• Follow Us on

Home ဘဂၤါလီကေလးငယ္ေတြကို ပညာသင္ေပးႏိုင္ေအာင္ ယူနီဆက္ကိုခြင့္ျပဳဖို႔ ဘဂၤလားေဒ့႐ွ္သေဘာတူ

ဘဂၤါလီကေလးငယ္ေတြကို ပညာသင္ေပးႏိုင္ေအာင္ ယူနီဆက္ကိုခြင့္ျပဳဖို႔ ဘဂၤလားေဒ့႐ွ္သေဘာတူ

Share this post

ေကာ့က္ဘဇား၊ ဇန္နဝါရီ – ၂၉

ျမန္မာသင္႐ိုးၫႊန္းတမ္းကိုအေျခခံၿပီး အသက္ ၁၄ ႏွစ္အ႐ြယ္အထိ႐ွိတဲ့ ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟု ေဖာ္ ျပထား) ကေလးငယ္ေတြကို နည္းက်လမ္းက်ပညာသင္ၾကားေပးႏိုင္ေအာင္ ကုလသမဂၢကေလးမ်ား ရန္ပံု ေငြအဖြဲ႕(ယူနီဆက္ဖ္) ကို ခြင့္ျပဳဖို႔ ပထမဆံုးအႀကိမ္သေဘာတူခဲ့တယ္ဆိုၿပီး အရာ႐ွိေတြက အဂၤါေန႔မွာ ေျပာပါတယ္။

အစီအစဥ္ေတြအျပည့္အစံုမၿပီးေသးေပမဲ့စခန္းနယ္နိမိတ္ေတြထဲမွာပဲ ဘဂၤါလီ (မူရင္းတြင္ ႐ိုဟင္ဂ်ာဟု ေဖာ္ျပ ထား) ကေလးငယ္ေတြသင္ၾကားရမွာျဖစ္ၿပီး ဘဂၤလားေဒ့႐ွ္ကေလးငယ္ေတြနဲ႔အတူတူ စာသင္ရမွာမဟုတ္ဘူး လို႔ ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာန၊ ေတာင္အာ႐ွေရးရာဌာနၫႊန္ၾကားေရးမွဴးခ်ဳပ္ အမ္ဒီဒယ္ဝါ ဟူစိန္က ေျပာပါတယ္။

ဘဂၤလားေဒ့႐ွ္ႏိုင္ငံအေ႐ွ႕ေတာင္ပိုင္းက ဒုကၡသည္စခန္းေတြမွာ႐ွိတဲ့ ဘဂၤါလီ (မူရင္းတြင္႐ိုဟင္ဂ်ာဟု ေဖာ္ျပ ထား) ကေလးငယ္ ၁၀၀၀၀ ေက်ာ္ကို နည္းက်လမ္းက်ပညာသင္ေပးမယ့္ ေ႐ွ႕ေျပးစီမံကိန္းအတြက္ ယူနီ ဆက္ဖ္ အဆိုျပဳသြားမယ္လို႔ ေမွ်ာ္မွန္းရပါတယ္။

ဒါေပမဲ့ ေနာက္ထပ္ကေလးသိန္းခ်ီပါ၀င္လာေအာင္ အစီအစဥ္ကို ဘယ္လိုခ်ဲ႕ထြင္မလဲဆိုတာေတာ့ မ႐ွင္းလင္း ေသးပါဘူး။ ျမန္မာႏိုင္ငံနယ္စပ္မွာ တည္ေဆာက္ထားၿပီးသား ေလ့လာေရးစင္တာငယ္ ၃၆၀၀ ထဲက ၂၅၀၀ အတြက္ ယူနီဆက္ဖ္က ေထာက္ပံ့ေပးထားတယ္လို႔ ယူနီဆက္ဖ္ဆက္သြယ္ေရးအရာ႐ွိအာမက္ ေခ်ာင္ဟူရီက ေျပာပါတယ္။ ဆရာနဲ႔ ႐ိုဟင္ဂ်ာေစတနာ့၀န္ထမ္း အေယာက္ ၅၀၀၀ေလာက္က ကေလး ၂၆၀၀၀၀ ကို ပညာ သင္ေပးမယ့္အားထုတ္မႈကို ယူနီဆက္ဖ္က ၿပီးခဲ့တဲ့တစ္ပတ္က သတင္းထုတ္ျပန္ခ်က္မွာထုတ္ျပန္ခဲ့ပါတယ္။ ယူနီဆက္ဖ္ရဲ႕အေျပာအရ စခန္းေတြမွာေနၾကတဲ့ေဒသခံ ၅၀၀၀၀၀ ေလာက္ဟာ အသက္ ၁၈ ႏွစ္ေအာက္ ကေလးငယ္ေတြျဖစ္ၿပီး အဲဒီထဲကအမ်ားစုဟာ အသက္ ၃ ႏွစ္နဲ႔ ၁၄ ႏွစ္ၾကားအမ်ားစုျဖစ္ပါတယ္။

ဘဂၤါလီကေလးငယ္ေတြကိုပညာသင္ေပးႏိုင္ေအာင္ ႏိုင္ငံတကာအစိုးရမဟုတ္တဲ့အဖြဲ႕ေတြကို ၀င္ေရာက္ခြင့္ မေပးဘူးလို႔ ဘဂၤလားေဒ့႐ွ္အစိုးရကို လူ႔အခြင့္အေရးအဖြဲ႕ေတြက ၂၀၁၉ ခုႏွစ္ကုန္မွာေ၀ဖန္ခဲ့ၿပီးေနာက္ အခုလိုစီစဥ္ေနတာပါ။ အခုအစီအစဥ္ကို လူ႔အခြင့္အေရးအဖြဲ႕ေတြကလည္း ခ်ီးက်ဴးေျပာဆိုေနၾကပါတယ္။

Source – Benar News

Photo – Sharif Khiam/BenarNews #Bengalis #Education #UNICEF

#PeopleMedia

(Unicode)
ဘင်္ဂါလီကလေးငယ်တွေကို ပညာသင်ပေးနိုင်အောင် ယူနီဆက်ကိုခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ်သဘောတူ
……………………………………………………………

ကော့က်ဘဇား၊ ဇန်နဝါရီ – ၂၉

မြန်မာသင်ရိုးညွှန်းတမ်းကိုအခြေခံပြီး အသက် ၁၄ နှစ်အရွယ်အထိရှိတဲ့ ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟု ဖော် ပြထား) ကလေးငယ်တွေကို နည်းကျလမ်းကျပညာသင်ကြားပေးနိုင်အောင် ကုလသမဂ္ဂကလေးများ ရန်ပုံ ငွေအဖွဲ့(ယူနီဆက်ဖ်) ကို ခွင့်ပြုဖို့ ပထမဆုံးအကြိမ်သဘောတူခဲ့တယ်ဆိုပြီး အရာရှိတွေက အင်္ဂါနေ့မှာ ပြောပါတယ်။

အစီအစဉ်တွေအပြည့်အစုံမပြီးသေးပေမဲ့စခန်းနယ်နိမိတ်တွေထဲမှာပဲ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ ထား) ကလေးငယ်တွေသင်ကြားရမှာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ကလေးငယ်တွေနဲ့အတူတူ စာသင်ရမှာမဟုတ်ဘူး လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ တောင်အာရှရေးရာဌာနညွှန်ကြားရေးမှူးချုပ် အမ်ဒီဒယ်ဝါ ဟူစိန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ဘင်္ဂါလီ (မူရင်းတွင်ရိုဟင်ဂျာဟု ဖော်ပြ ထား) ကလေးငယ် ၁၀၀၀၀ ကျော်ကို နည်းကျလမ်းကျပညာသင်ပေးမယ့် ရှေ့ပြေးစီမံကိန်းအတွက် ယူနီ ဆက်ဖ် အဆိုပြုသွားမယ်လို့ မျှော်မှန်းရပါတယ်။

ဒါပေမဲ့ နောက်ထပ်ကလေးသိန်းချီပါဝင်လာအောင် အစီအစဉ်ကို ဘယ်လိုချဲ့ထွင်မလဲဆိုတာတော့ မရှင်းလင်း သေးပါဘူး။ မြန်မာနိုင်ငံနယ်စပ်မှာ တည်ဆောက်ထားပြီးသား လေ့လာရေးစင်တာငယ် ၃၆၀၀ ထဲက ၂၅၀၀ အတွက် ယူနီဆက်ဖ်က ထောက်ပံ့ပေးထားတယ်လို့ ယူနီဆက်ဖ်ဆက်သွယ်ရေးအရာရှိအာမက် ချောင်ဟူရီက ပြောပါတယ်။ ဆရာနဲ့ ရိုဟင်ဂျာစေတနာ့ဝန်ထမ်း အယောက် ၅၀၀၀လောက်က ကလေး ၂၆၀၀၀၀ ကို ပညာ သင်ပေးမယ့်အားထုတ်မှုကို ယူနီဆက်ဖ်က ပြီးခဲ့တဲ့တစ်ပတ်က သတင်းထုတ်ပြန်ချက်မှာထုတ်ပြန်ခဲ့ပါတယ်။ ယူနီဆက်ဖ်ရဲ့အပြောအရ စခန်းတွေမှာနေကြတဲ့ဒေသခံ ၅၀၀၀၀၀ လောက်ဟာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေဖြစ်ပြီး အဲဒီထဲကအများစုဟာ အသက် ၃ နှစ်နဲ့ ၁၄ နှစ်ကြားအများစုဖြစ်ပါတယ်။

ဘင်္ဂါလီကလေးငယ်တွေကိုပညာသင်ပေးနိုင်အောင် နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့တွေကို ဝင်ရောက်ခွင့် မပေးဘူးလို့ ဘင်္ဂလားဒေ့ရှ်အစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေက ၂၀၁၉ ခုနှစ်ကုန်မှာဝေဖန်ခဲ့ပြီးနောက် အခုလိုစီစဉ်နေတာပါ။ အခုအစီအစဉ်ကို လူ့အခွင့်အရေးအဖွဲ့တွေကလည်း ချီးကျူးပြောဆိုနေကြပါတယ်။

Source – Benar News

Photo – Sharif Khiam/BenarNews #Bengalis #Education #UNICEF

#PeopleMedia


Share this post