• Follow Us on

Home ဘင်္ဂါလီအရေးတွင် မြန်မာနိုင်ငံကို အစ္စရေး ပြင်းပြင်းထန်ထန် ရှုတ်ချ


Share this post

ဘင်္ဂါလီမူဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ နိုင်ငံတကာတရားခုံရုံးမှာ တရားရင်ဆိုင်ရဖို့ရှိနေတဲ့ မြန်မာနိုင်ငံကို မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်က ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂါလီတွေအပေါ် မြန်မာနိုင်ငံရဲ့ ဆက်ဆံမှုကို ဝေဖန်ရှုတ်ချလိုက်ပါတယ်။






(Unicode)
ဘင်္ဂါလီအရေးတွင် မြန်မာနိုင်ငံကို အစ္စရေး ပြင်းပြင်းထန်ထန် ရှုတ်ချ
…………………………………………………………

ဘင်္ဂါလီမူဆလင်များကို လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ နို်င်ငံတကာတရားခုံရုံးမှာ တရားရင်ဆိုင်ရဖို့ရှိနေတဲ့ မြန်မာနိုင်ငံကို မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်က ဆုတောင်းစကားပြောကြားခဲ့ပြီးနောက် အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂါလီတွေအပေါ် မြန်မာနိုင်ငံရဲ့ ဆက်ဆံမှုကို ဝေဖန်ရှုတ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် ရိုနင်ဂျီလာဟာ တွစ်တာကတဆင့် မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး မှာ ကံကောင်းဖို့ ဆုတောင်းပေးခဲ့တာကို အစ္စရေးသတင်းမီဒီယာတွေက စုံစမ်းဖော်ပြလာပြီးနောက် ဂျီလာဟာ တွစ်တာမှာ တင်ထားတဲ့ ပို့စ်ကို ပြန်ဖျက်ခဲ့ပါတယ်။

ကြာသပတေးနေ့မှာတော့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက တွစ်တာမှာ ရေးသားမှုဟာ အမှားအယွင်းတစ်ခု သာဖြစ်ပြီး ချက်ချင်းပြန်လည်ပြင်ဆင်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီများအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း အစ္စရေးနိုင်ငံအနေနဲ့ ပြင်းပြင်းထန် ထန် ရှုတ်ချကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

Ref; https://www.timesofisrael.com/

#PeopleMedia #International


Share this post