• Follow Us on

Home ဘယ်လာရုစ်နိုင်ငံ ပိုလန်နယ်စပ်အနီး စစ်ရေးလေ့ကျင့်နေစဉ် ရုရှားစစ်သည်နှစ်ဦး သေဆုံး

ဘယ်လာရုစ်နိုင်ငံ ပိုလန်နယ်စပ်အနီး စစ်ရေးလေ့ကျင့်နေစဉ် ရုရှားစစ်သည်နှစ်ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၃ (People Media)

 

ရုရှားတပ်ဖွဲ့ဝင်များနှင့် ဘယ်လာရုစ်တပ်ဖွဲ့ဝင်များ နိုဝင်ဘာလ ၁၂ ရက်နေ့က ဘယ်လာရုစ်နိုင်ငံအနောက်ပိုင်း ပိုလန်နယ်စပ်အနီးတွင် လေကြောင်းချီစစ်ရေးလေ့ကျင့်မှုပြုလုပ်နေစဉ်အတွင်း ရုရှားစစ်သည်နှစ်ဦးသေဆုံးခဲ့ ကြောင်း သိရသည်။

 

စစ်ရေးလေ့ကျင့်နေသည့်စစ်သည်များ လေထီးခုန်နေစဉ်အတွင်း ရုတ်တရုတ်လေပြင်းတိုက်ခတ်လာပြီး လေထီး မပွင့်သဖြင့် ရုရှားစစ်သည်နှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

 

“ဆရာဝန်တွေ အစွမ်းကုန်ကြိုးစားကုသပေမဲ့လည်း ရုရှားစစ်သည်နှစ်ဦးဟာ ရရှိထားတဲဒဏ်ရာတွေနဲ့ သေဆုံး သွားခဲ့ပါတယ်။” ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင်ဖော်ပြထားသည်။

 

သေဆုံးခဲ့သည့်စစ်သည်နှစ်ဦးမှာ ဘယ်လာရုစ်တပ်ဖွဲ့ဝင်များနှင့်အတူ သောကြာနေ့က စစ်ရေးလေ့ကျင့်မှုတွင်ပါ ဝင်လေ့ကျင့်ခဲ့ကြသည့် ရုရှားလေထီးစစ်သည် ၂၅၀ ပါဝင်သောအုပ်စုထဲမှာ စစ်သည်များဖြစ်သည်။

 

စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်ခဲ့သော ရုရှားလေထီးစစ်သည်များ သည် ရုရှားနိုင်ငံရှိ ၎င်းတို့တပ်ရင်းများဆီသို့ ပြန် လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း ယခုကြေညာချက်ထွက်ပေါ်မလာမီအချိန်က ရုရှားကြည်းတပ်က ကြေညာ ခဲ့သည်။

 

ရုရှား IL-76 စစ်သည်သယ်ယူပို့ဆောင်ရေးလေယာဉ်များနှင့် ဘယ်လာရုစ်စစ်သည်များကို တင်ဆောင်ထား သောရဟတ်ယာဉ်များသည် ဂရော့နိုဒေသစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်လေ့ကျင့်ကြမည်ဖြစ်ကြောင်း ဘယ်လာ ရုစ်နိုင်ငံက ကြေညာထားသည်။

 

ဒေသတွင်း ဘယ်လာရုစ်နိုင်ငံနှင့် ဥရောပသမဂ္ဂတို့ကြား တင်းမာမှုများမြင့်တက်လာစဉ်အတွင်း ယခုစစ်ရေးလေ့ ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

Ref: Two Russian paratroopers die in Belarus during joint exercises near Polish border

 

#PeopleMedia

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Two Russian paratroopers die in Belarus during joint exercises near Polish border

 

#PeopleMedia


Share this post