• Follow Us on

Home ဘာလီဗံုးခြဲမႈႏွင့္ဆက္စပ္သည့္ထိပ္တန္းအစၥလာမ္မစ္စစ္ေသြးႂကြကို အင္ဒိုနီး႐ွားရဲတပ္ဖြဲ႕ဖမ္းဆီး

ဘာလီဗံုးခြဲမႈႏွင့္ဆက္စပ္သည့္ထိပ္တန္းအစၥလာမ္မစ္စစ္ေသြးႂကြကို အင္ဒိုနီး႐ွားရဲတပ္ဖြဲ႕ဖမ္းဆီး

Share this post

ဂ်ာကာတာ၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
၂၀၀၂ ခုႏွစ္က လူ ၂၀၀ ေက်ာ္ေသဆံုးခဲ့သည့္ဘာလီကၽြန္းေပၚတြင္ဗံုးခြဲမႈေနာက္ကြယ္မွ အယ္ေကးဒါးအဖြဲ႕ႏွင့္ ဆက္စပ္သည့္ ဂ်ီမားအစၥလာမီယာထိပ္တန္းေခါင္းေဆာင္ ၂ ေယာက္ထဲမွ ၁ ေယာက္ကို ဖမ္းဆီးရမိသည္ဟု အင္ဒိုနီး႐ွားရဲတပ္ဖြဲ႔ကေျပာသည္။
 
ဂ်ီမားအစၥလာမီယာ အဖြဲ႔က အေ႐ွ႕ေတာင္အာ႐ွတြင္ အစၥလာမ္မစ္ႏိုင္ငံေတာ္တည္ေထာင္ရန္ရည္မွန္းထား သည္။
 
ဘာလီတိုက္ခိုက္မႈကိုစီမံၫႊန္ၾကားထဲသူမ်ားထဲမွတေယာက္ျဖစ္သည့္ ဇူကာနမ္ကို ၾကာသပေတးေန႔တြင္ အၾကမ္းဖက္မႈႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔က ဖမ္းဆီးရမိခဲ့သည္။
 
ခုခံမႈေတြ႕ႀကံဳရျခင္းမ႐ွိဟုလည္း ထုတ္ျပန္သည္။
 
ဖမ္းဆီးခံရသူတြင္ တရားဥပေဒအရခုခံပိုင္ခြင့္႐ွိ၊ မ႐ွိ သိရျခင္းမ႐ွိေသးေခ်။
 
ဂ်ီမားအစၥလာမီယာ အဖြဲ႔၏ေခါင္းေဆာင္ေဟာင္း ပါရာ ဝီဂ်ာယန္တိုကို ၂၀၁၉ ခုႏွစ္တြင္ ဖမ္းဆီးရမိခဲ့သည္။
 
ဇူကာနမ္ ဖမ္းခံရျခင္းေၾကာင့္ ဂ်ီမားအစၥလာမီယာ၏လႈပ္႐ွားမႈမ်ားအားေပ်ာ့သြားႏိုင္သလို လက္စားေခ်ရန္ သို႔မဟုတ္ သူတို႔ရပ္တည္ခ်က္ကိုသက္ေသျပရန္ တိုက္ခိုက္မႈမ်ားျပန္လည္လုပ္ေဆာင္ႏိုင္ေၾကာင္းလည္း လံုၿခံဳေရးအကဲခတ္ စတာနီဆေလာ့ ရီယန္တာက သတိေပးသည္။
 
Ref : Indonesian police arrest top Islamist militant linked to Bali bombings
 
#PeopleMedia
 
(unicode)
ဘာလီဗုံးခွဲမှုနှင့်ဆက်စပ်သည့်ထိပ်တန်းအစ္စလာမ်မစ်စစ်သွေးကြွကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ဖမ်းဆီး
…………………………………………
 
ဂျာကာတာ၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
၂၀၀၂ ခုနှစ်က လူ ၂၀၀ ကျော်သေဆုံးခဲ့သည့်ဘာလီကျွန်းပေါ်တွင်ဗုံးခွဲမှုနောက်ကွယ်မှ အယ်ကေးဒါးအဖွဲ့နှင့် ဆက်စပ်သည့် ဂျီမားအစ္စလာမီယာထိပ်တန်းခေါင်းဆောင် ၂ ယောက်ထဲမှ ၁ ယောက်ကို ဖမ်းဆီးရမိသည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့ကပြောသည်။
 
ဂျီမားအစ္စလာမီယာ အဖွဲ့က အရှေ့တောင်အာရှတွင် အစ္စလာမ်မစ်နိုင်ငံတော်တည်ထောင်ရန်ရည်မှန်းထား သည်။
 
ဘာလီတိုက်ခိုက်မှုကိုစီမံညွှန်ကြားထဲသူများထဲမှတယောက်ဖြစ်သည့် ဇူကာနမ်ကို ကြာသပတေးနေ့တွင် အကြမ်းဖက်မှုနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
 
ခုခံမှုတွေ့ကြုံရခြင်းမရှိဟုလည်း ထုတ်ပြန်သည်။
 
ဖမ်းဆီးခံရသူတွင် တရားဥပဒေအရခုခံပိုင်ခွင့်ရှိ၊ မရှိ သိရခြင်းမရှိသေးချေ။
 
ဂျီမားအစ္စလာမီယာ အဖွဲ့၏ခေါင်းဆောင်ဟောင်း ပါရာ ဝီဂျာယန်တိုကို ၂၀၁၉ ခုနှစ်တွင် ဖမ်းဆီးရမိခဲ့သည်။
 
ဇူကာနမ် ဖမ်းခံရခြင်းကြောင့် ဂျီမားအစ္စလာမီယာ၏လှုပ်ရှားမှုများအားပျော့သွားနိုင်သလို လက်စားချေရန် သို့မဟုတ် သူတို့ရပ်တည်ချက်ကိုသက်သေပြရန် တိုက်ခိုက်မှုများပြန်လည်လုပ်ဆောင်နိုင်ကြောင်းလည်း လုံခြုံရေးအကဲခတ် စတာနီဆလော့ ရီယန်တာက သတိပေးသည်။
 
Ref : Indonesian police arrest top Islamist militant linked to Bali bombings
 
#PeopleMedia

Share this post