• Follow Us on

Home ဘီးလင်းမြို့၌ လက်လုပ်မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ရာ အမျိုးသားတစ်ဦး သေဆုံး

ဘီးလင်းမြို့၌ လက်လုပ်မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ရာ အမျိုးသားတစ်ဦး သေဆုံး

Share this post

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ (People Media)

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဘီးလင်း-နတ်ကြီး-ဖာပွန်လမ်းမ၊ တံတားအနီး၌ ယနေ့ နံနက်ပိုင်းက လက်လုပ်မိုင်း ထောင်စဉ် ပေါက်ကွဲမှုဖြစ်ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

 

လက်လုပ်မိုင်းထောင်စဉ် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး သေဆုံးခဲ့သောနေရာသည် ဘီးလင်းမြို့အထွက်၊ ဘီးလင်း-နတ်ကြီး-ဖာပွန်လမ်းမ တစ်မိုင်လေးဖာလုံရှိ တံတားအနီးဖြစ်သည်။

 

“ဖြစ်စဉ်မှန်ပါတယ်။ မိုင်းတောင်စဉ် ပေါက်ကွဲသွားတာပါ။ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားပါတယ်” လို့ မြို့ခံ တစ်ဦးက ပြောသည်။

 

အလားတူ ဖေဖော်ဝါရီ ၁ ရက်နေ့က ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ လက်လုပ်ဗုံးများ သယ်ဆောင်လာသည့် ယာဉ်သည် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား ၃ ဦး အနက် ၂ ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သလို ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦး ကွယ်လွန်ခဲ့သည်။

 

#PeopleMedia #ဘီးလင်းမြို့

 

(unicode)


………………………………………………………….

 


 


 


 


 


 



Share this post