပီးေတာ့ကာ ေျပာတာေတာ့ ႏုိင္ငံသားေပးျခင္း မေပးျခင္း ျပႆနာေတြက ေနစတာေပါ့ေလ။ ဆုိေတာ့ ဒီေနရာမွာလည္း အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ေရာက္ေနတဲ့ ဘဂၤါလီေတြကို ကၽြန္ေတာ္တုိ႔က ႏုိင္ငံသား ဥပေဒအရ ကၽြန္ေတာ္တုိ႔ ႏုိင္ငံသားေပးျခင္း၊ ႏုိင္ငံသားျပဳခြင့္ေပးျခင္း၊ ဧည့္ႏုိင္ငံ သားေပးျခင္း ဒီလုိရွိပါတယ္။

ဒါေတြကေတာ့ ဒီဥပေဒအတုိင္း သြားရမွာေပါ့။ ဒီဟာကို ကၽြန္ေတာ္တို႔အေနနဲ႔ လက္ခံထားၿပီးျဖစ္တယ္ဆုိတာ နားလည္ဖို႔လိုတယ္။ ဒီေနရာမွာလည္း ဘဂၤါလီျပႆနာက အခုမွျဖစ္တာ မဟုတ္ဘူး။ ဟိုးလြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက အႀကိမ္ေပါင္းမ်ားစြာ ျဖစ္ခဲ့တ့ဲျပႆနာတစ္ခုျဖစ္တယ္။ ဒါကိုလည္း ကၽြန္ေတာ္တုိ႔ေခတ္အဆက္ဆက္ အစိုးရအဆက္ဆက္လည္း ေျဖရွင္းခဲ့တာေတြရွိပါတယ္။ အဲ့ဒီ ေတာ့ ဒီျပႆနာကို တျဖည္းျဖည္းနဲ႔ ကၽြန္ေတာ္တို႔ ေျဖရွင္းလာတဲ့အခါမွာ ေစာေစာက ေျပာတဲ့ ဘဂၤါလီေတြ ျပန္လက္ခံေရးမွာ ႏုိင္ငံသားေပးျခင္း မေပးျခင္းျပႆနာ တစ္ခုတည္းတင္ မဟုတ္ေတာ့ဘူး။ ဒါလြယ္ လြယ္ကူကူပါပဲ၊ ေျဖရွင္းလုိ႔ရတဲ့ကိစၥပါပဲ၊ ကၽြန္ေတာ္တုိ႔ အစိုးရအေနနဲ႔လည္း ဘဂၤါလီေတြကို ျပန္လည္လက္ ခံေရးနဲ႔ပတ္သက္ၿပီး လုပ္ငန္းစဥ္ေတြ စမယ္ဆုိၿပီးေတာ့ ကၽြန္ေတာ္တို႔ မႏွစ္ကတည္းက ေျပာခဲ့တာေပါ့။ ဒါေပမဲ့ လြယ္လြယ္ကူကူနဲ႔ လုပ္မယ့္ကိစၥက လြယ္လြယ္ကူကူနဲ႔ ျဖစ္မလာဘူး။ ဘာေတြျဖစ္လာလဲဆုိေတာ့ သူကေတာ့ အဓိကေတာ့ ႏုိင္ငံတကာ ဖိအားေတြပါလာတာလည္း ရွိတာေပါ့။

ေနာက္တစ္ခုကေတာ့ လူဦးေရ သိပ္သည္းမႈ ျပႆနာလည္းရွိတယ္၊ ရာသီဥတုျပႆနာလည္းရွိတယ္၊ ေနရာ ထုိင္ခင္း ျပႆနာလည္း ရွိတယ္၊ စားေရးေသာက္ေရးျပႆနာေတြလည္း ရွိတယ္။ ဒီျပႆနာေတြအေပၚ မူတည္ၿပီးေတာ့မွ ဘဂၤါလီေတြ ျပန္လက္ခံေရးကိစၥဟာ ပုိၿပီးေတာ့ ႐ႈပ္ေထြးလာတယ္လုိ႔ ကၽြန္ေတာ္ေျပာခ်င္ တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ နံပါတ္တစ္အခ်က္ အေရးႀကီးဆံုးကေတာ့ ႏွစ္ႏုိင္ငံအစိုးရသေဘာတူထားတဲ့ ျပန္လည္လက္ခံေရးလုပ္ငန္းစဥ္အားလံုးကို ျမန္ျမန္အေကာင္အထည္ေဖာ္ျခင္းကေတာ့ အေကာင္းဆံုးျဖစ္မယ္ လုိ႔ ကၽြန္ေတာ္က ေျပာလုိတယ္။

ကၽြန္ေတာ္တုိ႔ဘက္က လုပ္ႏုိင္တာေတြ အကုန္လံုးလုပ္ေပးေနတယ္။ အစိုးရလုပ္တာ ကၽြန္ေတာ္တုိ႔ သိတာေပါ့။ ကၽြန္ေတာ္တုိ႔ ဘက္ကလည္း အကူအညီေပးေနတာပဲ။ အဲ့ဒီေတာ့ အဓိကကေတာ့ သက္ဆုိင္ရာႏုိင္ငံဘက္က လည္း ဒါကို ျမန္ျမန္ေဆြးေႏြး အေကာင္အထည္ေဖာ္ႏုိင္ဖုိ႔ အတြက္လည္း အျပဳသေဘာေဆာင္တဲ့ ႀကိဳးစား ေဆာင္ရြက္မႈေတြကိုျဖစ္ေစခ်င္တယ္။ ဒီလုိမဟုတ္ဘဲနဲ႔ ျပႆနာႀကီးထြားေအာင္ လုပ္ေနတယ္ဆုိရင္ေတာ့ ပုိၿပီး ေတာ့မွ ခက္ခဲလာမွာျဖစ္တယ္လုိ႔ ကၽြန္ေတာ္ေျပာခ်င္ပါတယ္။ ဒီအေပၚမွာလည္း ကၽြန္ေတာ္ ဘဂၤလားေဒ့ရွ္ ႏုိင္ငံနဲ႔ပတ္သက္ၿပီး အိမ္နီးခ်င္းႏွစ္ႏုိင္ငံရွိပါတယ္။ အိႏိ္ၵယရွိတယ္၊ ျမန္မာရွိတယ္၊ အိႏိ္ၵယမွာလည္း တခ်ဳိ႕ျပည္ နယ္ေတြမွာလည္း ဘဂၤလားေဒ့ရွ္ႏုိင္ငံက တခ်ဳိ႕သြားေရာက္ေနထုိင္တဲ့ ျပႆနာေတြရွိလုိ႔ အေရးယူေဆာင္ရြက္ တာေတြရွိတယ္။

အိႏိ္ၵယႏုိင္ငံအစိုးရ ေၾကညာခဲ့တာေတြ အမ်ားႀကီးရွိတာေပါ့။ ဒီလုိပဲ ျမန္မာႏုိင္ငံမွာလည္း ဒီျပႆနာေတြ ရင္ ဆုိင္ေနရတာေပါ့၊ အဲ့ဒီေတာ့ အေျခခံျဖစ္တဲ့ အေျခခံအေၾကာင္းက အတူတူပဲ။ ဒါေပမဲ့ ႏုိင္ငံတကာက တုံ႔ျပန္မႈ က်ေတာ့ မတူဘူးျဖစ္တယ္။ ဒါလည္း တစ္မ်ဳိးပဲလုိ႔ ကၽြန္ေတာ္ေျပာခ်င္တယ္။ ေနာက္တစ္ခုကလည္း ကၽြန္ေတာ္ တို႔ ဒီလူေတြကို လက္ခံပါ၊ လက္ခံဖုိ႔ေျပာတုိင္းလည္း ဘယ္ႏုိင္ငံမွ လက္ခံမွာမဟုတ္ဘူး၊ ကၽြန္ေတာ္တုိ႔ ေဒသမွာ တင္မဟုတ္ဘူး။ ဥေရာပမွာလည္း ျပႆနာေတြအမ်ားႀကီးျဖစ္ေနတာရွိတယ္၊ ျမန္မာႏုိင္ငံကလည္း ျမန္မာႏုိင္ ငံရဲ႕ ဥပေဒအရ လက္ခံသင့္ လက္ခံထုိက္တဲ့၊ ရွိသင့္ရွိထုိက္တဲ့ ပုဂိ္ၢဳလ္၊ သူတို႔တင္မဟုတ္ပါဘူး။ ကၽြန္ေတာ္ တို႔ႏုိင္ငံနားမွာ အိမ္နီးနားခ်င္းႏုိင္ငံ အိႏိ္ၵယလည္းရွိတယ္၊ တ႐ုတ္လည္း ရွိတယ္၊ ထုိင္းလည္းရွိတယ္၊ လာအုိ လည္း ရွိတယ္၊ ဘဂၤလားေဒ့ရွ္ ရွိတယ္၊ ၅ ႏုိင္ငံရွိတယ္၊ အဲ့ေတာ့ သူတုိ႔ ဒီအိမ္နီးနားခ်င္းနယ္စပ္ ေဒသေတြမွာ ျဖစ္ပ်က္ေနတဲ့ ကိစၥေတြမွာလည္း ဥပေဒနဲ႔ ညီၫြတ္တယ္ဆုိလုိ႔ရွိရင္ ကၽြန္ေတာ္တို႔ေတြ အေနနဲ႔လည္း ဥပေဒနဲ႔ အညီ ေဆာင္ရြက္ႏိုင္ဖုိ႔ မေဆာင္ရြက္ႏုိင္ စရာအေၾကာင္းမရွိဘူးလို႔ ကၽြန္ေတာ္ ေျပာလုိတယ္၊ ႏုိင္ငံတစ္ႏုိင္ငံရဲ႕ ဥပေဒကိုေတာ့ ေလးစားရမယ္ဗ်။ မေလးစားဘဲနဲ႔ေတာ့ မျဖစ္ဘူးဟု ေျပာဆုိခဲ့သည္။

(Unicode)
ဘင်္ဂလီအရေးကိစ္စ၌ နိုင်ငံတကာအနေဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေကို လေးစားရမည်ဖြစ်ကြောင်း တပ်ချုပ်ပြော
ဆို
………………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၁၄

ဘင်္ဂလီအရေးကိစ္စ၌ နိုင်ငံတကာအနေဖြင့် နိုင်ငံတစ်နိုင်ငံရဲ့ဥပဒေကို လေးစားရမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဂျပန်သတင်းဌာန The Yomiuri Shimbun နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

နောက်တစ်ချက်ကလည်း ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး ဆက်လက်မေးမြန်းလိုခြင်းဖြစ်ပါတယ်။

ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စရပ်များအပေါ်ကို ဘယ်လိုမျိုးဖြေရှင်းဆောင်ရွက်ရမယ်လို့ အဆွေတော် အနေနဲ့ ထင်မြင်ပါသလဲ။ နောက်တစ်ချက်က မြန်မာအစိုးရအနေနဲ့ အဲ့ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့နေရာက လူထုတွေအပေါ် အဲ့ဒီနေရာနှင့်ပတ်သက်ပြီး ဘယ်လိုပြုမူဆောင်ရွက်သင့်လဲ၊ ပြီးတော့ ထွက်ပြေးသွားတဲ့ အဖွဲ့တွေ သူတို့နေရပ်ကို ပြန်လာဖို့အတွက် ဘယ်လိုဆောင်ရွက်သင့်သလဲ ဒီအချက်နဲ့ပတ်သက်ပြီး သိချင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အဖြစ်အပျက် ၂ ခုရှိတယ်ဗျ။ တစ်ခုကတော့ ဘင်္ဂါလီနဲ့ ပတ်သက်တဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖြစ်နေတဲ့ ဘင်္ဂါလီနဲ့ ပတ်သက်တဲ့ကိစ္စ၊ တစ်ခုက ရခိုင် ပြည်နယ်မှာဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေတချို့နဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ကိစ္စဖြစ်တယ်။ ကျွန်တော်ကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာဖြစ်နေတဲ့ ဘင်္ဂါလီကိစ္စကိုပဲ ကျွန်တော်ဖြေမယ်။ ဒီနေရာမှာလည်း ကျွန်တော်တို့က တော့ ဘင်္ဂါလီနဲ့ပတ်သက်ပြီးတော့ကာ ပြောတာတော့ နိုင်ငံသားပေးခြင်း မပေးခြင်း ပြဿနာတွေက နေစတာပေါ့လေ။ ဆိုတော့ ဒီနေရာမှာလည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ ဘင်္ဂါလီတွေကို ကျွန်တော်တို့က နိုင်ငံသား ဥပဒေအရ ကျွန်တော်တို့ နိုင်ငံသားပေးခြင်း၊ နိုင်ငံသားပြုခွင့်ပေးခြင်း၊ ဧည့်နိုင်ငံ သားပေးခြင်း ဒီလိုရှိပါတယ်။

ဒါတွေကတော့ ဒီဥပဒေအတိုင်း သွားရမှာပေါ့။ ဒီဟာကို ကျွန်တော်တို့အနေနဲ့ လက်ခံထားပြီးဖြစ်တယ်ဆိုတာ နားလည်ဖို့လိုတယ်။ ဒီနေရာမှာလည်း ဘင်္ဂါလီပြဿနာက အခုမှဖြစ်တာ မဟုတ်ဘူး။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အကြိမ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ပြဿနာတစ်ခုဖြစ်တယ်။ ဒါကိုလည်း ကျွန်တော်တို့ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်လည်း ဖြေရှင်းခဲ့တာတွေရှိပါတယ်။ အဲ့ဒီ တော့ ဒီပြဿနာကို တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ ဖြေရှင်းလာတဲ့အခါမှာ စောစောက ပြောတဲ့ ဘင်္ဂါလီတွေ ပြန်လက်ခံရေးမှာ နိုင်ငံသားပေးခြင်း မပေးခြင်းပြဿနာ တစ်ခုတည်းတင် မဟုတ်တော့ဘူး။ ဒါလွယ် လွယ်ကူကူပါပဲ၊ ဖြေရှင်းလို့ရတဲ့ကိစ္စပါပဲ၊ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ဘင်္ဂါလီတွေကို ပြန်လည်လက် ခံရေးနဲ့ပတ်သက်ပြီး လုပ်ငန်းစဉ်တွေ စမယ်ဆိုပြီးတော့ ကျွန်တော်တို့ မနှစ်ကတည်းက ပြောခဲ့တာပေါ့။ ဒါပေမဲ့ လွယ်လွယ်ကူကူနဲ့ လုပ်မယ့်ကိစ္စက လွယ်လွယ်ကူကူနဲ့ ဖြစ်မလာဘူး။ ဘာတွေဖြစ်လာလဲဆိုတော့ သူကတော့ အဓိကတော့ နိုင်ငံတကာ ဖိအားတွေပါလာတာလည်း ရှိတာပေါ့။

နောက်တစ်ခုကတော့ လူဦးရေ သိပ်သည်းမှု ပြဿနာလည်းရှိတယ်၊ ရာသီဥတုပြဿနာလည်းရှိတယ်၊ နေရာ ထိုင်ခင်း ပြဿနာလည်း ရှိတယ်၊ စားရေးသောက်ရေးပြဿနာတွေလည်း ရှိတယ်။ ဒီပြဿနာတွေအပေါ် မူတည်ပြီးတော့မှ ဘင်္ဂါလီတွေ ပြန်လက်ခံရေးကိစ္စဟာ ပိုပြီးတော့ ရှုပ်ထွေးလာတယ်လို့ ကျွန်တော်ပြောချင် တယ်။ ဒါကြောင့် ကျွန်တော်တို့ နံပါတ်တစ်အချက် အရေးကြီးဆုံးကတော့ နှစ်နိုင်ငံအစိုးရသဘောတူထားတဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်အားလုံးကို မြန်မြန်အကောင်အထည်ဖော်ခြင်းကတော့ အကောင်းဆုံးဖြစ်မယ် လို့ ကျွန်တော်က ပြောလိုတယ်။

ကျွန်တော်တို့ဘက်က လုပ်နိုင်တာတွေ အကုန်လုံးလုပ်ပေးနေတယ်။ အစိုးရလုပ်တာ ကျွန်တော်တို့ သိတာပေါ့။ ကျွန်တော်တို့ ဘက်ကလည်း အကူအညီပေးနေတာပဲ။ အဲ့ဒီတော့ အဓိကကတော့ သက်ဆိုင်ရာနိုင်ငံဘက်က လည်း ဒါကို မြန်မြန်ဆွေးနွေး အကောင်အထည်ဖော်နိုင်ဖို့ အတွက်လည်း အပြုသဘောဆောင်တဲ့ ကြိုးစား ဆောင်ရွက်မှုတွေကိုဖြစ်စေချင်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ ပြဿနာကြီးထွားအောင် လုပ်နေတယ်ဆိုရင်တော့ ပိုပြီး တော့မှ ခက်ခဲလာမှာဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော် ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ပတ်သက်ပြီး အိမ်နီးချင်းနှစ်နိုင်ငံရှိပါတယ်။ အိနိ်္ဒယရှိတယ်၊ မြန်မာရှိတယ်၊ အိနိ်္ဒယမှာလည်း တချို့ပြည် နယ်တွေမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက တချို့သွားရောက်နေထိုင်တဲ့ ပြဿနာတွေရှိလို့ အရေးယူဆောင်ရွက် တာတွေရှိတယ်။

အိနိ်္ဒယနိုင်ငံအစိုးရ ကြေညာခဲ့တာတွေ အများကြီးရှိတာပေါ့။ ဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ဒီပြဿနာတွေ ရင် ဆိုင်နေရတာပေါ့၊ အဲ့ဒီတော့ အခြေခံဖြစ်တဲ့ အခြေခံအကြောင်းက အတူတူပဲ။ ဒါပေမဲ့ နိုင်ငံတကာက တုံ့ပြန်မှု ကျတော့ မတူဘူးဖြစ်တယ်။ ဒါလည်း တစ်မျိုးပဲလို့ ကျွန်တော်ပြောချင်တယ်။ နောက်တစ်ခုကလည်း ကျွန်တော် တို့ ဒီလူတွေကို လက်ခံပါ၊ လက်ခံဖို့ပြောတိုင်းလည်း ဘယ်နိုင်ငံမှ လက်ခံမှာမဟုတ်ဘူး၊ ကျွန်တော်တို့ ဒေသမှာ တင်မဟုတ်ဘူး။ ဥရောပမှာလည်း ပြဿနာတွေအများကြီးဖြစ်နေတာရှိတယ်၊ မြန်မာနိုင်ငံကလည်း မြန်မာနိုင် ငံရဲ့ ဥပဒေအရ လက်ခံသင့် လက်ခံထိုက်တဲ့၊ ရှိသင့်ရှိထိုက်တဲ့ ပုဂိ်္ဂုလ်၊ သူတို့တင်မဟုတ်ပါဘူး။ ကျွန်တော် တို့နိုင်ငံနားမှာ အိမ်နီးနားချင်းနိုင်ငံ အိနိ်္ဒယလည်းရှိတယ်၊ တရုတ်လည်း ရှိတယ်၊ ထိုင်းလည်းရှိတယ်၊ လာအို လည်း ရှိတယ်၊ ဘင်္ဂလားဒေ့ရှ် ရှိတယ်၊ ၅ နိုင်ငံရှိတယ်၊ အဲ့တော့ သူတို့ ဒီအိမ်နီးနားချင်းနယ်စပ် ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေမှာလည်း ဥပဒေနဲ့ ညီညွတ်တယ်ဆိုလို့ရှိရင် ကျွန်တော်တို့တွေ အနေနဲ့လည်း ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ဖို့ မဆောင်ရွက်နိုင် စရာအကြောင်းမရှိဘူးလို့ ကျွန်တော် ပြောလိုတယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ ဥပဒေကိုတော့ လေးစားရမယ်ဗျ။ မလေးစားဘဲနဲ့တော့ မဖြစ်ဘူးဟု ပြောဆိုခဲ့သည်။


Share this post