• Follow Us on

Home ဘင်္ဂါလီအသိုက်အဝန်းအတွက် တရားမျှတမှုမရသေးဟု တက်ကြွလှုပ်ရှားသူများပြော

ဘင်္ဂါလီအသိုက်အဝန်းအတွက် တရားမျှတမှုမရသေးဟု တက်ကြွလှုပ်ရှားသူများပြော

Share this post

ဒါကာ၊ ဇန်နဝါရီ ၂၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာတရားရုံး(အိုင်စီဂျေ)၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ၁၉၄၈ ခုနှစ်၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာပဋိညာဉ်စာချုပ်အရ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့်တရားစွဲရုံမျှဖြင့် ဒုက္ခသည်စခန်းများတွင်နေထိုင်ရသည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)အသိုက်အဝန်းကို မေ့ပစ်ရန်မသင့်ကြောင်း အွန်လိုင်းနှီးနှောဖလှယ်ပွဲတခုတွင် ပါဝင်ဆွေးနွေးသူများကပြောသည်။

တရားမျှတမှုမရသေးသည့်တချိန်တည်းတွင် စခန်းများတွင်နေထိုင်ကြသော ဘင်္ဂါလီဒုက္ခသည်များသည် ဂုဏ်သိက္ခာရှိသောဘဝရရန်လည်း လိုအပ်နေသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကိုကာကွယ်ရန် ယာယီအစီအမံများပြုလုပ်ရေး အိုင်စီဂျေကအမိန့်ချခဲ့ခြင်း ၁ နှစ်ပြည့်အနေဖြင့် “Rohingya Genocide in Myanmar: A Path Forward to a Solution to The Crisis,” ခေါင်းစဉ်ဖြင့် ကြာသပတေးနေ့တွင် အာရကန်ရိုဟင်ဂျာအဖွဲ့(ARU)က ဦးဆောင်ကျင်းပသည့်အွန်လိုင်းနှီးနှော ဖလှယ်ပွဲတွင် ပြောခြင်းဖြစ်သည်။

အိုင်စီဂျေအမှုဖြစ်စဉ်သည် အချိန်ကြာမည်ဖြစ်ပြီး ထိုအချိန်အတွင်း ဘင်္ဂါလီအသိုက်အဝန်းကိုမေ့မထား သင့်ကြောင်း၊ အစိုးရအဖွဲ့များအနေနှင့် သူတို့ကိုကူညီရန် ဖိအားပေးသင့်ကြောင်း လူမျိုးတုန်းသတ်ဖြတ်မှု စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဂရီဂိုရီ စတန်တွန်ကပြောသည်။

၁၉၄၈ ခုနှစ်၊ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာပဋိညာဉ်စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့်နိုင်ငံများအနေဖြင့် ကတိကဝတ်အတိုင်းရပ်တည်သင့်ကြောင်း ဂမ်ဘီယာနိုင်ငံ၏တရားရေးဝန်ကြီး ဒေါ်ဒါ ဂျယ်လိုကပြောသည်။

ထွက်ပြေးစေရန်အတင်းအကြပ်တိုက်တွန်းခံခဲ့ရသည့်ဘင်္ဂါလီများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံခဲ့ ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်သည် မြန်မာနိုင်ငံ၏ထပ်ကာထပ်ကာခွဲခြားဆက်ဆံမှုမူဝါဒ၏သားကောင်ဖြစ်နေ သည်ဟု ကုလသမဂ္ဂဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံ၏အမြဲတမ်းကိုယ်စားလှယ် ရာဘတ် ဖာတီမာကလည်း ပြောသည်။

အာရကန်တွင်ကြီးပြင်းခဲ့ပြီးကျောင်းတက်ခဲ့ကြောင်းနှင့် ထိုနယ်မြေတွင် ယခုအခြေအနေရောက်မည်ဟု မတွေး ခဲ့ဖူးကြောင်း ပန်ဆယ်ဗေးနီးယားပြည်နယ်တက္ကသိုလ်၏ပါမောက္ခနှင့် ARU ညွှန်ကြားရေးမှူးချုပ် ဝါကာ အူဒင်ကပြောသည်။

Ref : Webinar: Justice yet to be served for Rohingya community

#PeopleMedia

(unicode)
………………………………………………









Ref : Webinar: Justice yet to be served for Rohingya community

#PeopleMedia


Share this post