• Follow Us on

Home စစ်ဦးစီးချုပ် မြန်မာနိုင်ငံသို့ လည်ပတ်ခြင်းက နိုင်ငံအတွက်ကောင်းဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား


Share this post





Ref; thedailystar


(Unicode)
စစ်ဦးစီးချုပ် မြန်မာနိုင်ငံသို့ လည်ပတ်ခြင်းက နိုင်ငံအတွက်ကောင်းဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
………………………………………………

ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ် မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ကောင်းပြီး နှစ်နိုင်ငံကြား ဘင်္ဂါလီများနေရပ်ပြန်ပို့ရေး ဆွေးနွေးညှိနှိုင်းမှုအတွက် နောက်ထပ်အခန်းကဏ္ဍတစ်ရပ်ကို လမ်းပွင့်စေမှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေကေ အက်ဒူ မိုမန်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ရန်သူမဟုတ်ဘဲ မိတ်ဆွေသာဖြစ်ပြီး မြန်မာနိုင်ငံမှာ ၄င်းတို့စစ်တပ်ဟာ နိုင်ငံရဲ့ အဓိကအခန်းကဏ္ဍတစ်ခုက ပါဝင်နေတယ်လို့ ဒေါက်တာ မိုမန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ဟာ လာမယ့်လအတွင်း မြန်မာနိုင်ငံကို သွားရောက်လည်ပတ်မှာဖြစ်ပြီး နှစ်နိုင်ငံကြားဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ပြောကြားထားပါတယ်။

ဘင်္ဂါလီပြဿနာကို မြန်မာနိုင်ငံက ဖန်တီးခဲ့တာဖြစ်ပြီး ၄င်းကိုဖြေရှင်းဖို့ မြန်မာနိုင်ငံပေါ်မှာသာ မူတည်နေ တယ်လို့လည်း မိုမန်က ပြောကြားခဲ့ပါတယ်။

Ref; thedailystar

#PeopleMedia #International


Share this post